Posted in Favourite

HTC rezound 4G Android

ဒါ … ကိုယ့်ရဲ့ HTC rezound 4G Android ဖုန်းပါ ….

သားသား နဲ့ သမီးလည်း သဘောကျတဲ့ ဖုန်း

Youtube လည်း ကောင်းကောင်း ကြည့်လို့ရတယ် …

နားကျပ်က Beat နားကျပ်မို့ အသံထွက် အရမ်းကောင်းပါတယ်။ အိုင်ဖုန်း နားကျပ်ထက်တောင် ပိုကောင်းပါသေးတယ်။

HTC နှင့် iPhone 4 S တို့ဖြင့် မြင်ရတဲ့ ကိုယ့်ရဲ့ သီရိရတနာ blog

HTC က မြင်ကွင်း ပိုပီး ကြီးပါသေးတယ် …. မြန်မာစာလုံးတွေကို လှ လှ ပ ပ ၀ိုင်းဝိုင်းစက်စက်လေး ဖတ်လို့ရတဲ့ အတွက် … IT သမားတွေကို အရမ်း ကျေးဇူးတင်ပါတယ် ….

HTC နှင့် iPhone 4 S ဖြင့် မြင်ရတဲ့ ကိုယ့် ရဲ့ FB a/c ၂ခု …

ကျောဘက် ကျတော့ ကိုယ်ရဲ့ HTC 4 G က အကြမ်းခံလို့ ကာဗာတောင် ထပ် စွပ် စရာမလိုပါဘူး … iPhone 4S ကျတော့ .. အိမ်မှာ ကလေးများလည်း ကိုင်တော့ ဖုန်း မျက်နှာပြင် ၂ ဖက်စလုံးက အချောတွေ အစင်းရာ ထင်မှာ စိုးလို့ ကာဗာ ထပ်တပ်ထားရပါတယ် …

အလျားလိုက် မြင်ကွင်းကျယ်လည်း ဖတ်လို့ ရပါသေးတယ် …

ဒါက ကိုယ့်ရဲ့ thetnandar.myanmar FB a/c ပါ … မချော ရဲ့ public တင်ထားတဲ့ FB post လေးပါ …

ဒါက ကိုယ့်ရဲ့ ဂိမ်းကစားတဲ့ FB a/c က wall

ဖုန်းမှာ အမေရိကား အချိန် နဲ့ ရန်ကုန် အချိန် ကို တင်ထားတာပါ …
Connecticut ( Eastern Time ) နှင့် Yangon အချိန်ကို တင်ထားတာ ..
နေ့ဘက်ဆို နာရီက ဖြူ နေပီး .. ညဘက်ဆို နာရီ က မဲ နေပါတယ်။ 
နေ့ နှင့် ည ကို အလွယ်တကူ ကွဲပြားစွာ  မြင်နေရပါတယ် ။
အမေရိကား ( အနောက်ဖက်ခြမ်း ) ဆန်ဖရန်စကို နဲ့ ကိုယ့်တို့နဲ့ အချိန် မတူပါဘူး ….
ဖုန်းနဲ့ပဲ YouTube .. TV ကြည့်လို့ရတာမို့ အပြင်တွေ .. သွားရင် တော်တော် အဆင်ပြေပါတယ်။ 
4G မို့ အင်တာနက် လိုင်းဆွဲအားလည်း အရမ်းကောင်းပါတယ်…
မိုးလေ၀သ
iPhone .. siri လိုမျိုးပဲ voice search လည်း ပါ ပါသေးတယ် …
အသံ နှင့် ဘယ်လိုမျိုး လုပ်ဆောင်နိုင်တယ် ဆိုတာကို ရှင်းပြတဲ့ ဗီဒီယို ကို ကိုယ် ရိုက်ထားသော ဓာတ်ပုံ …
အသံ ဖြင့် ဖုန်းခေါ်ခိုင်းလို့ ရသလို … အသံဖြင့် အီးမေလ်း ပို့လို့လည်း ရပါတယ်။ ဖုန်း မတ်ဆေ့ခ်ျလည်း ပို့လို့ရပါသေးတယ်။ ဘယ်နေရာ ရောက်နေတယ်ဆိုတာ GPS လည်း ပို့လို့ ရပါသေးတယ်။ 
အများကြီးပဲ … 
YouTube မှာ ဖုန်းနဲ့ ပတ်သက်ပီး ကလိ လို့ရတဲ့ ဗီဒီယိုတွေ အများကြီးပါ .. အဲဒါတွေ ကြည့်ပီး ကလိနေတာ …
 
 



ဈေးတွေ သွားဝယ်တဲ့ အခါမှာ price ကပ်မထားတဲ့ ပစည်းတွေကို အလွယ်တကူ ဖုန်းဖြင့် scan ဖတ်ပီး ဈေးနှုန်းကို ဖတ်လို့ ရပါသေးတယ်။ 

အိမ်မှာ ၀ယ်ထားတဲ့ ပစည်းကိုလည်း ကြာလို့ မေ့သွားရင် … ဘယ်ဈေးလည်း ဆိုတာလည်း ကြည့်လို့ရပါသေးတယ်။ 


Android ဖုန်းဖြင့် scan ဖတ်ကြည့်ပီး … အိမ်က PS 3 game cd ဈေးနှုန်း 


ဘားကုဒ်ကို scan ဖတ်လိုက်ရုံနဲ့ ဈေးနှုန်းကို အလွယ်တကူ သိနိုင်တာမို့ ကိုယ်လို အိမ်ရှင်မ အတွက် ဈေးနှုန်းတွေ ဖတ်ရတာ တော်တော် အဆင်ပြေပါတယ် …

ဒီမှာ .. ဈေး မကပ်ထားတဲ့ ပစည်းတွေကို နီးရာ scan ဖတ်တဲ့ စက်တွေ shopping mall တိုင်းမှာ ရှိပါတယ်။ 
ကိုယ့် ဖုန်းမှာ scan ပါတော့ အဲဒီ စက်တွေ ဆီ ပစည်းယူပီး သွားကြည့်နေစရာ မလိုတော့ဘူးပေါ့ …
တချို့ တလေမှပါ … များသော အားဖြင့်က ဈေး မှာ … ဈေးနှုန်းတွေက ပစည်းတင်တဲ့ စင် မှာ ကပ်ထားတပ်တာ များပါတယ် …


ဂိမ်း စီဒီ ဈေးနှုန်း 

ဒီမှာတော့ .. ကြောက်လို့ .. မူရင်း ဂိမ်း စီဒီ ပဲ သုံးရဲတယ်။ ကော်ပီ ဂိမ်းစီဒီ မသုံးရဲဘူး …
ဌားကြည့်တဲ့ DVD အချပ်တွေတောင် ကိုယ့် အိမ်မှာ သိမ်းထားချင်တယ် ဆိုပီး … အိမ်က PC computer နဲ့ တောင် ကော်ပီ မကူးဘူး … ကြောက်လို့ … ခိုးကူးခွေတွေက ဒီမှာ ထောင်ဒဏ် နဲ့ ငွေဒဏ်ပဲ ….
ဒီဗီဒီ ရုပ်ရှင်ကားတွေကလည်း ခိုးကူးလို့ မရအောင် .. အထဲမှာ ကွန်ပြူတာ နဲ့ လုပ်ထားမယ်လို့ ထင်တာပဲ … ခိုးကူးလိုက်ရင် ကွန်ပြူတာ ပျက်သွားတာမျိုးလေ .. ကြားဖူးတာ .. ရန်ကုန်မှာ … အဲလိုမျိုး ဗီဒီယိုတွေကို ခိုးကူးလို့ မရအောင် VCD/ DVD မှာ လုပ်ဖူးသေးတယ်။ တချို့ ခိုးကူးတဲ့လူတွေ ကွန်ပြူတာစက်တွေ ပျက်သွားတယ်ဆိုတာလည်း ကြားဖူးလိုက်သေးတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကလားပဲ … နောက်တော့ အဲလိုမျိုး လုပ်လို့ မရတော့ဘူးလည်း ကြားလိုက်သေးတယ် …


ဖုန်းနဲ့ ဂိမ်း စီဒီ 


ဒါက ဖုန်းနဲ့ ကိုယ့်တို့ နေတဲ့ နေရာ ကို Google satellite နဲ့ မြင်ရတဲ့ ပုံ …

ကိုယ့် ရောက်နေတဲ့ နေရာကို FB မှာ share လို့လည်း ရသေးတယ်။ 
တခါ note တခု မှာ ဖတ်လိုက်ရတာ …
FB ကို သူ့ ဘော့စ်များ အောင်းမေ့နေလား မသိဘူး …
ကျွန်တော် ဘယ်ရောက်နေပါပီ ဆရာ ဆိုပီး … တည်နေရာကို အစီရင် ခံနေရသေးတယ် 😛


crackle က ဗီဒီယိုတွေကိုလည်း ဖုန်းနဲ့ လှမ်းကြည့်လို့ ရပါသေးတယ် ….


ဖုန်းထဲက စာအုပ်စင်ပါ …. 
ငယ်ငယ်က လသာ – ၂ မှာ တင်ရတဲ့ Wuthering heights စာအုပ်လည်း ပါ ပါသေးတယ် …


Heathcliff ကို မှတ်မိကြအုံးမှာပါ …


စာအုပ်တွေက စာကြည့်တိုက်က စာအုပ်တွေ အွန်လိုင်းမှာ တင်ထားတာ ရှိရင် အလကား ဖတ်လို့ ရပါသေးတယ် …


ဒီ စာအုပ်ဆိုရင် …


Harvard University Library က စာအုပ်ပါ …


ခဲစာလုံး ခေတ်က ပုံနှိပ်စာအုပ်မျိုး .. 
စာအုပ်တွေကို အွန်လိုင်းကနေလည်း ၀ယ်ပီး ဖတ်လို့ ရပါသေးတယ်။ 
ကလေးတွေရဲ့ မြန်မာစာ .. စာအုပ်လည်း အွန်လိုင်းကနေ ၀ယ်လို့ ရတယ် .. 

သားသားရဲ့ သူငယ်တန်း ဘာသာစုံ စာအုပ်ဆို အွန်လိုင်းကနေ ၀ယ်တာ ၃ကျပ် တမတ်ပါ ….
ရန်ကုန် မဂိုလမ်းက ဈေးနဲ့ သိပ် မကွာပါဘူး …


ဒါ .. ကိုယ့်ရဲ့ my favourite .. DELL … 23″ touch screen ကွန်ပြူတာ လေး 


အဲဒီမှာ ပါတဲ့ Dell က function လေးတွေ …


ဒါက .. ကိုယ်တို့တွေ အသုံးများတဲ့ post stickers လိုမျိုးလေး …
computer screen မှာ လက်နဲ့ touch လုပ်ပီး ရေးလို့ပဲ ဖြစ်ဖြစ် … ( မြန်မာစာ ဆိုရင် လက်နဲ့ ရေးလိုက်ရင် post sticker သိမ်းထားလို့ရပါတယ် ) 
key board လိုချင်တယ်ဆိုရင်လည်း ကွန်ပြူတာမှာ touch screen ကို တို့လိုက်လို့ ရပါသေးတယ်။ 


ဂိမ်းတွေလည်း ပါ သေးတယ် .. 
အဲဒီ ဂိမ်းတွေထဲမှာ Touch Instruments လည်း ပါ ပါသေးတယ်


လက်နဲ့ တို့ပီး ဒရမ် တီးအုံးမလား 


piano တီးမလား


ဂစ်တာ တီးမလား
note တွေက အွန်လိုင်းကနေ ယူလို့ ရပါတယ်။ 
သားသား က basic note ပါ … 
basic note ဆိုပီး အွန်လိုင်းမှာ ရှာလိုက်ရင် Happy birthday က စ … အများကြီး ထွက်လာပါလိမ့်မယ် …


ကွန်ပြူတာမှာ ပါတဲ့ Dell Touch cam နဲ့ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ပီး create လုပ် .. youtube ပေါ် တင်လို့ ရပါသေးတယ် …

အမျိုးစုံ ဖန်တီး လို့ ရတယ် …


ကွန်ပြူတာကနေ တဆင့် ဗီဒီယိုတွေလည်း ဌားကြည့်လို့ ရသေးတယ် …


ဒါက ဈေးနှုန်းတွေ …


ဒါ က လက်နဲ့ touch screen ကို တို့ပီး ကာလာခြယ်တာ .. တံဆိပ်တုံး နှိပ်တာ .. ထပ်ဖြည့်ပစည်းတွေနဲ့ လိုက်ဖြည့်တာ .. အမျိုးစုံ ကာလာခြယ်လို့ ရသလို .. ပုံ မပါ တဲ့ အကွက်မှာလည်း ကိုယ့်  လက်ချောင်းနဲ့ ပုံကို မျိုးစုံ ဆွဲပီး ကာလာခြယ်လို့ ရပါသေးတယ် …


ကာလာခြယ်ဖို့ စာမျက်နှာတွေ အများကြီး ပါတယ် …


ဒါ က HTC မှာ ပါတဲ့ ကိုယ် တလတာ သုံးထားတဲ့ ဖုန်း သုံး နှုန်းတွေပါ …
မိနစ် ၄၅၀ လောက် ခေါ်လို့ရတာကို … ကိုယ် ၁၇ မိနစ် လောက်ပဲ ခေါ်ထားတယ်။ 
မတ်ဆေ့ခ်ျ က တခါတည်း 
အင်တာနက်က 4G အထိ အပြင်မှာလည်း လိုင်းဆွဲအားကောင်းကောင်းနဲ့ သုံးလို့ရပေမယ့် 
အိမ်မှာ အနေများတဲ့ အိမ်ရှင်မ ဆိုတော့ အိမ်က အင်တာနက် မိုဒမ်မှာပဲ wifi နဲ့ မိနေပီး အင်တာနက် သုံးထားတာ ဘယ်လောက်မှတော့ မရှိသေးပါဘူး ။
ကိုယ့် အတွက်တော့ မတန်ဘူး …
တကယ် သုံးတဲ့ လူတွေ အတွက် ဆိုရင် .. တော်တော် တန်တယ်။
ဖုန်းလည်း တချိန်လုံးပြော …
အပြင်မှာပဲ .. အချိန်ကုန်ပီး အင်တာနက် သုံးတဲ့ လူတွေဆိုရင် တော်တော် တန်တယ် …

ဒီ အောက်က ဓာတ်ပုံတွေ က HTC နဲ့ ရိုက်ထားပီး blog ပေါ် share တင်လိုက်တာမို့ ဓာတ်ပုံမှာ ကိုယ့် ဘလော့ လိပ်စာ မပါ ပါဘူး …


ဒါက ပိတ်ရက်မှာ ဒယ်ဒီ နဲ့ အတူ မိသားစု new iPad ကို သွားကြည့်ကြတာပါ …
ဒီမှာတော့ iPad အသစ်ကို အွန်လိုင်းမှာ ၀ယ်ကြတာ များလို့နဲ့တူတယ်။ ကိုယ့်တို့ ရောက်တော့ ပိတ်ရက်ပေမယ့် ဘယ်သူမှ ကြည့်နေတာ မတွေ့ဘူး ။ လူလည်း ရှင်းတယ် …

သမီး .. iPad နဲ့ စာဖတ်နေတာ … စာမျက်နှာ လှန်ဖတ်သလိုမျိုး လုပ်ထားတာ မိုက်တယ် …

iPad ၂ ခု စလုံးကို ယှဉ်ကြည့်လို့ ရပါသေးတယ်။ Beat buy မှာ ဘေး ချင်း ယှဉ်ပြထားတာ ။ ipad နောက်ကျောမှာ iPad ပဲ ရေးထားတာ ဘာမှ လည်း မကွဲပြားဘူး ။ သေချာ ကြည့်ရင် ကင်မရာလေး နည်းနည်း ကြီးတာနဲ့ အသစ်က နည်းနည်းလေး ထူ တာ ဒါပဲ ကွာတယ်။ 
အခု စောင့်ကြည့်တုန်း … နည်းနည်းလေးပဲ ပိုမြင့်ရုံလေး ဆိုရင်တော့ iPad အဟောင်းက ဒေါ်လာ ၁၀၀ လောက် သက်သာ တာ .. အဟောင်းပဲ ၀ယ်မလား လို့ .. မသေချာ သေးဘူး .. 
အခု YouTube မှာ စောင့် ကြည့်တုန်း .. ၀ယ်ပီး တဲ့ လူတွေရဲ့ အသံတွေ .. ယှဉ်ပြထားတာ တွေကို … YouTube မှာ အသစ် နဲ့ အဟောင်းကို difference ဆိုပီး ရှာလိုက်ရင် ဗီဒီယို တွေ အများကြီး ထွက်လာတယ် …

iPad နဲ့ ချက်နည်း စာအုပ်တွေကို ဖတ်လို့ ရပေမယ့် တချို့ စာအုပ်က ၀ယ်ဖတ်ရတာ … ဖုန်းတွေမှာလည်း ဖတ်လို့ရတော့ သိပ်တော့ မကွာဘူး ..

ဒီ ကွန်ပြူတာ က မိုက်တယ် …

MacBook Pro ..

အခု iPad အသစ်ကို သွားကြည့်ပီး .. လောလောဆယ် မ၀ယ်ချင်သေးပါဘူး ….
လိုအပ်လို့ ၀ယ်တဲ့ အခါကျရင် … 
iPad အသစ် ထပ် ထွက်လာ မလား မသိသေးပါဘူး ….
လောလောဆယ် ၀ယ်လိုက်ရင် …
 အိမ်ထဲမှာ နေတဲ့ ကိုယ် မသုံးရဘဲ .. ကလေးများ အတွက် ကျောက်သင်ပုန်း ဖြစ်သွားမှာ မြင်ယောင်ပါသေးတယ် … 
အဲဒါဆိုရင်တော့ .. သူတို့ကို တကျပ်သား ၀ယ်ပေးလိုက်တာကမှ တော်ကာကျအုံးမယ် …
မနှစ်က ရန်ကုန်က ကိုယ်ထွက်လာတုန်းက ၆.၃ သိန်း .. အခု  ၇.၂ သိန်း … 
သူ့က ၀ယ်ပီးရင် ပြန်ရောင်းလည်း ဈေး ပြန်ရသေးတယ် …
ရန်ကုန်မှာ ဆိုရင် ကိုယ် တမတ်သား ကနေ စပီး ကိုယ် .. စ .. စု … တာပါ …. 
ရသလောက်ကို စု တာ … ကိုယ့် ကို ကိုယ် မသဒါ ပဲ နဲ့ကို စု .. တာ …
စား တာတော့ စားတယ် .. 
မသဒါ ဘူး ဆိုတာက LV တို့ chanel တို့ ဒေါ်လာ ၇၀၀ ကနေ ဒေါ်လာ ၃၀၀၀ ကျော်တန် ပိုက်ဆံအိတ်တွေ ၀ယ်မကိုင်ဘူးလို့ ဆိုလိုတာပါ …

အိုင်ပက် ရယ် …

ငါ တကယ် စိတ်မကောင်းပါဘူး …

မနှစ်ကလည်း နင့်ကို ငါ Dell နဲ့ ယှဉ်ပီး ဝေးခဲ့ရသေးတယ် …

ဒီနှစ်ကျတော့လည်း အိုင်ဖုန်း .. အိတ်တီစီ ဖုန်းတို့နဲ့ ယှဉ်ပီး …

ငါ နင့်ကို မရွှေးချယ်ခဲ့တာ ငါ့ကို နားလည်ပါ …

ဒီနေ့ First day of spring ပါ …
အားလုံးပဲ သာသာယာယာ ရှိကြပါစေ ….
… အရင်ပိုစ့် …

သမီး .. ဒီနေ့ နေ့တ၀က်ကျောင်းမို့ .. နောက်များမှ ထမနှဲ နှင့် သုံးထပ်သားဟင်း တင်ပါတော့မည် … 

လာလည်သူ အားလုံး .. ဒီနေ့ ရာသီဥတု သာသာယာယာ ရှိပါစေ …

Advertisements