Posted in Rice, Vegetable

ခရမ်းချဉ်သီးပဲငံပြာရည်ချက်

ခရမ်းချဉ်သီး ပဲငံပြာရည်ချက်
အိမ်မှာ … ဒီနေ့ ချက်တဲ့ ကြက်ဆီထမင်းနှင့် တွဲစားဖို့ ခရမ်းချဉ်သီး ပဲငံပြာရည်ချက် ….

ကြိတ်ထားတဲ့ … ( ကြက်သွန်ဖြူ – ၃မွှာ၊ ကြက်သွန်နီ – အရွယ်တော် ၁ လုံး၊ ဂျင်း – လက်တဆစ် ) ကို
ဆီ – 1/2 cup ကို အပူပေးပီး 
ဆီကျက်ပီဆိုတာနဲ့
ပါးပါးရိတ် .. လှီးထားတဲ့ နံနံပင် အရိုးလေးတွေ ( နံနံပင် အရွက် မပါ ) ထည့်မွှေ …
တဆက်တည်းမှာ …
ကြိတ်ထားတဲ့ ( ကြက်သွန်နီ + ကြက်သွန်ဖြူ + ဂျင်း ) တို့ကို ထည့် ဆီသတ် … 
ဆနွင်းမှုန့် … 1/4 tsp …
ငရုတ်သီး အစိမ်းမှုန့်  = 1 tsp ထည့်မွှေ …
ကြိတ်ထားတဲ့ ခရမ်းချဉ်သီး … အရွှယ်တော် ၃ လုံး ထည့်မွှေ …
ပဲငံပြာရည် – 1/3 cup  ထည့်မွှေ
ထက်ခြမ်းခွဲ … ငရုတ်သီးစိမ်း ၁၅ တောင့်လောက် ထည့် ….
ရေ – 1 1/2 cup ထည့်
ပွက်ပွက်ဆူပီ ဆိုတာနဲ့ …
ဆား – 1/2 tsp ထည့်
ပါးပါးရိတ် … လှီးထားတဲ့ နံနံပင် အုပ် …
( ကြိုက်တတ်ရင် .. ဟင်းခတ်မှုန့် … 1/2 tsp ) ပါ ထည့်လိုက်ရင် လျှာဖျားစွဲ …

ပိုပီး အစပ်ကြိုက် …. ရင် .. ငရုတ်သီးအစိမ်းမှုန့် နေရာမှာ ငရုတ်ပွခြောက် အနီကို ရေစိမ်ပီး ညက်နေအောင် ကြိတ်ထားတဲ့ ငရုတ်သီးဖတ်တွေ ထည့်ပီး ချက်ရင် စပ်လည်း စပ်တယ် .. အရောင်လည်း ပိုလှတယ် …


အဲဒီ ပဲငံပြာရည်ချက်ကို ကြက်ဆီထမင်းနှင့် နှယ်စားရတာကို ကြိုက်တယ် …


အိမ်မှာ သုံးနေတဲ့ ပဲငံပြာရည် ( အကြည် ) တံဆိပ်

ကြက်ဆီထမင်း
အရေခွံများကို ခွါပလိုက်ပီးတော့ အသားသပ်သပ်၊ အရေခွံသပ်သပ်မှာ ဆား ၊ သကြား ၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည် နဲ့ နှယ်ပေးထားလိုက်ပါ။
ကြက်အရေခွံများကို ချန်ထားပီး …
ကြက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းမှုန့် ထည့်၊ ရေထည့်ပီး …. Pressure cooker နဲ့ မီးမြေးမြေး အနေအထား – မိနစ် ( ၂၀ ) … ချက်ပါ။
ဇကာထဲကို ဆန် ထည့်ပီး ရိုးရိုးရေ နဲ့ ဆန်ဆေး … ပီးတာနဲ့ ဇကာထဲမှာပဲ ရေစစ်ထားလိုက်တယ် …
ဆီကို ထမင်းစားဇွန်း ၄ ဇွန်းလောက် ထည့်ပီး မီးအပူပေး။ ဆီကျက်ပီ ဆိုတာနဲ့ ကြက်အရေခွံများကို ကြော် .. ပီး …. အရေခွံကြော်များကို ဆယ်ထားလိုက်တယ်။ 
ဇကာထဲမှ ရေစစ်ထားတဲ့ ဆန်များကို ထည့် …  ဆန်လှော်လိုက်ပီး …
ဆား – ၂ ဇွန်း၊ သကြား – ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် – ၁ ဇွန်း ထည့်နှယ်ပီးမှ 
Pressure cooker နဲ့ ချက်ထားသော ကြက်ပေါင်းရည်များကို အရည်ချည်း သပ်သပ် ယူပီး ထမင်းကို 
ပုံမှန် ချက်နေကျ ရေပမာဏ ထက် နည်းနည်းလေးပဲ လျှော့ပီး … Pressure cooker နဲ့ မီးမြေးမြေး အနေအထား ပဲ မီးအပူပေးပီး – 12 မိနစ် ချက်လိုက်ပါတယ်။
၁၂ မိနစ် ပြည့်တာနဲ့ မီးဖိုမီး ပိတ်ထားလိုက်ပီး Pressure cooker Lock ကျမှပဲ အဖုံးဖွင့် … ယောင်းမနဲ့ ကြက်ဆီထမင်းများကို ခပ် ဖွဖွလေး ဖွပေးထားလိုက်တယ် …
 
Pressure cooker နဲ့ ချက်ထားသော ကြက်ဆီထမင်း
 
Jasmine rice နဲ့ ချက်ထားသော ကြက်ဆီထမင်း
ကြက်သားများကို ကင်မယ့် oven foil ထဲ ထည့်ပီး oven မှာ 350º F နဲ့ နီရောင်သန်းတဲ့ အထိ ကင်ပေးပါတယ်။
 
နောက်တနည်း …
မနက်က ချက်တဲ့ ကြက်ဆီထမင်း မလောက်လို့ ညစာ ထပ်ချက်တဲ့ ကြက်ဆီထမင်း …
ဒီ တံဆိပ် ကြက်ပေါင်းရည် သံဗူးက cup နဲ့ ချိန်ကြည့်ရင် 2 cups ရှိတယ် …
အိမ်မှာ ချက်စားတဲ့ Jasmine Rice တံဆိပ် …
အိမ်မှာ Jasmine Rice ကို 1:1 နှုန်း ဖြင့် ရေထည့်ချက်တယ် ….
ဇကာထဲ Jasmine Rice – 2 cups ထည့် ရိုးရိုးရေဖြင့် ဆေးပီး ရေစစ်ထားလိုက်တယ် …
ဒီ cup နဲ့ ချိန်တာပါ ….
ကြက်သွန်ဖြူ – ၂ မွှာ .. ဂျင်း အနည်းငယ်ကို 
ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပီး
ဆီ ကို 2 tbs ( ထမင်းစားဇွန်း – ၂ ဇွန်း ) ထည့်တယ် .. 
( အပေါ်က ကြက်အရေခွံက ကြော်လိုက်ရင် ဆီ + ကြက်ဆီ ပါ ထပ်ပွားထွက်တယ် .. အခုက ကြက်အရေခွံ ကြော်တဲ့ဆီ မပါဘူး .. ရိုးရိုး ဆီပဲ ) 
ဆီပူပီဆိုတာနဲ့ ညက်နေအောင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူ + ဂျင်းထည့် ….
ရေစစ်ထားတဲ့ ဆန် ထည့်
ဆား – 1/2 tsp + သကြား – 1/2 tsp + ငရုတ်ကောင်းမှုန့် – 1/4 tsp ထည့်မွှေ … 
နှံစပ်နေအောင် မွှေပီးမှ ကြက်ပေါင်းရည်ဗူး တဗူးလုံး – 2 cups ထည့်ပီး rice cooker နဲ့ ချက်ထားလိုက်တယ် …
ခလုပ်တက်လာတာနဲ့ ထမင်းကို ယောင်းမဇွန်းနဲ့ ခပ်ဖွဖွလေး ဖွပေးလိုက်ပီး
 တအောင့်လောက် အဖုံးပိတ်ပီး ပြန်နှပ်ထားလိုက်တယ် …


ဒါ .. အိမ်မှာ ကိုယ့် ချက်ထားတဲ့ ကြက်ပေါင်းရည် သံဗူးနဲ့ ချက်ထားတဲ့ ကြက်ဆီထမင်း …
ကြက်ဆီထမင်းချက်ဖို့ ready made ဗူးတွေလည်း ရှိပါတယ် …. တခါမှတော့ မချက်စားဖြစ်သေးဘူး … ဒီတခေါက်တော့ မနက်က ချက်ထားတဲ့ ကြက်ဆီထမင်း မလောက်လို့ ထပ်ချက်တဲ့ ကြက်ဆီထမင်း …

အရင်ပိုစ့် …