Posted in My kid's childhood life, School, School - U.S.A

Elementary School Concert

ပီးခဲ့တဲ့ အပတ်က ကျောင်း တေးဂီတ ဖျော်ဖြေပွဲ ( ဒီတခါက ဒုတိယ အကြိမ် ) ကျောင်းပိတ်ခါနီး မေလ ကုန်ခါနီး ဂျွန် အကူးနားမှာ နောက်ထပ်ပြီး ကျောင်း တေးဂီတ ဖျော်ဖြေပွဲ ရှိပါသေးတယ်။ အဲဒီ အခါကျရင်တော့ တကယ့် တေးဂီတ ဖျော်ဖြေပွဲ အကြီးစား .. တခါတလေကျရင် ကျောင်းပေါင်းစုံ ပါတယ်။ ကိုယ့်ကလေး တစ်ကျောင်းတည်း မဟုတ်တော့ဘူး။ ကျောင်းပေါင်းစုံက နေ ကွန်နတ်တီကတ် မြို့လယ်မှာ ရှိသော ပြဇာတ်ရုံ မှာ စုပြီး တေးဂီတ ဖျော်ဖြေပွဲ ကျင်းပတာပါ။

သမီးလေးကို အမှတ်တရ ဓာတ်ပုံ ရိုက်ပေးနေရင်း သူ့ သူငယ်ချင်း လာနှုတ်ဆက်နေတာ …

သားသား နှင့် သမီးလေး

ကျောင်းရဲ့ Gym အားကစား ခန်းမ မှာ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပ နေတာ …

အပြာရောင် လိုက်ကာ အုပ်ထားတာက စတိတ်စင် .. အခု ဂီတပွဲကို စတိတ်စင်ရဲ့ ဘယ်ဘက်ခြမ်း နံရံဘက်မှာ ကပ်ပြီး တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေတာ။ အဓိက က .. ကိုယ့် သားသမီးရဲ့ တေးဂီတ အရည်အချင်း ဘယ်လောက်ထိ ရနေပြီဆိုတာကို မိဘများကို ဖိတ်ကြားပြီး ပြသတာလည်း ပါတယ်။ တူရိယာ တခုကို ဂီတ ဆရာက သင်ပြီး ၃လခွဲ တကြိမ်မှာ ကျောင်းမှာ ဂီတ ဖျော်ဖြေပွဲ ကျင်းပပေးပါတယ်။ အခု ဆိုရင် ဒီနှစ်အတွက် ဂီတ သင်တန်းကာလ ၇လ ပတ်ဝန်းကျင် မှာ ကိုယ့်သားသမီး ဂီတ နှင့် ပတ်သက်ပြီး အရည်အချင်း ဘယ်လောက်ထိ ရှိနေပြီဆိုတာ ပြသတာပါ။

ပုလွေမှုတ်သော သူများကေ၇ှ့ဆုံး အတန်း ( မနှစ်က သမီးက ပုလွေ ဂီတ ကို သင်တယ်။ ) ဒီနှစ် Trumpet .. သမီးက ဂီတ ထက် ပုံဆွဲတာ၊ story ရေးတာ၊ ဇာတ်လမ်း ရေးတာ ပိုဝါသနာပါတယ်။ ဂီတကို သူ့က တစ်နှစ်ကို တစ်မျိုးစီ .. အမျိုးစုံ သင်ချင်တာမို့ ဒီနှစ် Trumpet သင်တန်းကို တက်ပါတယ်။

Trumpet က Drum သမားတွေ ရှေ့ .. တတိယတန်းမှာ နေရာယူပါတယ်။

Trumpet နှင့် Saxophone က တတန်းတည်း …

ဒီဘက်စွန်းက Saxophone ..

ရှေ့ဆုံးတန်းက Flute

Concert အပြီး ..

မာမီ ဓာတ်ပုံရိုက်တာ ၀ါးသွားတယ်။

သမီးလေး နှင့် Grade – 5 မှာ သင်ယူနေသော Trumpet တေးဂီတ ဖျော်ဖြေပွဲ အမှတ်တရ

ကျောင်းမှာ .. ပုံမှန် ကျောင်းချိန်ပြီးရင် .. ပိုက်ဆံပေးပြီး တက်ရတဲ့ အထူးတန်းတွေ ရှိပါတယ်။ အဲဒီ အတန်းတွေထဲမှာ ကိုယ့်ကလေး ၀ါသနာ ပါသော သင်တန်းကို ပိုက်ဆံပေးပြီး တက်ရုံပါပဲ … ဒါက ပန်းချီသင်တန်းမှ ကလေးများ၏ ပန်းချီ စွမ်းရည် ပြပွဲ

ကျောင်းချိန်က မနက် ၈း၁၅ ~ နေ့လယ် ၂း၄၅ အထိ … မိဘက ညနေ ၅ နာရီမှ အိမ်ပြန်ရောက်နိုင်မယ်ဆိုရင် ကိုယ့်ကလေးကို ကျောင်းဆင်းပြီးရင် ကျောင်းမှာပဲ နောက်ထပ် အထူးတန်း ကို ပိုက်ဆံပေးပြီး ထပ်တက်လို့ ရပါတယ်။

သင်တန်းတွေက အများကြီးပဲ .. ဂီတ၊ အားကစား၊ အနုပညာ၊ ပန်းချီ၊ အချက်အပြုတ်၊ တီထွင်ဖန်တီး လက်မှု့ပညာ၊ ကွန်ပြူတာ ပရိုဂရမ်၊ ကျောင်းသင်ခန်းစာ ကျုရှင် သဘောမျိုး .. ( နောက်ပိုစ့်တွေကျရင် .. သမီးကျောင်း .. မြန်မာလို ခေါ်ရလွယ်အောင် ” ပိုက်ဆံပေးတက်ရသော ကျူရှင် – ညကျောင်း ” မှာ သင်တဲ့ ဘာသာရပ်ဆိုင်ရာနှင့် ကျောင်းလခများ ပါသော ကျောင်းစာစောင် ဂျာနယ်ကို ဓါတ်ပုံရိုက်ပြီး ပိုစ့်တင်ပေးပါအုံးမည်။

အနောက်နားက လိမော်ရောင် ဆည်းဆာ ပန်းချီကားချပ်ကို သဘောကျတယ်။

 မေဘဲလ် သစ်ပင်များနှင့် တောင်တွေ၊ ထင်းရှုးတော

Youtube : Elementary school concert