Posted in My Childcare, Myanmar - Home, Myanmar - My Children, Pregnant

မိခင်လောင်း

တစ်ချက်ကလေးမှကို အငြိမ်မနေသော သားသားကို ကြည့်ပီး … မွေးကာစ အချိန်တွေကို သွား သတိရမိလိုက်သေးတယ် …..

အခုအချိန်မှာ သားလေးကို မျက်စိအောက်ကကို အပျောက် မခံရဲတာ။ မျက်စိကို ဒေါက်ထောက်ပီးတော့ကို ကြည့်နေရတာ။ ကလေးအထူးကုသမားတော်ကြီး ဒေါက်တာရဲမြင့်ကျော် ပြောသလို။ 
တစ်ကယ့်ကို လက်လက်ထနေတဲ့ စိန်တုံးကြီး (Mr. Dimond) ပါပဲ။
လွန်ခဲ့တဲ့ ( After March, 2007 ) သားလေးကို ကိုယ်ဝန်လွယ်ထားသော အချိန်တုန်းကဆိုရင် …. မာမီ တခါမှ မအန်ဘူး။ သမီးတုန်းကတော့ ခဏ ခဏ အန်တယ်။ အဲဒီအချိန် ကိုယ်ဝန် ၅ပတ်ကျော် ဗိုက်ထဲက ရင်သွေးကလေး ကိုယ်အင်္ဂါစတင် ဖြစ်ပေါ်နေတဲ့ အချိန်ဆိုတော့ morning sickness ဖြစ်နေပေမယ့်လို့ အစာ မ၀င်ဝင်အောင် မာမီ စားပေးတာပေါ့။ ပန်းသီးအစိမ်း၊ ပေါင်မုန့်၊ စပျစ်သီးခြောက်တွေ စားမှပဲ ရတယ်။ ကျန်တဲ့ အစားအသောက်တွေ စားရင် အန်လို့လေ။ အနံတွေဆိုတာ နှာခေါင်းဝ ရောက်လာတာနဲ့ လူက အန်ချင်နေပီ။ သားကျတော့ မအန်တော့ စားလို့ကောင်း၊ သောက်လို့ကောင်း။ တချိန်လုံးစားနေတာပဲ။
မာမီ ၂၀၀၇၊ မတ်လကုန်လောက်မှာ စင်ကာပူက ပြန်လာပီး နောက်ပိုင်း သားကိုယ်ဝန် ၈ ပတ်ကျော်မှာ မီးယပ်နှင့်သားဖွားအထူးကု သမားတော်ကြီး ဒေါက်တာဦးတင်မောင်အေးနဲ့ စပီး ပြတာပေါ့။ ကိုယ်ဝန် စရှိရှိချင်း ဆိုတော့ Medical check up လုပ်ရတာပေါ့။ သွေး၊ ဆီး ၊ ဆီးချို စစ်တာပေါ့။ အားလုံးကောင်းတယ်။ ဆရာက လူနာ အရမ်းများတတ်လို့ သားကိုယ်ဝန် ပြရမယ့် ရက်ချိန်းတွေ ဆိုရင် မာမီက ကြိုတွက်ပီး တစ်လ ဘွတ်ကင် ကြိုယူတဲ့အခါ ယူ၊ နှစ်ပတ် ဘွတ်ကင် ကြိုယူတဲ့အခါ ယူ၊ တစ်ပတ် ဘွတ်ကင် … အဲလိုမျိုး သမီး ကိုယ်ဝန်တုန်းက အတွေ့အကြုံရှိပီးသားဆိုတော့ တယ်လီဖုန်းနဲ့ SSC မှာ ကြိုတင် ဘွတ်ကင် လုပ်ထားလို့ စနေ နေ့ မနက် ၇ နာရီ ဆရာ ဆေးခန်းထိုင်ပီး သားကို ကိုယ်ဝန် ပြရမယ့် အပတ်တိုင်း မာမီက ထိပ်ဆုံးကချည်းပဲ။ သားဗိုက်နဲ့ မာမီ ဆေးခန်းလာပြရင်လည်း ချစ်စရာကောင်းတဲ့ မမ Angel ပါလာတော့ ဆရာက မာမီတို့ သားအမိကို ဘယ်လောက်ပဲ လူနာတွေ များများ ကောင်းကောင်း မှတ်မိတာပေါ့။
 
သားသားကို ကိုယ်ဝန်ဆောင်ထားသော မာမီ
အားဆေးလည်းမှန်မှန်သောက်တယ်။ အစာလည်း စုံလင်အောင် စားတယ်။ အရိုးပါ ၀ါးစားရတဲ့ ငါး (ငါးသလဲထိုး) လည်း စားတယ်။ အဲဒါ စားရင် ကလေး ဥာဏ်ကောင်းတယ်ဆိုလို့လေ။ ငရုတ်သီးတော့ မာမီ မစားဘူး။ အစပ် စားရင် ရင်သွေးလေးတွေ ဆံပင် အားနည်းတတ်တယ်။ ၀မ်းမချုပ်အောင်လို့ သဘောင်္သီးလည်း မှန်မှန် စားပေးတယ်။ နွားနို့လည်း သောက်တယ်။ ဖရဲသီးတို့ ဖီးကြမ်းဌက်ပျော်သီးတို့ကို စားတော့ စားတယ်။ အလွန်အကျွံမစားဘူး။ ဓာတ်မြေသြဇာတွေကြောင့်ပါ။ ရှောက်ချိုသီး၊ လိမော်သီးစားရင် ကလေး အသားရည် လှတယ်။ သွားတွေ အတွက် ကောင်းတယ် ဆိုလို့ မာမီ အသီးတွေလည်း မှန်မှန် စားပေးတယ်။  ကော်ဖီသိပ်ကြိုက်တဲ့ မာမီ ကော်ဖီကိုတော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလ မှာ ရှောင်ထားတယ်။

သားကိုယ်ဝန် ၅လသားကျော်မှာ ultrasound ရိုက်လို့ ရပီး သားလေးမှန်းလည်း သိရော။ မာမီတို့ တစ်မိသားစုလုံး ပျော်လိုက်ကြတာ။ 

ကြိုတင် ပြင်ဆင်မှုတွေကတော့ … သားကိုယ်ဝန် ၇လနောက်ပိုင်းမှာ …. မာမီက ရုတ်တရက် ဗိုက်နာ လာ ရင်တော့ အနီးဆုံး ၁၅မိနစ်လောက်ပဲ ဝေးတဲ့ SSC မှာ မွေးမယ်။ မာမီ လိုချင်တဲ့ ရက်မှာဆိုရင်တော့ ပန်းလှိုင်ဆေးရုံမှာ မွေးမယ် ဆိုပီး ပြင်ဆင်ထားတယ်။ အိမ်မှာလည်း အဆင့်သင့် အိတ်တွေ ကလေး ပစ္စည်းတွေ ထည့်ထားတဲ့ အိတ် က အိမ်ရှေ့မှာ အဆင့်သင့်ပေါ့နော်။ 
ပန်းလှိုင်ကတော့ ကလေးနဲ့ အမေ ပစ္စည်း ကရိကထတွေ ပူစရာမလိုဘူး။ အနှီးတွေ အိမ်ပြန်လျှော်နေစရာ မလိုဘူးလေ။ SSC က ထမင်းလည်း မကျွေးဘူး။ မာမီ SSC OG – VIP Room မှာ ကလေး ဗိုက်ခွဲ မွေးခ သွားစုံစမ်းပီး အခန်းလည်း သွားကြည့်သေးတယ်။ ၉ သိန်းကျော်လောက် ကျမှာလေ။ ဒေါက်တာ ဦးတင်မောင်အေး အဖွဲ့က ၅ သိန်းနဲ့ ဆေးရုံက ခွဲခန်းခတို့ အခန်းဖိုး အထွေထွေ ပေါင်းလိုက်ရင် ၉ သိန်းကျော် ၁၀ သိန်း နီးပါးပဲ။ (တခြား ဒေါက်တာ နဲ့ ရိုးရိုးအခန်းဆိုရင်တော့ SSC မှာ ၇ ရက်ကို ၇ သိန်းကျော်လောက်ပဲ ကျမှာပါ)
သားအခန်းကို ကလေးပစ္စည်းတွေ ၀ယ်ပီး အဆင့်သင့် ပြင်ဆင်ပေးထားတယ်။ မမ Angel ငယ်ငယ်တုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေကတော့ သူများပေးလိုက်တယ်။ (မာမီအတွက်ဆိုရင်တော့ မာမီ ချွေတာတယ်။ သားနဲ့ သမီးအတွက်ဆိုရင်တော့ မာမီ အစစ အရာရာ ကြည်ဖြူတယ်။ မနှမြောဘူး)
 
သားအ၀တ်လေးတွေ ထည့်ထားတဲ့ ဗီဒို၊ နို့ဗူး၊ နို့ဗူးကျိုဖို့ ဓာတ်ဗူး၊ wet tissue၊ ပေါင်ဒါဗူး၊ နို့ဗူးဆေးတဲ့ ဆပ်ပြာရည်၊ lotion, baby shower၊ အိမ်သာအိုး၊ အရုပ်စင်၊ သေးခင်း၊ ဂွမ်းထုပ်၊ Diaper
Diper ထုတ်၊ ဂွမ်းထုတ်ထည့်ထားတဲ့ ခြင်းတောင်း၊ ရေချိုးဇလုံ၊ ဂွေဝိုင်း

ရေချိုးဇလုံ၊ ဂွေဝိုင်း၊ တွန်းလှည်း
 

သားသားကုတင် + ပုခက်

 ပုခက်
 

baby rocker ကတော့ သားသား အရမ်းကြိုက်တဲ့ အိပ်ရာပေါ့။ အဲဒီ ထဲမှာ သားသားကို ထည့်ပီး လှုပ်ပေးရင် သားသားက အရမ်းအိပ်တယ်။ ရှေ့ နောက် တွန်းပေးရင်လည်း ကြိုက်တယ်။ လှုပ်မြင်း စီးသလို လှုပ်ပေးရင်လည်း သားသားက အိပ်တာ ပိုသဘောကျတယ်။ 

သားသား ခြေအိတ်၊ လက်အိတ်

သားသား ရေချိုးဇလုံ၊ ကလေး ထိုင်ဖို့ အ၀တ်ပိတ်လည်း ပါလို့ သားသားကို ခေါင်းလျှော်ပေးရတာ အဆင်ပြေသလို၊ baby bath tub အောက်မှာ အဖွင့်အပိတ် ပါလို့ ရေချိုးပီးရင် ချိုးပီးသားရေ ကို ဖောက်ထုတ်ချလိုက်ပီး ရေအသစ် လောင်းချိုးပေးလိုက်ရုံပဲမို့ မာမီ သက်သာတယ်။

baby rocker

သားသား အကျီလေးတွေ၊ အနှီးပိတ်လေးတွေ (မမွေးခင်ထဲက မာမီ အဆင့်သင့် ပြင်ဆင်ပေးထားတာ)

မွေးကာစ သားသားလေး

သားသား ပုခက်၊ အရုပ်လေးပါ ချိတ်ပေးထားတယ်။ သားသား ငိုရင် အဲဒီ အရုပ်လေးကို မာမီက သံပတ်ပေးလိုက်လို့ လည်နေရင် သားသားက အရမ်းပဲ သဘောကျတာပေါ့။

သားသားဂွေဝိုင်းက အစားအသောက်တွေ စားတော့မယ်ဆို အပေါ်မှာ တပ်ထားတဲ့ တီးလုံး ကစားစရာကို ဖြုတ်ပီး ရေခွက်၊ ထမင်း ပန်းကန်လုံး တင်လိုက်ရုံပဲ။ ဂွေဝိုင်းက အနိမ့်အမြင့် ၃ ဆင့်ပါလို့ သားသားကို အဲဒီ ဂွေဝိုင်းထဲမှာ တလသားလောက်ကနေ အရပ်မြင့်လာတဲ့ ၈ လသားလောက်ထိ ခြေထောက်မှီနိုင်တဲ့ ထိုင်ခုံ အနေအထားနဲ့ မာမီ ပေးထိုင် တယ်။ ဂွေဝိုင်း အောက်ပိုင်း  အ၀ိုင်းက အပေါ်ထက် ပိုကြီးတော့ သားသား ရှေ့ကို ဇောကပ်ပီး ဂွေဝိုင်းနဲ့ လမ်းလျှောက်လည်း ရှေ့ကို ငိုက်ထိုးပီး ဂွေဝိုင်းကြီးနဲ့ မောက်မကျတတ်ဘူးလေ။ တချို့ဂွေဝိုင်းက အောက်ခြေ မကောင်းရင် ကလေးတွေ ဂွေဝိုင်းပေါ်ကနေ မောက်ကျတတ်တယ်။

 အပေါ်မှာ လှုပ်ရှားတဲ့ အရုပ်ကစားစရာ တတ်ပေးတော့ ကလေးအတွက် ဖွံဖြိုးမှု တတ်ကြွမှုကို ပိုပီး လှုံဆော်ပေးတယ်။ သားသားဆို အဲဒီ အရုပ်လေးကို လိုချင်ဇောနဲ့ လက်တွေ လှုပ်၊ ခြေတွေ လှုပ် တာ မြန် တယ်။ စောပီးတော့လည်း မောက်တတ်လာတယ်။
 

 ပေါင်ဒါဗူးတွေ၊ အရုပ်တွေကတော့ မာမီ လက်ဆောင်ရတာတွေရော၊ ၀ယ်ထားတာတွေပါ။
သားကော သမီးကော ကိုယ်ဝန် လွယ်ထားတဲ့ အချိန်တွေမှာ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။ ပုံမှန်ပဲ။ ဆေးခန်းမှန်မှန်ပြတယ်။ ဆေးမှန်မှန်သောက်တယ်။ အစာကောင်းကောင်း စားတယ်။ နေ့ခင်းနေ့လည်ဆို အိပ်တယ်။ တီဗီဇာတ်လမ်းတွေ ကြည့်တယ်။ သမီးကိုယ်ဝန်တုန်းက တရုတ်ဇာတ်လမ်းတွဲတွေ၊ သားကိုယ်ဝန်နဲ့က ကိုးရီးယားဇာတ်လမ်းတွဲ (အဲဒီအချိန်တုန်းက 5 series မှာ လာနေတာက နာဂွန်းဆွန်းရဲ့ အားမလျှော့စတမ်းကား) အရမ်းကြိုက်တာပေါ့။ တစ်နေ့ကို အနည်းဆုံး ၃နာရီလောက် အင်တာနက် သုံးတယ်။ အင်တာနက်ကနေ ကိုယ်ဝန်ဆောင် လမ်းညွှန်ချက်တွေ၊ ကလေးပြုစု စောင့်ရှောက်နည်းတွေ လိုက်လေ့လာတယ်။ babycenter.com မှာ member ၀င်ပီး အပတ်စဉ် ကိုယ်ဝန်ဆောင်ကတည်းက ဒီနေ့ ထက်ထိ ကလေး ပြုစုစောင့်ရှောက်ပုံလေးတွေကို အီးမေလ်း မှန်မှန်ပို့ထားတာတွေကို ဖတ်တယ်။ 
မမကို ကျောင်းလည်း လိုက်ပို့တယ်။ ကိုယ်ဝန်ကြီးနဲ့လည်း ရေကူးကန် လိုက်ပို့ပေးသေးတာပဲ။ ကစားကွင်းတွေလည်း လိုက်ပို့ပေးတယ်။ သား ဗိုက်ကတော့ ပေါ့သလား မမေးနဲ့။ မာမီ ဗိုက်ကြီး ကော့ကော့နဲ့ လျှောက်ပီး လျှောက်သွားတာလေ။
သားလေး မမွေးခင် တစ်လ အလိုလောက်က ညလယ်ခေါင်အချိန်မှာ မာမီ ရုတ်တရက်နိုးလာပီး ခေါင်းရင်း ပြတင်းပေါက်ဘက်ကို ကြည့်လိုက်တော့ ကြယ်ကြွေလာတယ်လေ။ မာမီ ဆုတောင်းလိုက်ပါတယ်။ ဆုတောင်းလည်း ပြည့်ခဲ့ပါတယ်။
မမွေးခင် ၁လ အလိုလောက်မှပဲ အိမ်အကူ ခေါ်ဖြစ်တယ်။ ကိုယ်ဝန်ဆောင်တွေက မမွေးခင် ၂လနဲ့ မွေးပီး ၂လက သွေးနု၊ သားနု၊ အရိုးနုလေ။ အဲဒီ အချိန် မဆင်ခြင်ရင် တစ်သက်လုံး ဒဏ်ဖြစ်တာပဲ။ အဲဒီ အချိန်တွေမှာ အလွန်အကျွံ ဘာမှ မလုပ်ဘူး။ အင်တာနက် သုံးတယ်။ typing ကို မိနစ် 30 မကျော်ဘူး။ Aircon သုံးတယ်။ အရမ်း အေးအောင် မထားဘူး။ အလေးအပင်လည်း မ , မ ဘူး။ လက်ဆစ်တွေ နာမယ့် အလုပ်၊ ဇက်ကြောတက်မယ့် အလုပ် မလုပ်ဘူး။ နေပူထဲ မသွားဘူး။ မသွားမဖြစ်သွားရင်လည်း ထီးဆောင်းသွားတယ်။ (မဖြစ်ခင် ကြိုတင် ရှောင်ထားတာပါ။ ဖြစ်လာပီဆိုရင် ဘယ်သူ့မှ ကူမယ့်သူ မရှိလို့လေ။)။ သားလေး ၅လသားလောက်ကျတော့ အိမ်အကူ ဆက်မခေါ်တော့ဘူးပေါ့နော်။ အိမ်မှု ကိစ္စနဲ့ သားတို့ သမီးတို့ ဝေယျဝစ္စ အားလုံး မာမီ တစ်ယောက်တည်း လုပ်တာပေါ့။

သားကို နိုဝင်ဘာ ၃၀ မွေးမယ်ဆိုပီး ပန်းလှိုင်မှာ ဘွတ်ကင်ယူထားတာပေါ့နော်။ ဆရာဝန် ဘွတ်ကင်တွေကတော့ ပန်းလှိုင်ဆေးရုံကပဲ တခါတည်း လုပ်ပေးတာလေ။

ဒါပေမယ့် နိုဝင်ဘာ ၂၂ရက်ကတည်းက တစ်နေကုန် ဗိုက်က နာရီခြား နာနေတယ်။ လေနာသလိုမျိုးလေ။ တအားကြီး ဗိုက်နာတာမျိုး မဟုတ်ဘူး။ ညကျတော့ နာရီ စိပ်လာတယ်။ နှစ်နာရီခြား တခါလို ဖြစ်လာတယ်။ 23 ရက်နေ့ မနက် 8 နာရီကျတော့ မာမီ ပန်းလှိုင်ကို ဖုန်းဆက်လိုက်တယ်။ သူတို့ပဲ ဒေါက်တာဦးတင်မောင်အေးဆီ ဖုန်းဆက်ပေးတာ။ နာရီဝက်လောက်အကြာမှာ မာမီကို ဆေးရုံလာလို့ ရပီ ဆိုတော့။ မာမီနဲ့ သားသားကတော့ အ၀တ် တစ်စုံစာစီပေါ့။ မမ Angel နဲ့ အိမ်အကူကတော့ ၅ ရက်စာပေါ့။ မမေ့မလျှော့နဲ့ တစ်လလောက်ကတည်းက ကြိုထည့်ထားတဲ့ မမ Angel စားဖို့ မုန့်ခြင်းတောင်းက တစ်လုံးပေါ့။ ၆” DVD အသေးလေးစက်နဲ့ Laptop ဒါပဲ ဆေးရုံကို ယူသွားတာ။

ဆေးရုံကို မာမီတို့ အိမ်မှာ ပြင်ဆင်တာနဲ့ မမ အိန်ဂျယ်ကို ILBC ကျောင်းမှာ သွားကြိုတာနဲ့ ပဲ လှိုင်သာယာမှာ ရှိတဲ့ ပန်းလှိုင်ဆေးရုံကို မာမီတို့ မနက် ၁၀ နာရီကျော်မှာ ရောက်တယ်။ ရောက်ရောက်ချင်း မာမီကို ဗိုက်ထဲက ကလေး နှလုံးခုန်သံတွေ နားထောင်တယ်။ ကလေးနှလုံးခုန်သံ နားထောင်တဲ့ ကိရိယာက အပြင်ကနေလည်း မာမီ ကြားရတယ်လေ။ ခေတ်မှီတယ် ပန်းလှိုင်ဆေးရုံက။ MO အမျိုးသမီးဒေါက်တာကပဲ …. ရေမွှာပေါက်နေလား သူ့တို့ စစ်ဆေး စမ်းသပ်စရာ ရှိတာတွေ စစ်ဆေးပေးတာပေါ့နော်။ သားကို မာမီ ရက်ယူထားတာက ၃၀ ရက်နေ့ပါ။ နိုဝင်ဘာ ၃၀ပေါ့။ ဒါပေမယ့် သားသားက တပတ်စောပီး မာမီကို တွေ့ချင်နေတယ်နဲ့တူတယ်။ ပုံမှန် ရိုးရိုးပဲ မွေးမယ်ဆိုရင်တော့ သားသားက သောကြာနေ့ ညဘက်လောက်မှာ မွေးမှာ။ မာမီက ဗိုက်ခွဲမွေးတာမို့လေ။

Advertisements