Check your seats, Before you leave!

YouTube : One Decision ( Child Safety Film –  Vehicular Heatstroke )

This is so sad. I have heard similar stories like this before, where a parent drops off other kids and forgets the baby is in the car because the baby is sleeping and is so quiet. There was a mother who did this on one of the Oprah’s shows.
 
 
There is no safe amount of time to leave a child alone in a car. Encourage people to put their cell phones behind the child seat when putting a child in a car seat, and all handbags, briefcases in the backseat – perhaps that could prevent distracted parents from forgetting.
 

အမေရိကားမှာတော့ ကလေးတွေကို အနောက်ခုံမှာဘဲ ထိုင်ခွင့်ပေးတဲ့ ဥပဒေကြောင့် မိခင်သစ်၊ ဖခင် အသစ်စက်စက် ၂၀ကျော် ၃၀ ပတ်၀န်းကျင် တော်တော်များများ ကားနောက်ခန်းမှာ ထိုင်နေတဲ့ ကလေးတွေကို မကြာ မကြာ ကားထဲမှာ မေ့ကျန်တတ်တဲ့ မရိုးနိုင်သော ဇာတ်လမ်းတွေပါဘဲ။

သာမာန်လူတွေတောင် ကားထဲမှာ ဟမ်းဖုန်း၊ ပိုက်ဆံအိတ်၊ ကွန်ပြူ တာ၊ ကျောပိုးအိတ် ကျန်ခဲ့သလိုမျိုးဘဲ။ ကလေးတွေက ကားနောက်ခန်း ထိုင်ခုံမှာ အိပ်ပျော်နေ ( တိတ်ဆိတ်နေတော့ ) တက်သစ်စ ဖခင် နှင့် မိခင်တွေက ကားထဲမှာ ကလေးမေ့ခဲ့တာ မဆန်းလောက်ပါဘူး။

၄ပေ ၉ လက်မ အရပ်အမြင့်ရှိမှ ကလေးကို ကားရှေ့ခန်းမှာ မိဘနှင့်အတူ တွဲစီးခွင့်ပေးထားတာပါ။ ကလေး ရှေ့ခန်းမှာ ထိုင်ရင် ကားမောင်းသူ ဒဏ်ငွေ ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၇၀၀ ဒဏ်ငွေရိုက်ခံရတတ်တယ်။

မိဘကလည်း လောလောနဲ့ ကားပေါ်ကဆင်း … ( ဟမ်းဖုန်းပြောရင်း ကားပေါ်ကဆင်းရင် စိတ်က ဟမ်းဖုန်းနှင့် ပြောနေသူဆီမှာ ရှိလိမ့်မယ် ) …
ကလေးတွေသာ ကားရှေ့ခန်းမှာ ထိုင်နေရင် မြင်နေရမှာပါ။ ရှေ့ခန်းမှာ ထိုင်ဖို့လည်း ကလေးတွေက စိတ်မချရ …
ကားမောင်းသူကို ကလေးတွေကြောင့် အနှောင့်အယှက် ဖြစ်မှာ စိုးတာလည်း ပါသလို … ရှေ့ဘက်ခြမ်းက ကားတိုက်မှူ့ ဖြစ်ရင် ကားခေါင်းခန်းမို့ အရင် အထိနာတယ်။ ကားနောက်ခန်းက သက်သာတယ်။

တစ်ခု ထူးဆန်းတာက ကလေးတွေ ကားစီးရင် ခါးပတ် ပတ်ရပေမယ့် ကျောင်းကားစီးရင် ကားပါတ် ပါတ်စရာ မလိုဘူး။

ဒါကြောင့်မို့လို့ အမေရိကားက ကျောင်းကားတွေက V.I.P ကားတွေ ကျောင်းကားမြင်ရင် ခပ်ခွါခွါရပ်ရ … အလျင်လိုနေလည်း … ကလေး အတင်အချ လုပ်နေသော ကျောင်းကားနောက်က မောင်းနေပေမယ့် ကျောင်းကားကို ကျော်တက်လို့လည်း မရဘူး။

ဖေ့ဘွတ်ထဲက အမေရိကန်မ တစ်ယောက်ဆို အဲဒီအကြောင်းရေးထားတာ အရမ်းရီရတယ်။ ကျောင်းကားမောင်းသူတစ်ယောက်လက်ထဲမှာ ကလေး အယောက် ၂၀ က စိတ်ချ လက်ချ စီးနိုင်တာမို့ ကလေး ကျောင်းကားစီးရင် ခါးပတ် ပတ်စရာမလိုပေမယ့် ကိုယ့်အိမ်က မိဘ မောင်းတဲ့ ကားစီးရင် ကလေးတွေ ခါးပတ် ပတ်ရတယ်။ မပတ်ရင် ရဲက ဖမ်းပြီး ဒဏ်ငွေရိုက်တယ်။

( ကိုယ့်တို့တော့ အမေရိကား စရောက်ကတည်းက ဒီနေ့ထက်ထိ ဒဏ်ငွေရိုက် မခံထိဘူး။ ကလေးတွေက အနောက်ခန်းမှာ အမေနှင့် အတူ တွဲထိုင်တတ်တာမို့လို့ )

မြန်မာဆန်တာ ကောင်းတယ်။ ကားပေါ်က ဆင်းခါနီးတိုင်း ပြူတင်းပေါက် တံခါး ပွင့်နေလား၊ ကားထဲမှာ ဘာကျန်ခဲ့လည်း စစ်ပြီးမှ ကားပေါ်က ဆင်းတာ အကျင့်လိုဖြစ်နေပြီ ….

အဲလိုလေးမှ မစစ်ဆေးလိုက်ရရင် နေမထိ ထိုင်မသာပဲ …

တစ်ခု … ခု ဖြစ်လာရင် သူတပါးအား အပြစ်တင်ဖို့ အလျင်လိုနေတတ်တဲ့ …

ပြောချင် … ဆိုချင်နေတတ်တဲ့သူ ( Netizens ) တွေကို မကြိုက်ဘူး။

ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဒီလို အဖြစ်ဆိုးမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။

( စိတ်ပုံမှန် မဟုတ်သော မိဘ၊ ကလေးရဲ့ အသက်အာမခံငွေကို တပ်မက်သော မိဘမှ လွဲပြီး )

ခေတ်သစ် … စိတ်နှင့် ကိုယ် မကပ်သောရောဂါ … အဖြစ်များနေသော လောက ….

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက်ပဲ ကိုယ့်ရဲ့ ကိုယ်ခန်ဓါကို ရှု့ပြီး စိတ်ဖြင့် မှတ်ကြည့်တာ အကောင်းဆုံး နည်းလမ်းပါဘဲ။

မြန်မာလို ( ဖောင်းတယ်၊ ပိန်တယ် ) တရားမှတ်နည်း ….

 
 
Advertisements