Posted in Myanmar - 2008 Christmas, Myanmar - My Children

2008 X’mas Home Deco

တစ်နှစ် အရွယ် သားသား ကောင်းစေတစ်ယောက် ….  မာမီ အိမ်အလုပ်တွေ လုပ်နေတဲ့အချိန် …. ဒီ ရေကူးကန် လေဘောလုံးထဲမှာ ဘောလုံးတွေနဲ့ ဆော့ …  ပီးရင် တီဗီက လာတဲ့ ကာတွန်းကား ကြည့်တယ်။
 
နည်းနည်း ကြီးလာ၊ အရပ်လေး ရှည်လာတော့ ဒီလေဘောလုံးကို ကျော်ခွပီး အပြင်ကို မရောက် ရောက်အောင် ထွက်တတ်နေလို့ မျက်စိကို တစ်ချက်လေးမှ အလွတ်မပေးပဲ ထိန်းခဲ့ရသော သားသား ကောင်းစေ ….
 

မမ က သားသား ကစားဖော်ပေါ့ ….


ဒါ ဧည့်ခန်းထဲက Christmas tree ပါ။ သူ့ကို ၂၀၀၁ ကတည်းက ၀ယ်ထားတာလေ။ သမီးလေး Angel တောင် မမွေးသေးပါဘူး။ ပထမဦးဆုံး christmas tree မို့လို့ အခု ထက်ထိတိုင် သိမ်းဆည်းထားတာ။


နောက်ထပ်တစ်ခု သမီး Angel ပေးထားတဲ့ christmas tree (2006) က။ သစ်ပင်အောက်ကတော့ Santa Claus ရဲ့  ရထားလေး။ မီးသီးလေးတွေကတော့ အဖြူရောင်ဆင်ထားတယ်။ Angel toy ကြိုးလေးတွေလည်း သစ်ပင်မှာ ရစ်ပတ်ဆွဲထားတဲ့အတွက် ညရောက်တဲ့ အချိန် မီးထွန်းလိုက်အခါ လက်လက်နဲ့ အရမ်းကို လှတဲ့ christmas tree ပါပဲ။

Candle ထွန်းတဲ့ christmas tree ပုံ နဲ့ Santa Claus ပုံ မီး အိမ်က အမျိုး စင်ကာပူ အလည်သွားရင်းနဲ့ ခရစ်စမတ်လက်ဆောင် ၀ယ်လာပေးတဲ့ အမှတ်တရပစည်း။ အလယ်ကတော့ snow man 2 ခု အိမ်ပုံစံလေးနဲ့။ christmas decoration color က Red and Green ကို ကိုယ်စားပြုလို့ အကြိုက်ဆုံး chrismas home decoration ထဲမှာ အဲဒီ အရုပ်လည်းပါတယ်။




ဒါက ထမင်းစားခန်း Dinning room ဆိုပေမယ့် သမီးနဲ့ သား ရဲ့ အရုပ်တွေက ထားစရာ နေရာ မရှိလို့ ထမင်းစားခန်းမှာပဲ ထားလိုက်တော့တယ်။ ထမင်းစားပွဲကို ခလယ်မှာထားပီး ဘေး နှစ်ဖက်မှာ သပ်သပ်ရပ်ရပ်လေး ထားလိုက်တယ်။ ဘက်ထရီ မော်တော်ဆိုင်ကယ်၊ သုံးဘီး စက်ဘီး၊ ကား၊ မြင်း၊ တွန်းလှည်း၊ သားသားအိပ်တဲ့ လှည်း၊ သမီးထိုင်တဲ့ ပျော့ပျော့အိအိ ကုလားထိုင်၊ သံစဉ်တီးလုံးပါတဲ့ cow ပုံ အိမ်သာအိုး၊ baby walker (သားသားက ၉လနဲ့ လမ်းလျှောက်တတ်)တော့ အဲဒီဟာ က ချောင်ထိုးထားပေမယ့် သားသားက အဲဒီ ဂွေဝိုင်းက piano ကို သွားနှိပ်ပီး ဆော့ကစားတတ်တယ်။ christmas decoration က တော့ ရိုးရိုးလေးပဲ ဆင်ထားတယ်။




ကျေးဇူးရှင် ဖေဖေ အိပ်ခန်း။ ဖေဖေ အိပ်ခန်းက အမြဲ သပ်ရပ် သန့်ရှင်းနေတတ်တယ်။ ကုတင်တိုင်မှာ ချိတ်ထားတာ မနက်တိုင်း လမ်းလျှောက်ရင် ၀တ်တတ်တဲ့ ဘောင်းဘီတို နဲ့ ကုတင်အောက်က walking shoe က လမ်းလျှောက်ရင် စီးတဲ့ ဖိနပ်။


ဖေဖေရဲ့ ဆေးဘီဒိုစင် နှင့် မုန့်စင်


ရေဒီယိုကို ပုံမှန် နားထောင်တတ်ပီး အေးအေးဆေးဆေး နေတတ်တယ်။ ကျန်းမာရေးကိုလည်း အရမ်း ဂရုစိုက်တတ်တယ်။ မနက်တိုင်း လမ်းလျှောက်တယ်။ အစားအသောက်ကို အထူး ဂရုစိုက်တယ်။ အစားအသောက်ကို အချိန်မှန်မှန် စားတယ်။ နေ့လည်စာ ၁၁ နာရီ အတိဆို ၁၁ နာရီ အတိအကျ စားသောက်တတ်တယ်။ ညစာကို နည်းနည်းပဲ စားတယ်။ အထူးသဖြင့် အပြင်က အစားအသောက်တွေကို မစားတတ်ဘူး။ ဆီနဲ့ အချိုမှုန့်တွေကြောင့်ပါ။


ကျေးဇူးရှင် ဖေဖေ အိပ်ရာ


အပေါ်ထပ်က ဆေးတွေထားတဲ့ စင်၊ ရောဂါရယ်လို ထွေထွေထူးထူး မရှိပါဘူး။ အားဆေးတွေနဲ့ လိမ်းဆေး၊ အိမ်သုံးဆေးဝါးများ၊ ဒုတိယအထပ်က သွေးပေါင်ချိန်တိုင်းတဲ့ စက်၊ ပေါင်ဒါဗူးများ၊ ခေါင်းလိမ်းဆီ။ တတိယထပ် နဲ့ စတုတထပ်က မုန့်ဗူး။


သားသား အိပ်ခန်း


၁လ သား အရွယ် သားသားကောင်းစေ ၏ ပထမဦးဆုံး ခရစ်စမတ် ၂၀၀၇ ဒီဇင်ဘာ


လသားအရွယ် သားသား နဲ့ သမီး


ကင်မရာက Flash ကို ဘာထင်နေသလဲး မသိဘူး။ မျက်စိကို ပြူးပီးတော့ အထူးအဆန်း ကြည့်နေသော ကောင်းစေ။


ဟဲ .. ဟဲ မာမီရဲ့ တလသားအရွယ် သားသား ကောင်းစေကို နို့ဗူးတိုက်တဲ့ အိမ်နေရင်း ပုံစံ။ (နေ့ဘက်ဆို နို့ဗူးတိုက်ပီး ညအိပ်ရင် Breast Feeding )
( အဲဒီအချိန်တုန်းက လသားအရွယ် သားသားနဲ့ ကျောင်းတက်နေတဲ့ သမီး၊ အိမ်အလုပ်တွေနဲ့ အားချိန်ကို မရှိ အမြဲ အလုပ်ရှုပ်နေတတ်တဲ့ မာမီ )

2007 Christmas tree တွေနဲ့ အမှတ်တရ။


တစ်လသား အရွယ် သားသားကောင်းစေ


တစ်လသား အရွယ် သားသားကောင်းစေ နှင့် သမီးလေး


ကောင်းစေ (၄၅)ရက်သားပြည့်တော့ ကတုံး တုံးတယ်။ ဒီပုံက ကတုံးပီးကာစ …



အခန်းတွေရဲ့အလယ် လျှောက်လမ်းမှာ အလှဆင်ထားတာ။ ၀င်ဝင်ခြင်း မှာ တွဲလောင်းကျနေတဲ့ ဖဲပြားနဲ့ ခြူးလုံးလေးတွေကတော့ ကိုယ့်ဘာသာ ကိုယ် လုပ်ထားတာ။ သွပ်နံကြိုး ပါးပါးလေးနဲ့ ချိတ်ဆွဲထားတာ။ christmas tree မှာ အလှဆင်တဲ့ ဖဲပြားနဲ့ ခြူးလုံးလေးတွေကို တွဲလောင်းလေးချပီး အလှဆင်ထားတာ။ သွပ်နန်းကြိုးကို မမြင်စေချင်ရင် ဖဲကြိုး (သို့) ခရစ်စမတ်ဒီဇိုင်း ပါကင်ပေပါနဲ့ ပတ်ပီး ဆင်လို့ရသေးတယ်။



2000 ခုနှစ် ပတ်ဝန်းကျင်လောက်က အမျိုး ဟောင်ကောင် အပြန် ခရစ်စမတ်လက်ဆောင်လေးတွေ။ 



မိသားစု ခရစ်စမတ်လက်ဆောင်တွေ။ Angel အတွက်၊ သားသား ကောင်းစေ အတွက် နဲ့ မာမီ အတွက်။ 
၂၀၀၈ က Angel – ILBC မှာ ကျောင်းတက်တုန်းက နေ့လည်စာ ထမင်းဗူး၊ သမီးက အိမ်မှာ ခွံကျွေးနေရတုန်းဆိုတော့ အဲဒီ အချိန်တုန်းက သူ့ကြိုက်တတ်တဲ့ ဟင်းတွေကို သေးသေးလေးတွေ လှီးပေးပီး ဇွန်းနဲ့ လွယ်လွယ်ကူကူ စားလို့ရအောင် ထည့်ပေးလိုက်တယ်။
ထမင်း နည်းနည်းပဲ စားပီး ကျောင်းမှာ ဘိုက်ဆာနေမှာစိုးလို့ သမီးကြိုက်တဲ့ မုန့်တွေ ထပ်ထည့်ပေးရသေးတယ်။
 
 ခြင်းတောင်းနဲ့ ကျောင်း ကျောပိုးအိတ်

အရင်ပိုစ့် …