Posted in My Childcare, U.S.A - My Children

အာသီးယောင်

သားလေး အာသီးယောင် ချင်သလို ဖြစ်နေတာမို့ .. သားလေးကို အစစ ဂရုစိုက်နေရပါတယ်။
သားလေး အဖျားရှိလို့ ဆေးရုံသွားပြတယ်။ ဒီအရွယ် .. လေး .. ငါးနှစ် အရွယ်တွေ အဖြစ်များတတ်တဲ့ အာသီးယောင် ချင်သလို ဖြစ်နေတယ်။ ဒေါက်တာက သားသား လည်ချောင်းတွေကို သေချာ စစ်တယ်။ လည်ချောင်း ဘေးနှစ်ဘက်ကို ဒေါက်တာ ကိုင် .. နှိပ် .. စစ်တဲ့အခါ သားလေးက မနာပါဘူး။ ချောင်းတော့ ဆိုးတယ်။ တုပ်ကွေးလည်း မဟုတ်ဘူး။ လျှာထုတ်ခိုင်းပီး အာခေါင်တွေ အာသီး သေချာ စစ်တယ်။ အာသီးက ယောင်ချင်သလို ဖြစ်နေတယ်။ သားလေးကို အဖျားရှိတာနှင့် ဆေးရုံသွားပြထားတာ ပိုကောင်းတယ်။ ဆရာဝန်တွေက ကိုယ် ထက် ပိုတတ်ကျွမ်းတော့ သားလေးအတွက် ပိုကောင်းတယ်။
ကျောဘက်တွေ နားကျပ်နဲ့ သေချာ နားထောင်ပီး အဆုတ်ကို စစ်တယ်။ အကုန်ကောင်းတယ်။ အသက်ရှုသံ မှန်တယ်။ ဒူးခေါင်းတွေ အရိုးအဆစ် နာ မနာ စစ်တယ်။ အာသီးယောင် နောက်ဆက်တွဲ လေးဖက်နာ ဖြစ်တတ်ကြတာမို့ ဒေါက်တာက သေချာ စစ်ဆေးနေတာပါ။ ပီး၇င် ဒေါက်တာက သေချာ ရှင်းပြပေးပါတယ်။
ချက်ဘေးပတ်လည် စစ်တယ်။ လက်နဲ့ နှိပ်ပီး စစ်တာ။ ချက်နား က ဗိုက်နာရင် သံကောင်ကြောင့် အူယောင်ပီး ကလေးတွေ ဖျားတတ်တယ်။
ဆေးခန်း
ဆေးကို အစာနှင့် တွဲသောက်ဖို့ ဆေးရုံက မုန့်၊ အအေးဗူးလေးတွေ ထည့်ပေးလိုက်ပါတယ်။
မုန့်
အအေးဗူး
ရန်ကုန်မှာ သားလေး နှင့် သမီးလေး အက်ပီတမ် ကလေးအားဆေးကို ဒီလိုပိုက်မျိုးနဲ့ အားဆေး သောက်နေကျ .. အခု အမေရိကားမှာ ဆေးကို ဒီလို ပိုက်နဲ့ သောက်ရမယ်ဆိုတော့ သဘောကျနေကြတယ်။ 
ကိုယ် .. အသိ ကလေး အမေ များက မေးတတ်ကြပါတယ်။ အမေရိကား က ဆရာဝန်တွေ on တဲ့ ဆေးအမျိုးအစားတွေကို သူတို့ မေးတတ်ကြပါတယ်။ ရန်ကုန်မှာ သူတို့ကလေးတွေကို on တဲ့ တချို့ဆေးတွေကို ကိုယ်လည်း မသိဘူးရယ် … တချို့ဆေးတွေကိုတော့ ရန်ကုန်မှာ နေတုန်းက အိမ်က ကလေးတွေ သောက်ဖူးတာမို့ ကိုယ့် အတွေ့အကြုံကို ပြောပြပေးပါတယ်။ 
အခု သားသားကို အာသီးယောင်ချင်သလို ဖြစ်နေလို့ on တဲ့ ဆေးတွေကတော့ …
Tylenol – 6ml   4 ~ 6 hours for fever
Motrin – 6ml 6 ~ 8 hours for fever 
သားသားကို နား ကနေ တဆင့် အဖျားတိုင်းထားလို့ အဖျားရှိနေတဲ့သားလေးကို ဆေးရုံမှာ Tylenol 6ml နှင့် အတူ လိမော်ရည် တဗူးတိုက်တယ်။ ဆေးတိုက်လိုက်ပီး နာရီဝက် အတွင်း သားလေး ချွေးထွက်လာပီး အဖျားကျသွားပါတယ်။ 
ကိုယ့်ဘာသာ ကိုယ် အိမ်မှာ ဆိုရင် .. Pedia care အဖျားကျဆေးပဲ တိုက်ဖြစ်မှာလေ … ကလေးက ငယ်သေးတာမို့ ဆရာဝန် သွားပြတာ အကောင်းဆုံးပါပဲ …
အာသီး ဘာကြောင့် ယောင်ရတာလဲး ဆိုပီး ကိုယ့်ကိုကိုယ်လည်း အပြစ်တင်ချင်နေတယ်။ သားသားက စနိုးတွေနဲ့ ဆော့တဲ့အခါကျရင် စနိုးတွေကို ပါးစပ်ထဲထည့်ပီး စားတတ်သေးတယ်။ အနည်းငယ်ပါ။ အမေ အော်လိုက်ရင် ထွေးထုပ်ပစ်လိုက်တာချည်းပါပဲ။ အရမ်းဆိုးရွားကြီး အာသီးယောင်နေတာ မဟုတ်ဘူးလို့တော့ ဒေါက်တာက ပြောတယ်။ သားသားက ရေခဲချောင်းတွေလည်း ကြိုက်တယ်။ နွေရာသီတုန်းကဆိုရင် ရေခဲချောင်း နေ့တိုင်းစားတယ်။ အဲဒါတွေကြောင့်တော့ မဟုတ်ဘူး။ 
မနက်ဖြန် Pediatrician နှင့် ထပ်ပြရပါအုံးမည်။ သားလေးက အဖျားကျသွားပါပြီ .. နောက်ဆို ကလေးကို ပုံမှန် check up လုပ်ဖို့ ဆေးရုံက မှာလိုက်ပါတယ်။ regular basis တဲ့ … 
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “အာသီးယောင်

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s