Posted in Casino, Casino - Mohegan, Family Leisure, Game Center, Game Center - U.S.A, My kid's childhood life

Mohegan Sun

Mohegan sun casino, Connecticut, USA

ချပါတီ

ခေါက်ဆွဲပြုတ်

ရေကန်သေးသေးလေး အပန်းဖြေ နားနေခန်းမှာ လုပ်ပေးထားတာ။ ကိုယ်တို့ မိသားစုက အဲဒီမှာ ရေခဲမုန့် ထိုင်စားနေကြတာ။

toilet seat cover

Brill automatic toilet seat cover

From Mohegan Sun Casino’s Rest Room

ကစားကွင်းထဲမှာ သားအဖ သုံးယောက် ကစားနေကြတာပါ။

http://kidsquest.com

bowling game

ဒါက ဒေါ်လာ ၂၀ တန် ကတ်ပါ။ ကလေးတွေ ကစားဖို့ ၂၀ ဖိုး သွင်းပေးလိုက်တာ။ တော်တော်ကို ဆော့ယူရပါတယ်။ ကစားကွင်း ထဲက ဂိမ်းတွေ တော်တော်များများ သားအဖ ၃ယောက် ဆော့တာတောင် ကတ်ထဲမှာ ပိုက်ဆံတွေ ကျန်နေပါသေးတယ်။ နောက်တခေါက် သွားရင် ဒီကတ် နဲ့ ထပ်ပီးတော့ ဆော့လို့ ရပါသေးတယ်။

ဒါက ၀င်္ကပါလို ကလေး ကစားကွင်းထဲမှာ ကစားတဲ့ ၀င်ကြေးပါ။ ကလေးတယောက်ကို ဒီနေ့ စနေမို့လို့ US$ 9.50 အထဲမှာ ဓာတ်ပုံရိုက်လို့ မရပါဘူး။ http://www.kidsquest.com/index.php/cyber-quest/tour

ကလေးတွေ ဂိမ်းကစားရတာလည်း အဆင်ပြေတယ်။ ဆော့တဲ့ ဂိမ်းစက်တွေကလည်း အဆင့်မြင့်တယ်။ ဂိမ်းကတ်ထဲ ပိုက်ဆံကျန်နေလည်း နောက်တခေါက် ထပ်ဆော့လို့ ရနေသေးတာရယ်။ US $ 20 ဆို တော်တော်လေးကို ဆော့နေရတာရယ်ကြောင့် မကြာခဏ သွားရောက်လည် ပတ်နေမယ့် နေရာတခုပါပဲ။ မိသားစု အပန်းဖြေလို့လည်း ကောင်းပါတယ်။ အစားအသောက်တွေကလည်း ကိုယ့်စားရင် စားသလို ၁၀တန် ၂၀တန် အစားစားမို့ တခေါက်သွား ၅၀လောက်တော့ ကုန်ပါတယ်။ အိမ်ကို မုန့်တွေ သယ်လာတာမို့လို့ ၈၀ လောက် ကုန်သွားတယ်။

ဒါက ဂိမ်းတွေ ကစားပီးရင် တိုကင်လေးတွေ ရတတ်ပါတယ်။ ရလာတဲ့ တိုကင်ကို စက်ထဲထည့်ပေါင်းခိုင်းလိုက်ပါတယ်။ ပီးရင် ကိုယ့်ရဲ့ ဂိမ်းကစားတဲ့ ကတ် နဲ့ record လုပ်လိုက်ပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ တိုကင် အရည်အတွက်အတိုင်း ကောင်တာမှာ သွားပီး လက်ဆောင်ရွှေးလိုက်ရုံပါပဲ။ ကိုယ်တို့ ဒီနေ့ ကစားတာ တိုကင် ၁၀၄ ရတာမို့ ဒီအရုပ်က တိုကင် ၁၀၀ ဆို လက်ဆောင်ရပါတယ်။ ကျန်တာ ကတ်မှာ သူ့ဘာသာသူ ကျန်နေပါလိမ့်မယ်။ နောက်တခေါက် ကစားတဲ့အခါ သူ့ဘာသာသူ ပေါင်းသွားပါလိမ့်မယ်။

Advertisements