ကိုယ်တို့ နေတဲ့ အိမ်ရာဝင်းထဲမှာတော့ ဓာတ်ကြိုးတွေက မြေအောက်ကနေ သွယ်ပေးထားတာမို့ အိမ်ရာဝင်း ထဲမှာ ဓာတ်တိုင် လုံးဝ မရှိပါဘူး။
(ရွှေမြန်မာမှာလည်း လှိုင်သာယာ – ပန်းလှိုင် အိမ်ရာမှာ ဓာတ်ကြိုးတွေ မြေအောက်ကနေ သွယ်ထားတာမို့ ဒီလိုမျိုး ဓာတ်တိုင်တွေ ဓာတ်ကျိုးတွေ မမြင်ရပါဘူး။)
နှင်းကျတဲ့ ထု က ၁ပေ ကျော်တာမို့ သစ်ပင်က သစ်ရွက်တွေပေါ်မှာပါ … သစ်ပင် တခုလုံး စနိုးတွေ တင်ပီး စနိုးတွေ ခဲနေတော့ ဒီလို သစ်ပင်မှ မပြိုလဲရင် ဘယ်သစ်ပင်က ပြိုလဲမှာလဲး။
တချို့ သစ်ပင်ကြီးတွေတောင် အမြစ်ကနေ ကျွတ်ထွက်သွားတာ။
ပုံမှန် ဒီဇင်ဘာ winter ရာသီဥတု ဆိုရင် သစ်ပင်တွေက သစ်ရွက်တွေ မရှိတော့ပဲ သစ်ကိုင်းခြောက်ပဲ ကျန်နေမှာ။ ဒီလို သစ်ကိုင်းခြောက်ပေါ် စနိုးတင်လည်း ခပ်ပါးပါးပဲမို့ တော်ရုံ သစ်ပင်က လဲကျစရာ အကြောင်းမရှိပါဘူး။
စနိုးကျုံးတဲ့ ကားတွေက နှင်းမုန်တိုင်း ကျနေတဲ့ ညလုံးပေါက်ကို လျှပ်စစ်မီး မရှိလည်း လမ်းတွေ ရှင်းထားတာမို့ ကားလမ်းမပေါ်မှာ စနိုး တစက်မှကို မရှိတာပါ။
အောက်တိုဘာ ၂၉ နေ့လည် ၁နာရီကနေ စပီး နှင်းမိုး စရွာနေပါပြီ။ ညနေ ၄ နာရီမှာ မီးစပျက်သွားတယ်။ နှင်းမိုး ရွာတုန်းက လေ မ ပါ ပါဘူး။ လေရော၊ နှင်းရော၊ မိုးရော ဆို ဒီထက် ပိုဆိုးမှာပါ။
စနိုးမုန်တိုင်း မတိုင်ခင်က လူတွေ ပိုက်ဆံ သိပ်မသုံးကျဘူး။ မုန်တိုင်းလည်း ပီးရော စားသောက်ဆိုင်၊ ဈေးဆိုင်၊ အကုန်လုံးပဲ လူတွေ များမှ များ။ သုံးလိုက်ကျတာ အရမ်းပဲ။
အခုလည်း မီးတွေ ပြန်လာတော့ ရေခဲသေတာ ထဲ အစကနေ အသစ် ပြန်ဖြည့်ဖို့ ၀ယ်လိုက်ကျတာ ဈေးတွေမှာ .. ပိုက်ဆံတခါရှင်းဖို့ counter မှာ တန်းစီရတာ အကြာကြီးပဲ။
ဓာတ်တိုင်က လမ်းမပေါ် ကျချင်တာ ဓာတ်ကျိုးတွေက ကာထားလို့ ပြုတ်မကျလာတာ။ စနိုးမုန်တိုင်း တိုက်တဲ့ အချိန် လမ်းမပေါ်မှာ ကားတွေ ရှင်းလို့ တော်သေးတယ်။ အဲဒီ လမ်းပေါ်မှာ ကားမောင်းတဲ့ လူတွေ မုန်တိုင်းအချိန်တုန်းက မလွယ်ဘူးဘဲ။
( Weather alert က ၉ ရက် (သို့) ၅ရက် (သို့) အနည်းဆုံး ၃ ရက်လောက် ကြို သတိပေးပါတယ် )
ဒီသစ်တုံးတွေက ဒီကလူတွေ ကိုယ်ထူကိုယ်ထ ခုတ်ထစ် ပိုင်းဖြတ်ထားသော သစ်လုံးပုံများပါ။ Line man များက private company က ၀န်ထမ်းတွေမို့ စတိတ်မှာ တောင်တွေ ဘက်ခြမ်းနဲ့ နီးတဲ့ ရပ်ကွက်တွေပဲ နှင်းမုန်းတိုင်းဒဏ် ဆိုးရွားစွာ ထိခိုက်ပေမယ့်လို့ Line man က ၄၀၀ ကျော်ပဲ ရှိပါတယ်။ ပျက်စီးတဲ့ ပမာဏ နဲ့ တွက်ရင် ၁၀ ပုံ ၁ ပုံလောက်တောင် မရှိဘူး။
ဒါကြောင့်မို့လို့ အမေရိကားမှာ မီးပျက်တာ ၁၀ ရက်လောက် အထိ ကြာတာ။
တခြား စတိတ် NC ဘက်က Line man တွေပါ ဆင်းလာပီး လာကူပေမယ့် မီး မြန်မြန် ပြန်မရပါဘူး။
ကြာတယ်။
တယ်လီဖုန်း company ကုမဏီတွေက တယ်လီဖုန်းလိုင်းတွေ ပုံမှန် အလုပ်လုပ်ဖို့ သူတို့ box မှာ မီးစက်တွေ ထိုင်ပီး ဒေါင့်လျှောက် မောင်းပေးရတယ်။ နို့မို့ရင် အိမ်ဖုန်းလိုင်းတွေ အလုပ်မလုပ်ဘူး။