ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်

ငရုတ်သီးစိမ်းထောင်း အရင်ထည့် ပီးမှ …  ကြက်ခြေထောက်စွပ်ပြုပ်ထည့် …. သံပုရာသီးညစ် .. ရှောက်ရွက် ပါးပါးလေးလှီးထားတာ အုပ် …

ထညက်ရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီ 

ဓာတ်ပုံမှာ လှအောင် ကြက်ခြေထောက်တွေကို ခုတ်ပီး ဓာတ်ပုံရိုက်မလို့ပါပဲ … 
ဒါပေမယ့် ကြက်ခြေထောက်တွေက Pressure cooker နဲ့ တနာရီကြာလောက် မီးမြေးမြေး အနေအထားနဲ့ စွပ်ပြုပ် ချက်ထားတာမို့ ကြက်ရိုးတွေတောင် နူးနေပါပီ … 

ဒီလို ခြေထောက် ပုံစံမျိုး ကြည့်ရင် လှတော့ မလှပေမယ့် စားလို့တော့ တကယ်ကောင်းတယ်။ တူ နှစ်ချောင်းနဲ့ ညှပ်ပီး ငရုတ်ဆီနဲ့ တို့စားတာပဲ ဖြစ်ဖြစ်၊ အရည်သောက် ချဉ်၊ ချဉ်၊ စပ်စပ်လေးကို သောက်တာပဲ ဖြစ်ဖြစ် အားလည်းရှိတယ်။ စားလို့လည်း ကောင်းပါတယ် ….

  .. .. ချက်၊ စားနည်း .. ..

 ကြက်ခြေထောက် ဈေးနှုန်း

ကြက်ခြေထောက် – ခြေသည်းတွေကို ကတ်ကြေးနဲ့ သေချာဖြတ်ပီး ဆား၊ ငံပြာရည်အချို၊ ဟင်းခတ်မှုန့်နဲ့ နှယ် …. ကြက်သွန်နီ လေးစိမ်ခြမ်း၊ ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်းတို့နဲ့ အိုးပူတိုက်ပီးမှ အရည်များများထည့်ပီး pressure cooker နဲ့ မီးမြေးမြေး အနေအထား ၁ နာရီလောက် တည်ပေးလိုက်ရင် အရိုးတွေပါ နူးပီး စားလို့ ကောင်းနေပါပီ …


ငရုတ်ကောင်းမှုန့် ခပ်ပီး သောက်လည်း ရသလို … အိမ်မှာတော့ ရှောက်ရွက် ထည့်ပီး သောက်ပါတယ်။ 

ကြက်ခြေထောက်တွေကို ကုလားပဲ အရည်နဲ့ ပူစီနံ မဆလာ ငရုတ်သီးစိမ်း သုပ်စားတာလည်း ကောင်းပါသေးတယ်။

.. .. အရင်ပိုစ့် .. ..


Advertisements