သမီးလေး မွေးနေ့ကိတ်

IMG_2176
You are God’s most precious gift. Happy Birthday my sweetheart!
IMG_2200
Angel’s Birthday Cake
IMG_2199
မနှစ်ကလည်း သမီးက သူ့မွေးနေ့ကိတ်မုန့်ကို သူ ကိုယ်တိုင် ကိတ်မုန့်ဖုတ်သလို .. ဒီနှစ်လည်း သူ့မွေးနေ့ကိတ်မုန့်ကို သူ ကိုယ်တိုင်ပဲ ကိတ်မုန့်ဖုတ်တယ်။
IMG_2197
သမီးက ကိတ်မုန့်ဖုတ်တာ ၀ါသနာ ပါတယ်။
ကိုယ်က ချဉ်၊ ငံ၊ စပ် ကြိုက်တဲ့သူဆိုတော့ ကိတ်မုန့်ကို သိပ်မကြိုက်ဘူး။ 
ဘယ်လိုပြောရမလဲး .. အဲဒီ အရသာ သိပ် မကြိုက်ဘူး။
ချဉ်၊ ငံ၊ စပ်တို့ ဘာတို့ကျတော့ စားလိုက်ရင် စိတ် ဘ၀င်ကျသွားတယ်။ အဲဒီ ကိတ်မုန့်တွေကျတော့ တခါတရံပဲ စားဖြစ်ပါတယ်။
နောက်ပိုင်းကျရင်တော့ မပြောတတ်ဘူး။
အခု လောလောဆယ်တော့ ကိတ်မုန့်တွေထက် ချဉ်ချဉ်၊ ငံငံ၊ စပ်စပ် အရသာတွေကို ပိုကြိုက်တယ်။
သမီးကတော့ ကိုယ် နှင့် ဆန့်ကျင်ဖက် ကိတ်မုန့်တို့ ကွတ်ကီးတို့ အရမ်းကြိုက်သလို အရမ်းကို မုန့်ဖုတ်ချင်တယ်။ ၀ါသနာ အရမ်းပါတယ်။ 
IMG_2196
ကိတ်မုန့်ဖုတ်ပီး ကိတ်ခရမ်သုတ်တာလည်း သူ့ကိုယ်တိုင်ပဲ .. ခရမ်တွေကို ဓါးဖြင့် ညီအောင် ညှိနေတာ ညှိလို့ မရတာနှင့် သူ့ဘာသာ သူ Youtube search လုပ်လိုက်တာ ခရမ်တွေ ကိတ်မုန့်ပေါ်မှာ ညီအောင် ညှိဖို့ စကူ အထူကို သုံးပီး ကိတ်ခရမ်တွေ ဆွဲ ညှိပေးပါဆိုတာနှင့် သူ့ သေ သေချာချာ ညှိနေတာလေ …
ချောကလက်ဆန်တွေလည်း သူ့ဘာသာ သူ လိုက်တပ်နေတာ ..
အိမ်က ကွန်ပြူတာမှာ Parental controls လုပ်ထားတာမို့ ကလေးများ စိတ်ချ လက်ချ internet – search အသုံးပြုလို့ရပါတယ်။ 
IMG_2182
IMG_2181
IMG_2130
ဒီနှစ် သမီးလေး မွေးနေ့မှာ အလုပ်တွေ အရမ်း၇ှုပ်နေတာနဲ့ မွေးနေ့ ပူပေါင်း အလှဆင်ဖို့ အချိန်များများ မရှိဘူး။ ဒါနဲ့ ပန်းဆိုင်မှာ ဟိုက်ဒရိုဂျင် မိုးပျံပူပေါင်း ပန်းရောင် တစ်ဒါဇင် မှာလိုက်တယ်။ ဒါဇင်ဝက်လည်း ၀ယ်လို့ ရပါတယ်။ ဒီမှာ မိုးပျံ လေပူပေါင်းကို တစ်ဒါဇင် $ 10
IMG_2125
သမီး အကြိုက် Princess Heart Ballon က ၄ ဒေါ်လာ နီးပါး .. ဒီဇိုင်း အစုံ ရှိတယ်။ စာတမ်းတွေကော၊နံပါတ် ဂဏာန်းတွေကော၊ ကာတွန်းပုံတွေကော .. ကိုယ်ကြိုက်တဲ့ ပုံ ရွှေးပီး ဆိုင်မှာ ဟိုက်ဒရိုဂျင် သွင်းခိုင်းရုံပါပဲ။
ရန်ကုန် တရုတ်တန်းမှာလည်း အဲလိုမျိုး လေဘောလုံးတွေကို ဟိုက်ဒရိုဂျင် သွင်းပီး ရောင်းတဲ့ အိမ် ရှိတယ်။
ရန်ကုန်မှာတော့ အဲလို ကာတွန်းပုံ လေဘောလုံးက တစ်လုံးကို ၁၅၀၀ကျပ် .. အမေရိကားမှာတော့ လေးဒေါ်လာ … သူ့က ပလပ်စတစ် အသားမို့ ဟိုက်ဒရိုဂျင် ကြာကြာခံတယ်။ တပတ်လောက်မိုးပျံနေလိမ့်မယ်။ အောက်ပြန်မကျဘူး။
ရာဘာ လေဘောလုံးထဲ သွင်းထားတဲ့ ဟိုက်ဒရိုဂျင်ကျတော့ ၉ နာ၇ီလောက်ပဲ ခံတယ်။
IMG_2124
လေဘောလုံးတွေကို မျက်နှာကျက်မှာ သွားကပ် မနေဘဲ မျက်နှာကျက် နဲ့ လွတ်နေအောင် ခရစ်စမတ် ပစည်းတွေနဲ့ အလေး ဆွဲထားလိုက်တယ်။
IMG_2149
သားသားက အခုနောက်ပိုင်း အသီးတွေ အရမ်းစားတယ်။
သူ့အတွက် မွေးနေ့ စပျစ်သီး
IMG_2147
မင်းဂွတ်သီး
IMG_2144 IMG_2136
ကလေးများအကြိုက် ဂျယ်လီ၊ ချောကလက်၊ သကြားလုံး
ရေခဲမုန့် Friendly’s က အမေရိကားမှာ နာမည်ကြီးပါပဲ ..
 
IMG_2159
ရေခဲမုန့်ကို ကိတ်မုန့်ပုံစံ ပြုလုပ်ထားတာပါ။
အကုန်လုံး ရေခဲမုန့် အရသာမို့ ကလေးများက အရမ်းကြိုက်ပါတယ်။
အဲဒီ ရေခဲမုန့် ကိတ်မုန့်က ကလေးများ အများကြီး စားနိုင်တယ်။
စားလို့လည်း ကောင်းတယ်။
ရေခဲမုန့် ကိတ်မုန့်မှာ အောက်ပိုင်း ကိတ်သား နေရာကို ချောကလက် ရေခဲမုန့်ဖြင့် ခဲထားပီး ..
အပေါ်ပိုင်း ကိတ်မုန့် ခရမ် နေရာကို Qwip ခရမ်အရသာဖြင့် ရေခဲမုန့် ခဲထားတာပါ။
စားလိုက်ရင် နူးနူးညံညံဖြင့် စားလို့ ကောင်းပါတယ်။
ကိတ်မုန့် အရသာလိုမျိုး မအီဘူး။
ရေခဲမုန့်ကိုပဲ ကိတ်မုန့်ပုံစံ အနေအထား ပြောင်းထားတာပဲ ရှိပါတယ်။
ဒီမှာ တော်တော်များများ ကလေး မွေးနေ့ ပါတီတွေမှာ တွေ့ရတတ်ပါတယ်။
ကျောင်း မွေးနေ့ပါတီ နှင့် အိမ်နီးချင်း ကလေးများ မွေးနေ့ပါတီတွေမှာ တခါတည်း အပြီး .. ကျွေးတတ်ကြပါတယ်။
ရေခဲမုန့် လည်း ဖြစ်သလို မွေးနေ့ကိတ်မုန့်လည်း ဖြစ် …
အရသာကလည်း ကလေးများလည်း ကြိုက်တော့ ၂ မျိုး ၀ယ်ပေးစရာ မလိုတော့ဘူး။
တခုတည်းဖြင့် ပြီးသွားတာမို့ မိဘများကလည်း သဘောကျတယ်။
IMG_2165
သမီး မွေးနေ့ စားပွဲ
IMG_2202
အအေးဗူးများ
IMG_2230
IMG_2231

IMG_2235
မွေးနေ့ ဖယောင်းတိုင် ထွန်းလိုက်တော့ သားသားက ပြောစရာမလိုပဲ မီးသွားပိတ်နေတာ …
IMG_2236

IMG_2237
IMG_2238
တခုလုံး ရေခဲမုန့် ဆိုပေမယ့် အပြင်မှာ နာရီဝက်လောက်တော့ ထားလို့ရတယ်။ အရည် မပျော်ဘူး။
မွေးနေ့ ဖယောင်းတိုင်လေးတွေ လိုက် စိုက်နေတာ ..
No matter how many birthdays come and go, you will always be my little princess.
Happy Birthday my Angel!
A daughter is a day brightener and a heart warmer.
Words in any language can’t describe how grateful I am for having you. You are my princess, my light, my source of happiness. Happy Birthday my beloved daughter!
IMG_2255
တော်တော်များများက ထင်တတ်ကြတယ်။ ကိုယ်က သားကို ပိုချစ်မယ်လို့ …
ရင်းနှီးတဲ့လူတွေကတော့ သိတယ်။
သမီးကို ပိုချစ်တာကို …
IMG_2257
IMG_2260
ကိတ်မုန့် ခွဲပီးတော့ သမီးက လိပ်ပြာလေးတွေကို အတောင်ပံ ပျံနေတဲ့ ပုံစံ လုပ်ထားတယ်။
အဲဒါလေးတွေက သကြားခဲတွေပါ။ ကလေးများက သကြားလုံး စားနေကျဆိုတော့ ကြိုက်တာပေါ့နော်။
IMG_2261
IMG_2269
A mother’s treasure is her daughter.
A daughter is a little girl who grows up to be a friend.
IMG_2209
ပုစွန်သုပ် .. တုံယန် အနှစ်ဖြင့် သုပ်ထားတာ …
ကိုယ် ပိုကြိုက်သွားတာက ပဲပင်ပေါက်ကို အစိမ်းအတိုင်းပဲ ရေဆေးပီး ထည့်သုပ်တာ ( ရေနွေး မဖျော်ဘူး ) .. ရှောက်ရွက်လည်း ပါသေးတယ်။ ချဉ်၊ စပ် တော်တော် စားလို့ ကောင်းတယ်။
IMG_2210
ကလေးများ အကြိုက် ဆာတေး ( မြေပဲဆော့စ် )
IMG_2211
ကြက်သား တာကီယာကီ
IMG_2212
ဘဲကင် နှင့် ဂျုံဖက်ရွက်
IMG_2213
ပုစွန် နှင့် သီဟိုဠ်စေ့ကြော်
IMG_2214 IMG_2215 IMG_2216 IMG_2218
သမီး ခေါင်းမှာ Happy birthday crown လည်း ဆောင်းထားတော့ မွေးနေ့ရှင်ဆိုတာ ပြောစရာ မလိုပါဘူး .. Restaurant က သမီး သူငယ်ချင်း စားသောက်ဆိုင်ပါ။ မနှစ်က သမီး တရုတ်နှစ်သစ်ကူး စားပွဲ သွားစားခဲ့တဲ့ ဆိုင် .. အဲဒီဆိုင်မှာ မွေးနေ့ ညစာ သွားစားကြတာ .. ဆိုင်ပိုင်ရှင်က ရေခဲမုန့်ခွက်မှာ ဖယောင်းတိုင်လေး ထွန်းပေးပီး မွေးနေ့ သီချင်းဆိုပေးတယ်။ ဘေးနားက စားပွဲဝိုင်းတွေကပါ မွေးနေ့ ဆုတောင်းပေးကြတယ်။
အမှတ်တရ မွေးနေ့ပွဲလေးပါပဲ …
Advertisements

7 thoughts on “သမီးလေး မွေးနေ့ကိတ်

  1. သမီးလေးမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာထိ
    ချစ်တဲ့မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့တဲ့
    ဘ၀ခရီးကို ပိုင်ဆိုင်နိုင်ပါစေ……

    Like

  2. ဟက်ပီးဘတ်ဒေးပါ သမီးလေးရေ။ ၁၁ နှစ်ထဲနဲ့ ကိတ်မုန့် ဖုတ်နေပြီဆိုတော့ သိပ်တော်တာပဲ။ ပြီးတော့ အလှဆင်ထားတာ အတော်လှတယ်။ အန်တီတော့ သဘောကျသွားပြီနော်။

    Like

  3. @ Ko Ko Sein – YGN – ကျေးဇူးပါ အကို …
    အကိုတို့ မိသားစု အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ ….

    @ ခင်မင်းဇော် – ကျေးဇူးပါနော် … ပိုစ့်မှာ မွေးနေ့ ရက်စွဲ ထည့်ဖို့ မေ့သွားလို့ပါ။ သမီးလေး မွေးနေ့က ပီးခဲ့တဲ့ လကပါ။ မွေးနေ့ ပီး တလလောက်ကြာမှ ဒီဘက် ဘလော့မှာ ပိုစ့်တင်ဖြစ်သွားပါတယ်။

    အခုခေတ် ခလေးတွေက ငယ်ငယ်လေးကတည်းက .. ဂျုံတွေနဲ့ ဆော့နေကျမို့ သူတို့က မုန့်တွေ လုပ်တာ ပိုဝါသနာ ပါတယ်။ ကလေးတွေ ဆော့တဲ့ ဂျုံမှာ မိုခွက်လေးတွေကလည်း တကယ့် မုန့်လုပ်တဲ့ နေရာမှာ သုံးတဲ့ မိုခွက် ပုံစံမျိုးနဲ့ တော်တော်တူပါတယ်။

    ၂၀၁၁ ကတည်းက သူ .. ကိတ်မုန့်ဖုတ်တယ်။ အမှတ်တရ ဓါတ်ပုံလေးတွေ ဘလော့မှာ တင်ထားပါသေးတယ်။

    သူ့ ကိတ်မုန့် ဖုတ်ထားတဲ့ Peach cake မုန့်လုပ်နည်း ဗီဒီယိုလည်း Youtube နှင့် ဘလော့မှာ မှတ်တမ်းတင်ထားပါသေးတယ်။

    Ready made တွေကို ပဲ သုံးတာမို့ သူ့ အသက်အရွယ်နှင့် လုပ်တတ်နေတာလည်း ပါ ပါတယ်။

    ကွတ်ကီးတို့ ဌက်ပျော်သီး muffin ပူတင်းတို့ကျ ready made တော့ မဟုတ်ပေမယ့် မွှေစက်ဖြင့် ၄ မိနစ်လောက် မွေပီး oven ထဲ ထည့် မုန့်ဖုတ်တာမို့ အရမ်းလွယ်ပါတယ်။

    ကျွန်မ အတပ်ပြောရဲပါတယ်။ ကလေး တယောက် ၀ါသနာ သာ ပါကြည့် ကိတ်မုန့်၊ ကွတ်ကီး၊ ပူတင်း၊ muffin ၊ ပေါင်မုန့် ၊ cup cake မုန့်ဖုတ်တတ်မှာ အသေအချာပါ။

    ကိတ်မုန့်ပေါ်မှာ ကပ်တဲ့ သကြားခဲတွေ ခရမ်တွေကလည်း ready made တွေလေ .. ဂျုံမှုန့်၊ ကြက်ဥ၊ ထောပတ်၊ သကြား၊ ချောကလက် ပဲ မွှေစက်ဖြင့် မွှေပီး ရလာတဲ့ ကိတ်မုန့် ကိတ်သား ၂ တုံးကို အလယ်မှာ ပေါင်မုန့် ယိုသုတ်ပီး ထပ်သလို ထပ် .. အပေါ်ကနေ သူက ကိတ်ခရမ် ready made ကို အရောင် အနည်းငယ်ထည့်စပ် မွှေပီး ခရမ် သုပ်ထားတာ .. သူ့ ကိတ်မုန့် ကို သူ ခရမ်သုတ်ပီး ခရမ်တွေက ကိတ်မျက်နှာပြင်မှာ မညီမညာ ဖြစ်နေတော့ Youtube ကနေ ရှာပီး Youtube နည်းဖြင့် ကိတ် ခရမ်ကို thick paper ဖြင့် ဆွဲငြိပါတယ် ..

    Like

  4. @June One – ကျေးဇူးပါနော် June One.
    ဟုတ်တယ် သမီးက ကြီးလာတော့ တရုတ်နဲ့ ပို ပို ပီး တူလာတယ်။

    ဂျွန်တို့ စင်ကာပူက တရုတ်တွေလို ရုပ်မျိုးလေ ..

    ပီကင်းက တရုတ် အစစ်တွေလို ရုပ်မျိုး မဟုတ်ဘူး။

    ဒီမှာတော့ သူ့ကို ကိုရီးယားနဲ့ ဆင်လို့တဲ့ …

    အခု ဒီမှာ စနိုးမုန်တိုင်း စကျနေပီ .. ဒီနေ့ ကွန်နတ်တီကတ်မှာ အကုန်လုံး အိမ်ထဲမှာပဲ … အလုပ်တွေ ပိတ်၊ ကျောင်းတွေ ပိတ်ပဲ …

    Like

  5. Happy Birthday, Angel lay.

    you are so smart and beautiful now.
    Your hand made cake is very great.

    တော်လိုက်တာ …သမီးလေးရေ… အရင်ကထက်လဲပိုချောလာတယ်။
    ပညာတွေအများကြီးတတ်ပီး မိဘကျေးဇူးသိသော သမီးကောင်းရတနာလေးဖြစ်ပါစေ..သမီးလေးရေ..

    Naung Chain family.

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s