Posted in Chicken, Noddle

ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲ

မှို၊ ပဲပင်ပေါက်

ကန်စွန်းရွက်

ဒီတခါ .. ဒီခေါက်ဆွဲဖတ် နှင့် ကော်ရည် ခေါက်ဆွဲ ချက်စားပါတယ် …

ငပိထောင်း .. ကော်ရည်ခေါက်ဆွဲ ပန်းကန်

ဟင်းရည်

ငပိထောင်းစပ်စပ် ပါ ထည့်ထားသော ကော်ရည်ခေါက်ဆွဲ

ကြက်ဥခေါက်ဆွဲဖတ် ( အပြား )၊ မှို၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်၊ ကြက်သားဖတ်၊ ဆီချက်

ကော်ရည်

 ကန်စွန်းရွက်၊ မှို၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူဆီချက်၊ ခေါက်ဆွဲ၊ မပြစ်မကျဲ ကော်ရည်

ငပိဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပုရာသီး တလုံး နီးပါးလောက် ညစ်ထားသော ငပိထောင်း ချဉ်ချဉ် စပ်စပ် 

…. ချက်၊ စားနည်း …..

ဒီမှာ ရောင်းတဲ့ ကြက်သား ပုံစံ

တပေါင်ကို $ 1.95 .. ကြက်သား တကောင်ကို ၂.၈ ပေါင်လောက် ရှိတယ် …

အသားတုံးတွေကို ခပ်ကြီးကြီး ခုတ်ထစ်ထားပီး …. ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အနောက် နဲ့ နှယ် … ကြက်သွန်ဖြူ၊ ဂျင်း နဲ့ အိုးထဲမှာ အိုးပူတိုက်ထားလိုက်ပါတယ်။
 အသားတုံး နဲ့ ဂျင်း ၊ ကြက်သွန်ဖြူ များ အိုးပူတိုက်ပီးမှ ရေကို အသားတုံး မြုပ်ရုံလေး … ထည့်ပီး Pressure cooker နဲ့ မီးမြေးမြေး အနေအထား .. မိနစ် ၂၀ ပြုပ်ပီးတာနဲ့ .. အသားတုံးတွေကို ဆယ် …
ကြက်သားဖတ်တွေကို နွှင်ပီး .. ဓားနဲ့ အသားတုံး ခပ်သေးသေး လှီး စိတ်ထားလိုက်တယ် …
ကျန်နေတဲ့ ကြက်ရိုးတုံးများ နှင့် ကြက်ရိုးတွေ အားလုံးကို  Pressure cooker ထဲ နောက်ထပ် ရေ ၂ ခွက်လောက် ထပ်ဖြည့်ပီး နောက်တကြိမ် .. ၄၅ မိနစ်လောက် မီးမြေးမြေး နဲ့ တည်ထားလိုက်တယ် ….

 

ကော်မှုန့် ( corn starch ) ကို အိမ်မှာ ၄ယောက်စာမို့ လက်ဘက်ရည်ဇွန်း … ၄ ဇွန်း မောက်မောက်လောက် ထည့်ပါတယ်။
ကော်မှုန့်ကို အရင်ဆုံး ရေလေး နည်းနည်း နဲ့ ဖျော်လိုက်ပါတယ်။ ဖျော်နေတုံးမှာ သကြား ၁ ဇွန်း၊ ပဲငံပြာရည် အကြည် ၁ ဇွန်း၊ ဆား ၁ ဇွန်း၊ ဟင်းခတ်မှုန့် ၁ ဇွန်း ထည့် .. ဖျော်ထားလိုက်တယ် …
မီးဖိုပေါ်မှာ …. ကြက်သားပြုပ်ရည် အိုးထဲက  ကြက်ပြုတ်ရည် သီးသန့် ယူထားလိုက်ပီး  … 
နာနတ်ပွင့် ၂ ပွင့် နှင့် အတူ .. စော်ကော်သီး တခုပါ ထည့်ချက်ထားလိုက်တယ် .. 
( အိမ်မှာ .. တရုတ်မဆလာ အမှုန့် မရှိတဲ့ အတွက် … ထည့်ချက်ထားလိုက်တာ ) 
ပီးမှ … အသင့် ဖျော်ထားသော ကော်ရည်များ လောင်းထည့်လိုက်ပီး အဆက်မပြတ် မွှေပေးထားလိုက်ပါတယ် ….
ဟင်းရည် ပွက်ပွက် ဆူတဲ့ အချိန်ကျမှ … ငရုတ်ကောင်းမှုန့်၊ ကြက်သားဖတ် နှင့် အတူ …
ကြက်ဥတစ်လုံးလောက် ဖောက်ထည့်ပီး အဆက်မပြတ် မွှေပေးလိုက်ရင် ကြက်သားအရသာ ကော်ရည် ဟင်းရည် မ ပြစ် မ ကျဲ နှင့် အတူ … ကြက်ဥဖတ်လေးတွေ အပါ မို့ ပိုစားကောင်းပါတယ် …

 

ရေနွေး ပွက်ပွက်ဆူ ထဲမှာ မှိုကို ၅ မိနစ်လောက် ပြုတ်အပီး
မှို များကို လှီးဖြတ်ထားလိုက်ပါတယ်။

ပဲပင်ပေါက် အမြစ်များကို ရှင်းပီး … မီးဖို မီး ပိတ်ထားသော ရေနွေး ပွက်ပွက်ဆူ ထဲ ၃ မိနစ် (သို့) ၅ မိနစ် ရေနွေး ဖျော် ပေးထားလိုက်တယ် …

မီးပိတ်ထားသော မီးဖို မီးပေါ်က ရေနွေး ပွက်ပွက်ဆူ ထဲ ကန်စွန်းရွက်ကို ၂ မိနစ်လောက် အဖုံး အုပ် ရေနွေးဖျော် ပေးထားလိုက်တယ် …

ပြုပ်ထားသော မှို၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်

 

ဒီ ကြက်ဥ ခေါက်ဆွဲ ( wonton noddle ) က ကော်ရည်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ .. အမျိုးမျိုး ချက်စားလို့ ကောင်းတယ် .. ပြုပ်ရတာလည်း အရမ်း လွယ်တယ် ..
ရေနွေးပွက်ပွက်ဆူထဲ .. ဂျုံမှုန့် ကပ်နေသော ခေါက်ဆွဲဖတ်တွေကို လက်နဲ့ အသာဖွပီး ၂ မိနစ်လောက် ထည့်ပြုပ်လိုက်ရုံပဲ .. ပြုပ်နေတဲ့ အချိန် ဇွန်းနဲ့ တချက် ၂ ချက်လောက်မွှေပေးပီး .. ၂ မိနစ် ပြည့်တာနဲ့ ဇကာ ထဲ ထည့် .. ရေစစ်ထားလိုက်ရုံပဲမို့ .. ချက်စားရတာ အရမ်း အဆင်ပြေတယ် ..

ဂျုံမှုန့် ကပ်နေသော ခေါက်ဆွဲဖတ်တွေကို မပြုပ်ခင် ဖွထားတာ ….

ခေါက်ဆွဲဖတ် ပြုပ် အပီး …

ကြက်သွန်ဖြူ ဆီချက်

….. အရင်ပိုစ့် …..

၂၀၁၁၊ သြဂုတ်လမှာ ချက်စားသော –  ကော်ရည်ခေါက်ဆွဲ …

Advertisements