Posted in My Childcare, U.S.A - Snow

ပျားရည်

သားသားကို သောကြာနေ့က Pediatrician ( ပီဒီယာ ထရစ်ရှင် ) –  ကလေး အထူးကု ဆရာဝန်  ဖြင့် သွားပြပါတယ်။ သားသားက Tylenol ( ထယ်လီနော ) Motrin ( မော်ထရင်း ) သောက်ပီးကတည်းက အဖျားက ကျနေပါပြီ .. ချောင်းဆိုးတာပဲ ကျန်ပါတော့တယ်။
ကလေး အထူးကု ဆရာဝန်က သားသားကို သေချာ စမ်းသပ်ပီးတာနဲ့ အဖျားကျဆေး ထပ်ပီး မသောက်ခိုင်းတော့ပါဘူး။ သားသားကို ချောင်းဆိုးပျောက်ဖို့ ပျားရည် ( တစ်မျိုး ) ပဲ သောက်ခိုင်းပါတယ်။
သားသား အအေးမိပီး ဖျားတာ အဖျားကျဆေး တစ်ရက်ခွဲ စာလောက်ပဲ သောက်လိုက်ရပါတယ်။ အဖျားကျတာနှင့် ကလေး အထူးကုဆရာဝန်က ပျားရည် ( တစ်မျိုး ) ပဲ သောက်ခိုင်းလို့ ကိုယ့်မှာ စိတ်ထဲ ဘ၀င်မကျ .. သေချာရဲ့လား။ အဖျားက အရှင်းမှ ပျောက်ပါ့မလား .. ဆေးပတ်တောင် လည်ရဲ့လား .. 
အမေရိကားက ကလေး အထူးကု ဆရာဝန်က သားသား .. အဖျားကျသွားရင် .. အဖျားကျဆေး ဆက် မတိုက်ပါဘူး။ သားသား ဖျားတုန်းက သောက်တဲ့ Tylenol နှင့် Motrin က အပြင်မှာ ၀ယ်လို့ မရဘူး .. အမျိုးအစားတူပဲ ၀ယ်လို့ ရပါတယ်။ အဲလိုမျိုး တခါသောက်စာ ဆေးခွက်သေးသေးလေးက ၀ယ်လို့ မရဘူး။ 
သားသားက အဖျားလည်း ကျနေတာ တကြောင်း .. သူ့ကို ပျားရည်၊ ရေနွေးနွေး ၊ သံပုရာရည်လေး နဲ့ ဖျော်ပီး တိုက်လိုက်တာ ဘာပြောကောင်းမလဲး .. တဟွတ် ဟွတ် နဲ့ ဆိုးနေတဲ့ အအေးမိ ချောင်းလည်း နေ့တ၀က်ကျော်လောက်မှာပဲ သက်သာပီး ချောင်းဆိုးပျောက်သွားပါတော့တယ်။ 
ပျားရည် အကြောင်း ..  ကိုယ့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတော့ ပြောပီးသွားပြီ .. 
သဘာဝ ပျားရည်
ပျားမွှေးမြူရေး ဌာနမှာ ပိုးသတ်ဆေး မသုံးထားတဲ့ သဘာဝ ပျားရည်
အစာမကြေတာ .. ခံတွင်းဝေဒနာများ .. လည်ချောင်းနာ ( sore throat ) .. ချောင်းဆိုး .. ဓာတ်မတည့်တာ .. အပူလောင်တာ .. ထိခိုက်ဒဏ်ရာ .. အမာ၇ွတ် .. အဖုအပိန့် ထွက်ရင် ပျားရည်ကို ဆေးဝါးအဖြစ် သောက်သုံးနိုင်ပါတယ်။
Since 1892 
ပျားရည် 
အအေးမိရင် ပျားရည် သောက်ရတယ်ဆိုတာတော့ ကြားဖူးပါတယ်။ ဒါပေမယ့် ကိုယ်က ချောင်းဆိုးတာကို ရောဂါပိုး တခုလို သတ်မှတ်ထားတာ .. ကလေးက အဖျား မရှိဘူး။ ချောင်းတော့ ဆိုးနေတယ်။ ချောင်းဆိုးပျောက်ဆေး မပေးပဲ .. သဘာဝ ပျားရည်ပဲ သောက်ပါ။ အဲဒီဆေးဝါးကို ညွှန်ပေးတာ အရမ်း သဘောကျသွားတယ်။ 
ဆေးဝါးတွေက မလိုအပ်ပဲ မသောက်တာ အကောင်းဆုံးပါ။ ဆေးဝါးတွေက သောက်ရင်လည်း အချိန်မှန်မှန် သောက်တာ ပိုကောင်းပါတယ်။ ၆ နာရီခြား တကြိမ်ဆိုရင် ဆေးပတ်လည်အောင် ၆နာရီ ခြားပီ ဆိုတာနဲ့ အချိန်မှန်မှန်တိုက်တာ ဆေးလည်း တိုးပါတယ်။ အစာဖြင့် တွဲသောက်သော ဆေးရှိသလို အစာဖြင့် တွဲမသောက်ရတာလည်း ရှိပါတယ်။ အဖျားပျောက်ဆေးကျတော့ အစာဖြင့် တွဲသောက်ရပါတယ်။ ကော်ဖီတို့ ဂတ်စ်ပါတဲ့ အရည်ဖြင့် တွဲသောက်လို့ မရပါဘူး။ 100% လိမော်ရည်၊ ပန်းသီးဖျော်ရည် ရပါတယ်။ ဘီစကစ်၊ cracker နှင့် ဆေးကို တိုက်တာ ကလေးအတွက် ပိုကောင်းပါတယ်။
သူငယ်ချင်းတွေလည်း သဘောကျတယ်။ ကလေးတွေကို  ချောင်းဆိုးပျောက်ဆေး သိပ် မတိုက်ချင်ဘူးလေ .. မလိုအပ်ပဲ ချောင်းဆိုးတာကို ပိုးတခုလို သတ်မှတ်ပီး ပိုးသတ်ဆေး အမောက်စလင်တွေလည်း ကလေးတွေကို မတိုက်ချင်ပါဘူး။ 
ပျားရည်ကို နာနတ်သီးနှင့် ကျွေးရင် ကလေးတွေ သန် ကျပါတယ်။
သားသားကို သန်ချဖို့ လိုလားဆိုတော့ ကလေးအထူးကုဆရာဝန်က မလိုပါဘူးတဲ့  သားသား ပုံမှန် ကျန်းမာရေး စစ်ဆေးဖို့ ရက် သတ်မှတ်ပေးပါမည်။ ဖုန်းဆက် အကြောင်းကြားတဲ့အခါမှာ မှန်မှန် ကလေး အထူးကုဆရာဝန်ကို ပြရုံပါပဲ ..
ဒီနေ့ မနက်ကျသော စနိုး .. မတ်လ ၁၉ ရက်နေ့ဆို ဆောင်းရာသီ ကုန်ပြီ .. 
Spring season ( နွေဦး ရာသီ ) လာပါတော့မည်။
တစ်နှစ်လုံးမှာ Spring Season ( March 20 ~ June 20 ) အလှဆုံးပဲ .. 
အပူအအေး အနေတော်ပါပဲ …
Summer Season ( June 21 ~ Sept 21 ) နွေရာသီကျတော့ ပူတယ်။ မနှစ်က တော်တော်ကို ပူတာ ဒီမှာ ၉၀ ဒီဂရီ ဖာရင်ဟိုက် လောက်ဆို တော်တော်ပူနေပါပြီ။
၃ပေ စနိုး လက်ကျန်များနှင့် ဒီနေ့ မနက်ကျသော စနိုး ၂ လက်မ 
ဒီနှစ်မှာ ကြုံတွေ့ရတဲ့ နှင်းမုန်တိုင်းတွေက နှင်းထု ကြီးတယ်။ ဒါပေမယ့် လေပါတယ်။ သစ်ပင်မှာ စနိုး မတင်ဘူး။ မြေပြင်မှာပဲ စနိုးထု ၃ ပေ တင်ပါတယ်။ 
ဆန်ဒီ ဟာရီကိန်း ပီးတော့ လာတဲ့ နှင်းမုန်တိုင်းတုန်းကလည်း သစ်ပင်မှာ စနိုး မတင်ပါဘူး။ အဲဒီ အချိန်တုန်းက ကျတဲ့ နှင်းမုန်တိုင်းက လေရော မိုးရောမို့ စနိုးများပေမယ့် သစ်ပင်တွေ မလဲဘူး။ ကားတွေတော့ ice slip အရမ်း ဖြစ်တယ်။ 
မြူ၊ မိုး၊ လေ၊ နှင်း တပြိုင်တည်း ကျတဲ့ ရက်တွေလည်း ရှိပါတယ်။ အဲဒီအခါကျရင် ရှေ့ကား တောင် မမြင်ရတော့ဘူး။ မီးကြီး ထွန်းလည်း မှောင်မည်းနေတာပါပဲ ..
စနိုးကျပီး … မိုးရွာတဲ့အခါကျရင် အအေး သက်သာတယ်။
စနိုးကျပီး .. မိုးမရွာရင် တော်တော်ကို အေးတယ်။ ဒီနှစ် ကွန်နက်တီကတ်က တော်တော်အေးတယ်။ မနှစ်က အောက်တိုဘာ စနိုးမုန်တိုင်းကြောင့် စနိုး စောစောလာတဲ့ နှစ်မှာ ကွန်နက်တီကတ်က နှစ်ပေါင်း တစ်ရာကျော်အတွင်းမှာ ဆောင်းတွင်း အပူဆုံး နှစ်လို့ ပြောတယ်။ မနှစ်က နှင်းတော့ စောစောလာတယ်။ ဆောင်းတွင်း ကာလ ပတ်လုံး စနိုးကျတာ နည်းတယ်။ နှင်းလည်း စောစော ပြန်သွားတယ်။ ဒီနှစ်လောက် မအေးဘူး။ 
ဒီနှစ်ကျတော့ ရာသီမှန်တယ်။ သတိထားမိသလောက် .. အမေရိကားမှာ Daylight saving time ( မတိုင်ခင် ) အချိန်ပြောင်းခါနီးတိုင်း ရာသီဥတု ဖောက်ပြန်တာကို ကိုယ့် အမေရိကားမှာ နေထိုင်တဲ့အချိန် ၂ နှစ်စလုံး ကြုံခဲ့တယ်။ 
2011 – Daylight saving time – November 06, 2011
2011 – October Snow Storm – October 30, 2011
2012 – Daylight saving time – November 04, 2012
2012 – October Sandy Hurricane – October 30, 2012
ဒီလို အဖျားကျဆေးတွေက Market မှာ အလွယ်တကူ ၀ယ်လို့ရပါတယ်။
ဒီဆေးက tylenol အမျိုးစားတူတယ်ဆိုပီး ဘူး အပေါ်နားလေး ( အ၀ါရောင် ဘောင်ကွတ်ထဲမှာ ) ရေးထားပါတယ်။
ဆေးဘူးမှာ warning သတိပေးစာတွေ အများကြီးပဲ .. 
အဖျားကျဆေးက ၅ နာရီ ခြား တကြိမ် တိုက်တာ ပိုကောင်းပါတယ်။ အိမ်မှာ ကလေးများကို ရေပတ်ဝတ်လည်း နဖူးပေါ်တင်တယ်။ ရေပတ်လည်း တိုက်တယ်။ အဖျားကျဆေး ၅ နာရီခြား တကြိမ်စီ တိုက်သွားတယ်။ 
Pedia care ဆေးဗူး 
Walgreens ဆေးဗူး 
စနိုးတင်နေတဲ့ သစ်ကိုင်းပေါ်မှာနားနေတဲ့ ဌက်တွေကို ကြည့်ရင်း စားနေတဲ့ မနက်စာ သကြားပလာတာ
စနိုးမှုန်တွေ ကျလာတာကို အင်တာနက် ဖတ်ရင်း ကြည့်နေရတာ ကြည်နူးဖို့ ကောင်းပါတယ်။ 
ရန်ကုန်မှာတုန်းက မိုးရွာတာကို ကြည့်ပီး ကော်ဖီခါး သောက်ရတဲ့ အရသာကို အရမ်း သဘောကျသလို …
အမေရိကားမှာလည်း စနိုးကျတာကို ကြည့်ပီး ကော်ဖီခါး သောက်ရတဲ့ အရသာကို အရမ်းသဘောကျပါတယ်။
ပုစွန်ကျား
ဓာတ်ပုံတွေကလေ .. watermark တွေ မထည့်နိုင်တော့ဘူးကွယ် .. တကယ့်ကို မအားဘူး။ အဲဒါတွေ ထည့်ပီးမှ ဓာတ်ပုံ ပိုစ့်တင်ရင် ပိုပီး အချိန်ကြာနေမှာစိုးလို့ water mark မထည့်တော့ပါဘူး။

အရင်ပိုစ့် 

    Advertisements

    Author:

    I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

    4 thoughts on “ပျားရည်

    1. ပျားရည်ကိုဆေးအဖြစ်သုံးရတာ ဝေမျှပေးလို့ ကျေးဇူးပါ အစ်မရေ …။
      အစ်မ ဘလော့က Mychildcare တေ အကုန်လာဖတ်ရအုံးမယ်..။ အသုံးတည့်တယ်။ ကလေးမိဘတွေရဲ့ ဘလော့ကနေ သင်ရတာတွေ အများကြီးပဲ .. ကလေး နေမကောင်းဖြစ်ရင် ပျာရလွန်းလို့

      NSA

      Like

    2. @ NSA – ပျားရည်ကို သံပုရာရည်နဲ့ ဖျော်သောက်တတ်ကြတာ .. မိဘ ဘိုးဘွားတွေ လက်ထက်ကတည်းက အိမ်သုံး ဆေးနည်းပေါ့နော် …

      ဒါပေမယ့် ခေတ်တွေ အဆက်ဆက်ပြောင်းပီး .. အခု ကိုယ့် လက်ထက်ကျတော့ နေမကောင်း၊ တခု ခု ဆိုရင် ဆေးသောက်မယ် ဆိုတာပဲ အသိ ရှိတော့တယ်။

      ချောင်းဆိုးတယ်။ ဆေး .. ဆေး .. ပဲ …
      မီးဖိုချောင်ထဲက ဆေးဖက်ဝင်တွေနှင့် ကုစားလို့ ရတယ်ဆိုတာ အသိ မေ့နေတယ်။

      အမေရိကား ဆရာဝန်တွေက ဆေးတွေကို လိုအပ်မှပဲ သောက်ခိုင်းပါတယ်။ ဆေးသောက်လိုက်လို့ လတ်တလော သက်သာသွားပေမယ့် နောက်ဆက်တွဲ side effect တွေ အရမ်းများတယ်။ အသည်းထိတာတို့ အဆုတ်တို့ … ဒီမှာ ကလေးတွေကို တော်ရုံ တန်ရုံ အမောက်စလင်တောင် မပေးကြပါဘူး။

      ဒီက ကလေးတွေက မွေးကတည်းက မှန်မှန် ကလေး အထူးကုဆရာဝန်နဲ့ ကျန်းမာရေး စစ်ဆေးနေရတာပါ။

      သွားပိုးစားရင်တောင် သွားပိုးစားတဲ့ ပိုးတွေ ဗိုက်ထဲရောက်သွားရင် … အသည်း ထိခိုက်တတ်ပါတယ်။ အဲဒီအခါကျရင် ပိုးစားနေတဲ့ သွားတွေကို ခြစ်ပစ်ပီး သွား ဖာပေးတယ်။ သွားနှဲ့နေရင်လည်း သွားအမြစ်တွေ ယောင်၊ မယောင် စစ်ဆေးပီးမှ သွားနှုတ်ပေးပါတယ်။ သွားအမြစ်တွေ အတွင်းပိုင်းမှာ ယောင်နေတဲ့အချိန် သွား နှုတ်မိရင် ပါးယောင်တတ်လို့ပါ။ သွားနှုတ်ထားတဲ့ ခလေး သောက်တဲ့ ရေခွက်ကို သပ်သပ် ထားပေးရပါတယ်။

      Liver warning ကလေ အများကြီးပဲ … အမ အလွယ်ဆုံး မှတ်ထားတာက မလတ်ဆတ်တဲ့ အစားအစာ ( ချဉ်ဖတ်၊ ငပိ၊ သရက်သီးသနပ် … ) ချဉ်ဖတ်ကို အလွန်အကျွံ မစားတာ .. ချဉ်ဖတ် စိမ်ထားသော အရည်ကို လုံးဝ မစားသောက်ဖို့ .. ငပိ ဆို မီးဖြင့် ကျက်နေအောင် ငပိဖုတ်ဖို့ .. သရက်သီးသနပ် ကို အလွန်အကျွံ နေ့စဉ် မစားသောက်ဖို့ .. ငပိရည်ဆိုရင် တနေ့စာ စားရုံလောက်ပဲ ဖျော် ဖို့ .. မသန့်ရှင်းတဲ့ လက်ဖြင့် အစားမစားဖို့ ..

      တချို့ ခံနိုင်ရည် အားကောင်းတဲ့လူမျိုးက ကျန်းမာရေး ဂရုမစိုက်ပေမယ့် ခံနိုင်ရည် ရှိကြပါတယ်။ ဒါပေမယ့် အဲဒီလူမျိုးတွေကို အမ နောက်ဆက်တွဲ ကြည့်လိုက်တိုင်း သူတို့က ရောဂါ တော့ လတ်တလော မဖြစ်ဘူး။ ဖြစ်တဲ့အချိန်ကျရင် ဆေးမတိုးပဲ ရောဂါ ကျွမ်းနေတဲ့ အဆင့်တောင် တခါတည်း တန်းရောက်သွားတာမျိုးကို တွေ့ဖူးပါတယ်။

      အမက ဒီနှစ် ၄ လပိုင်းဆိုရင် အသက် ၄၀ .. အတတ်နိုင်ဆုံး နောက်ထက် အသက် ၂၀ လောက်နေချင်ပါတယ်။ ဒါမှ သားသား ၂၅ နှစ်အထိ အမ အသက်ရှင်နေမှာပါ။
      သန့်ရှင်းမှု့က ကြီးကျယ်တာထက် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
      မနှစ်ကအထိ ကျန်းမာရေး စစ်တာ အကုန် ကောင်းနေပါသေးတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို မရှိ ..
      နမိုးနီးယားပိုးတော့ အရမ်း ကြောက်တယ်။ အသည်းရောဂါလည်း ကြောက်တယ်။ ၀မ်းချုပ်မှာလည်း ကြောက်တတ်ပါ့ .. ( ဟား ဟား )

      Like

    3. သေချာပြန်ဖြေပေးတာ ကျေးဇူး..အစ်မ ..
      ဒီကောမန့်ကိုတောင် ပို့စ် တစ်ပုဒ် လုပ်သင့်တယ်..။

      Like

    Leave a Reply

    Please log in using one of these methods to post your comment:

    WordPress.com Logo

    You are commenting using your WordPress.com account. Log Out / Change )

    Twitter picture

    You are commenting using your Twitter account. Log Out / Change )

    Facebook photo

    You are commenting using your Facebook account. Log Out / Change )

    Google+ photo

    You are commenting using your Google+ account. Log Out / Change )

    Connecting to %s