ဌက်ကလေး နှင့် ဟမ်စတာ

သမီးလေးရဲ့ အိမ်မွေး တိရစ္ဆာန် ဌက်လေး … ” Polly “
ကျေးကျုတ် ဌက်ကလေးကို အတောင်ပံတွေ ဘာတွေ မညှပ်ထားပါဘူး။ ဘယ်လို ညှပ်ရမှန်းလည်း မသိပါဘူး။ သေးသေးလေးနှင့် အသည်းယားစရာလေး။ ဌက်ကလေး ငယ်ငယ်လေးကတည်းက အိမ်မှာ မွေးထားတာမို့ ဒီအတိုင်းပဲ အိမ်ထဲမှာ လွတ်ပေးထားပါတယ်။
သူ့ဘာသာ သူ ပျံနေတာပါပဲ။ သူ့ အမြဲနားတတ်တဲ့ နေရာလည်း ရှိပါတယ်။ သစ်ပင် အတု .. သူ့ အတွက် လုပ်ပေးထားပါတယ်။
အဲဒီ သစ်ပင်မှာ မှန် – ဒါန်းလေး ချိတ်ပေးထားပါတယ်။
ပိုလီ က အဲဒီ မှန်ကို ဒန်းစီး ပီး ကြည့်ရင်းနဲ့ စကားတွေ အများကြီး ကျလိ ကျလိ နဲ့ နေ့တိုင်းပြောတတ်ပါတယ်။
သမီးက ပိုလီကို နူးနူးညံ ညံ ဆက်ဆံတတ်တာမို့ ပိုလီက သမီးကိုဆိုရင် ခင်တယ်။
သားသားက ကျောကုန်းယားရင် ကုတ်တဲ့ တုတ်တံချောင်းကြီးနဲ့ အနားကို ရောက်လာတော့ ပိုလီလေးက သမီးလေးရဲ့ ကျောကုန်းပေါ် ပြေးပါလေရော …
သားသားက မရိုက်ပါဘူး။ သူ့က တုတ်နဲ့ တို့ရုံလေး တို့နေတာ … သားသားမြင်တာနဲ့ ” Polly ” က ပျံပါလေရော ..

သမီးလေး နှင့် ဟမ်စတာ  အိမ် ၂ လုံး ကို ပိုက်လိုင်းဖြင့် ဆက်ထားပေးတယ်။ သူတို့တွေ အိမ်ထဲမှာ ဆော့လို့ ပိုကောင်းအောင်လို့ …

ဘေဘီလေးတွေ ရောက်လာတဲ့ အခါကျရင် တအိမ်စီ သပ်သပ် ထားပေးလိုက်တယ်။

ဆက်ထားတဲ့ ပိုက်လိုင်း ဖြုတ်ပြီး တအိမ်စီ သပ်သပ် ထားလိုက်တယ်။

ဟမ်စတာ ဘေဘီလေးများ

ပိုလီလေး နေတဲ့ သစ်ပင် အတု နှင့် မှန်-ဒါန်း

မှန်-ဒါန်း

  ပိုလီက ဒီလိုမျိုး ဒါန်းစီးရင်းနဲ့ မှန်ကြည့်ပြီး စကားတွေ ကျလိ ကျလိ လုပ်တတ်တယ်။
Youtube : Busy Hamster
Advertisements

7 thoughts on “ဌက်ကလေး နှင့် ဟမ်စတာ

  1. အစ်မရေ ။သမီးလေးက ပိုပိုပီးချစ်စရာကောင်းလာတယ်နော်။ သမီးလေးနဲ. ပိုလီလေးကြည်.ရတာ အတွဲကို ညီနေတာပဲ။ ဟိုအကောင်ပေါက်လေးတွေကြည်.ပီး ကျောနောက်က ကျလိကျလိနဲ. ယားလာလို.။ ပေါက်စိကွေးလေးတွေ။ 🙂

    Like

  2. @ Mon Mon Yo Ko – သမီးက ဌက်၊ ခွေး၊ ကြောင်၊ ယုန်၊ ငါး အိမ်မွေး တိရိစာန် မှန်သမျှ အရမ်း ချစ်တတ်တယ်။ သားသားကတော့ ယောက်ျားလေး ဆိုတော့ အဲလောက်တော့ စိတ်မ၀င်စားဘူး။ အဲဒီ အကောင်တွေကို သူ့က ထိမယ်။ တို့မယ် ဆိုတာပဲ သိတယ်။

    ကြက်တူရွေး မွေးဖူးသေးတယ်။ စကား သင်မရလို့ ..
    ညဆို သူများပြောသလို လှောင်အိမ်ကို အ၀တ်နဲ့ အုပ်ပီး သင်ပေးတာပဲ။ မရဘူး။ ငရုတ်သီးလည်းကျွေး၊ အမျိုးစုံ လုပ်ဖူးသေးတယ်။ ရုပ်ရှင်တွေထဲကလိုများ ကြက်တူရွှေးလေး စကားပြောမလားဆိုပီး သင်ပေးခဲ့ဖူးသေးတယ်။ မရဘူးလေ ..

    အဲဒီ ကြက်တူရွှေးတုန်းက လှောင်အိမ် အပြင်ထုပ်ပီး အိမ်ထဲမှာ ပြန်ခိုင်းတော့ သနားပါတယ် မွန်ရယ်။

    မွေးကတည်းက အိမ်မွေးတိရစာန် ရောင်းတဲ့ ဆိုင်မှာ ကတည်းက လှောင်အိမ် .. အိမ်ရောက်တော့လည်း လှောင်အိမ်ဆိုတော့ သူရဲ့ ခြေထောက်တွေက လှောင်အိမ်ထဲက ထုတ်တန်းမှာ အမြဲ ကုပ်နေရတော့ ခြေချောင်းတွေဆိုတာ ကွေးနေတာ။

    လမ်းလျှောက်လိုက်တိုင်း ခြေ ချော် ချော် ကျတယ်။ ခြေချောင်း ကွေးကွေးလေးတွေဖြစ်နေလို့ နောက်မှ တဖြည်းဖြည်း ခြေထောက် နဂို ပြန်ဖြစ်တယ်။

    သူ့က အမြင့်မှာပဲ နေတယ်။

    အစာခွက်၊ ရေခွက်ကို စာအုပ်စင်ပေါ်မှာ ထားပေးထားတာလေ။ ၁၅ ပေ ပတ်လည် အခန်းထဲမှာ မွေးထားတာ။ သမီးက အရမ်းချစ်တယ်။ အဲဒီ ကြက်တူရွှေးကို .. စကားတော့ မပြောဘူး။ လူကဲတော့ ခတ်တတ်ပါ့ .. ရွှေခဲ ဌက်လည်လေး ..

    အဲဒီကတည်းက ဌက်တွေ အိမ်မှာ မွေးရင် လှောင်အိမ်နဲ့ မမွေးတော့ ဘူး။ အိမ်ထဲမှာ ဒီ အတိုင်း လွတ်ပေးထားတယ်။ ပျံ ပါစေ .. လွတ်လွတ်လပ်လပ် ဆိုပီး ဒီ အတိုင်း လွတ်ပေးထားတာ။ ရန်မမူဘူးဆိုတာလည်း သူတို့ ကောင်းကောင်းသိတယ်လေ။ အညှော် မမိအောင်လည်း ထားရသေးတယ်။

    အခု ဒီ ပိုစ့်ထဲက ဌက်က ကျေးကျုတ် .. သူ့နာမည်က ပိုလီ …

    Like

  3. တီတီရေ ဒီပိုစ့်လာဖတ်တာနဲ့တော့ ကွက်တိပဲ.. အိမ်မှာ ဟမ်စတားသေးသေးလေးတွေ မွေးနေတယ်.. ဘာလုပ်လို့လုပ်ရမလဲ မသိဘူး… ဒီနေ့ပဲ မွေးတာ.. သူတို့အိမ်သန့်ရှင်းရေးလုပ်ပေးမလို့ကို သွားလုပ်ရင် လန့်ပြီး ကလေးတွေကို ကိုက်မှာစိုးလို့ မလုပ်ရဲဘူး >.<

    Like

  4. @ Candy – သမီးရေ .. သွား မထိနဲ့နော်။ ဟမ်စတာ ကလေးမွေးရင် .. လှောင်အိမ်ကို ခဏ .. ခဏ သွားမကြည့်ရဘူး။ ဟမ်စတာ အမျိုးမျိုး ရှိသေးတယ်။ တချို့ စုန်းပြူး ဟမ်စတာတွေက သူတို့ ကလေးကို ပြန်စားတတ်သေးတယ်။

    သူတို့ ကလေးကို သူတို့ နဲ့ ခွဲမထားနဲ့နော်။ နာရီပိုင်းလောက် ခွဲထားရင် သူတို့က ကလေးကို အကပ် မခံတော့ဘူး။ အဲဒီ အခါ ကလေးတွေက နို့ပြတ်ပီး သေရောပဲ။

    လှောင်အိမ်က သန့်ရှင်းရေး သွားမလုပ်ပါနဲ့။ အဲဒီ အခါ အမေနဲ့ ကလေးတွေ ခဏလေး ဝေးတော့ အမေက နို့တောင် မတိုက်တော့ဘူး။ ဒီ အတိုင်းပဲ ထားလိုက်ပါ။ သဘာဝ အတိုင်းပဲ ထားလိုက်ပါ။

    ကလေး အဖေက ဆိုးရင် .. လှောင်အိမ် သပ်သပ် ခွဲပေးလိုက်တာ ကောင်းသလို .. ဒီအတိုင်း မိသားစု ထားလည်း ရတယ်။

    တချို့ ဟမ်စတာ အမျိုးအစားက ကိုယ်ကလေး ကိုယ်ပြန်စားတတ်သလို သေတဲ့ ကလေးကိုလည်း ပြန်စားတတ်တယ်။

    ဟမ်စတာက ငါးပတ်သား အရွယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့ ကာလက ၁၄ ရက်လား။

    ၆ ပတ်လား မသိဘူး။ အန်တီ မေ့တေ့တေ့ ဖြစ်နေပြီ။

    သေချာတာတော့ ဟမ်စတာတွေက မျိုးပွားနှုန်း အရမ်းမြန်တာပဲ သိတယ်။ 😛

    Like

  5. @ Candy – Hamster က အသက် – ( လေးပတ် ~ ရှစ်ပတ်သား ) အရွှယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်တဲ့ ကာလက – ( လေးပတ် ~ ရှစ်ပတ် ) ကာလအတွင်း

    အထီး .. အမျိုးအစားတူ ခွဲထားပေးလို့ ရပေမယ့် တအူတုံဆင်း မဟုတ်ရင် ကိုက် ၊ သတ် ရန်ဖြစ်တတ်ပါသေးတယ်။ 😀

    baby hamster ၁၁ ရက်သား သို့မဟုတ် ၂ ပတ်သားလောက်ဆို ဂေါ်ဖီ နုနုဖတ်ဖတ်လေးတွေ . စ .. စားနေပါပြီ။ ကုန်အောင် စားခိုင်းပါ။ နို့မို့ဆိုရင် လှောင်အိမ် အရမ်းနံတယ်။ 😛

    နည်းနည်းကြီးရင် နေကြာစေ့၊ သူတို့ အစာများ ( ready made food ) အစုံစားပါတယ်။ ( အိမ်မှာတော့ အကုန်ကျွေးတယ်။ ဘီစကစ်၊ ပြောင်းဖူး၊ မုန်လာဥနီ၊ ပန်းသီး … )

    ၂ ပတ်သားလောက်ဆို သူတို့တွေ လေ့ကျင့်ခန်း လုပ်နေလောက်ပြီ။ Hamster exercise wheel ပေါ်မှာ 😛

    4 ပတ်ဆို သူတို့တွေ အိမ်ထောင်ပြုပြီ။ 😛

    3 ပတ် သားဆို အမေနဲ့ ခွဲထားလို့ ရပါပြီ …

    ( ဘေဘီ ဟမ်စတာတွေ .. အစာ စ စားပြီဆိုမှ သူတို့ကို ကိုင်ပါ။ လှောင်အိမ် သန့်ရှင်းရေး လုပ်ပါ။ ၁၀ ရက်သားဆို မျက်လုံးဖွင့်လောက်ပြီ။ အမွှေးလည်း ထွက်လာပြီမို့ အရောင်ခွဲလို့ရနေပါပြီ )

    Like

  6. ငှက်လေး တွေမွေးရင် ဘယ်လိုမွေးရမလဲဆိုတာ သိသွားပီ အစ်မ။ ကွန်.မန်.အရှည်ကြီး ပြန်ရေးပီး စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ ကျေးဇူးနော်။

    Like

  7. @ Mon Mon Yo Ko – အမက သောကြာသမီးလေ .. ရေးရင်း ပြောရင်းနဲ့ စကားများသွားတာ …

    မိသားစုအိမ်ကို အလည်လာတာ ကျေးဇူးတင်ပါတယ် မွန် … 🙂

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s