Posted in HTC

HTC – Translate

Google translate ပုံစံမျိုးပါပဲ … HTC hand phone မှာလည်း အသံထွက်ကို ဘာသာပြန်ပေးပါတယ်။ Google translate ကျတော့ တရုတ် စာသား ( words ) ကို အင်္ဂလိပ် လို ဘာသာ ပြန်ပေးသလို … အခု HTC ဖုန်းကျတော့ တရုတ် စကားပြော ( speaking ) ကို ဖုန်းမှာ ပါတဲ့ မိုက် ခလုတ် ကို နှိပ်ပီး ( record ) လုပ် … ပီးရင် …. ဘာသာ ပြန်စေချင်တဲ့ ရွှေးချယ်ပီး ဘာသာ ပြန်ခိုင်းလို့ ရပါတယ်။
ဓာတ်ပုံမှာ တရုတ် စကားပြော အသံထွက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာပါ။

Spanish အသံထွက်ကို အင်္ဂလိပ် လို ဘာသာ ပြန်ထားတာပါ ။
အသံထွက် ( စကား ) – Speak နှင့် ဘာသာပြန် – Translate ကို ကိုယ် ကြိုက်နှစ်သက်တဲ့ ဘာသာ အမျိုးမျိုး ပြောင်းလို့ရပါတယ်။ ရုရှား က အစ ဂျပန် … အမျိုးစုံ ဘာသာပြန်ပေးပါတယ်။

Spanish to English

HTC screen မှာ မြင်နေရတဲ့ ကိုယ်ရဲ့ Twitter a/c

HTC Screen

ဖုန်း ကြည့်လိုက်တာနဲ့ မြန်မာနိုင်ငံက အချိန်ကို တခါတည်း တမ်းမြင်နေရအောင် … နာရီကို  ၄ နိုင်ငံ ထည့်ထားပါတယ်။ အမဲရောင် နာ၇ီက ည အချိန်ကို ညွှန်ပြနေတာပါ။

ရန်ကုန် နှင့် အမေရိကားက နေ့ နှင့် ည ကွာခြားတာမို့ … တခါတလေ နာရီကို ကြည့်ပီး .. ရန်ကုန်မှာ ဆိုရင် ဒီ အချိန် … ဖေဖေ့ကို ထမင်းခူး ပေး နေလောက်ပီ ဆိုပီး … သတိရနေမိတတ်ပါတယ်။

ဖုန်းမှာ ရာသီဥတု ကိုပါ ထည့်ထားတယ်။ weather ~ Location နေရာမှာ ရန်ကုန်ပါ ထည့်ထားတာမို့ ရန်ကုန်မှာ မိုးရွာနေတဲ့ အချိန်ကိုလည်း အမေရိကားဘက်မှာ ဖုန်း screen ကြည့်ပီး မှန်းဆ လို့ ရနေပါတယ်။

FB မှာ ကိုယ့် ကြိုက်နှစ်သက်တဲ့ Quotes

ကိုယ့် ကြိုက်တဲ့ Bewitched TV Series ….
ကိုယ့် အမြဲတန်း ကြည့်ပါတယ်။
Bewitched နှင့် I dream of Jeannie ကို အကြိုက်ဆုံးပါ။

iPad နဲ့ အားတဲ့ အချိန်တိုင်း ကြည့်တတ်ပါတယ်။
Bewitched ထဲက ဇာတ်ဆောင်တွေ … မင်းသမီး၊ မင်းသား နှင့် ဇာတ်ပို့များ … ကွယ်လွန်သွားကြပါပီ။
I Dream of Jeannie မှ ဇာတ်ဆောင်တွေ က အခု အချိန်အထိ ကျန်းမာ၊ ပျော်ရွှင်ပီး အနုပညာ လုပ်ငန်းများ နှင့် လူမှု ၀န်ထမ်း လုပ်ငန်းများကို လုပ်ကိုင်နေတုံးပါပဲ .. အသက် ၈၀ ဆိုပေမယ့် ကျန်းမာ … ပျော်ရွှင် နုပျိုနေတုန်းပါပဲ …

Bewitched နှင့် Jeannie က ဇာတ်လမ်းတွဲ ရိုက်ကူးတာ နှစ် အနည်းငယ်လောက်ပဲ ကွာတာပါ။

Bewitched – 1964 ~ 1972
I Dream of Jeannie – 1965 ~ 1970

** အရင်ပိုစ့် ***

HTC rezound 4G Android
I Dream of Jeannie – Jeannie and Tony : Still magical after 40 years

Advertisements