Posted in U.S.A - My Children, Water Park - Lake Compounce

Lake Compounce – K

Carousel

မြင်းရထားစီးရင် တိုင်လုံးကြီးကြီး အောက်ခြေမှာ အမဲရောင်ပါမှ မြင်းက အပေါ်တက်လိုက် အောက်ဆင်းလိုက် နဲ့ စီးလို့ ပိုကောင်းပါတယ်။

ဒီလို ရွှေရောင်ပိုက်လုံး သေးသေးလေးဆိုရင် မြင်းက အရုပ်ပါ။ ဘာမှကို မလှုပ်ဖူး။

ပြန်ပါတော့မယ်။ ရေကစားကွင်းလည်း ရေတွေ ပိတ်သွားပါပီ။ ကစားကွင်းက ဒီနေ့ဆိုရင် ည ၉ နာရီမှာ ပိတ်ပါတယ်။ တချို့ရက်တွေက ည ၁၁ နာရီ။ 

ပြန်သာ ပြန်တာ။ ကစားကွင်းက ဂိမ်းတွေ ကုန်အောင်တောင် မဆော့လိုက်ရပါဘူး။ ကလေးတွေလည်း မနက် ၁၁ နာရီကတည်းက ရေကစားလိုက်၊ ဂိမ်းဆော့လိုက်၊ မုန့်စားလိုက်၊ ဆိုဒါ သောက်လိုက်နဲ့ ပင်ပန်းနေပီ။ ကစားကွင်းက ဂိမ်း ၁၀ ခုကျော်လောက်ကို မဆော့ဖြစ်လိုက်ပါဘူး။

Thunder Rapids Raft Ride , Sky Ride, Cabana Boat, Lake Plunge Slides, Tunnel Twisters, Saw Mill Plunge အများကြီးပဲ စီးစရာတွေက။ မနက်စောစောသွားမှ တနေကုန် ဆော့တာတောင် မပီးနိုင်ပါဘူး။

Green apple နဲ့ လုပ်ထားတဲ့ Candy apple က ပန်သီးအစိမ်းက ချဉ်တော့ ကလေးတွေက မကြိုက်ဘူး။ cotton candy နဲ့ pop corn ၀ယ်စားနေကြတာ။