Posted in Massachusetts, My kid's childhood life, Six Flags New England

Mc Donald

မနေ့က Six Flags ကို မိသားစု သွားရောက် လည်ပတ်ခဲ့ပါတယ်။
ကလေးတွေ ကျောင်းမဖွင့်မီ …
ကလေးတွေ New Chapter မစခင် …
သွားလည်ခဲ့တာလည်း ပါသလို … Six Flags – Season Pass ၀ယ်ထားတာလည်းပါတယ်။
မိသားစု အပန်းဖြေဖို့ ဆိုရင် ဒီနှစ် Season တွေထဲမှာ Six Flags ကိုပဲ ဦးတည်ပီး သွား ဖြစ်နေပါတယ်။
A 2013 Season Pass is the best way to enjoy Six Flags New England! You’ll get unlimited visits for the rest of 2012 (including Fright Fest) and the 2013 season, free tickets for your friends, in-park discounts, and free admission to all of the other Six Flags Theme Parks.
Six Flags မသွားခင် … Connecticut – Mc Donald မှာ စားရင်း .. ကလေးများ Playground မှာ ဆော့ကြပါတယ်။
အဲဒီလိုမျိုး လျှောတွေက စီးလိုက်ရင် .. ဓာတ်လိုက်သလိုမျိုး ဖြစ်တတ်ပါတယ်။ သမီးက သားသားကို တို့နေတာ။ ဓာတ်လိုက် .. မလိုက် တို့ပီး စမ်းနေတာ။
ရန်ကုန်က သမီး .. သူငယ်ချင်းတွေတောင် အရုပ်တွေနဲ့ မဆော့တော့ဘူး။
Angel ကတော့ သူ့မောင်လေးနှင့် အတူ ဆော့ရင်း .. အခု အချိန်အထိ အရုပ်တွေလည်း ဆော့နေတတ်သလို .. ကစားကွင်းတွေမှာလည်း ပျော်ရွှင်စွာ ကစားနေတုန်းပါပဲ။
ဘယ်သွားသွား .. အရုပ် အမြဲတန်းပါတယ်။ သူ့ ယူလာတဲ့ အရုပ်တွေကို သူ့ဘာသာသူ မပျောက်အောင် ထိန်းသိမ်းတတ်သလို .. ပျောက်မှာလည်း အရမ်းကြောက်တယ်။
ကိုယ်မနေ့က Six Flags မှာ Locker ထဲကို ရေကန်ထဲ မဆင်းခင် နာရီချွတ်ပီး .. အ၀တ်တွေ အပေါ်ထည့်ခဲ့လိုက်တယ်။
ရေဆော့ပီး ပြန်လာ … Locker ထဲက အ၀တ်ထုပ် ဆွဲပီး အ၀တ်လဲခန်း အသွား .. Locker ရှေ့မှာ နာရီ ကျကျန်ခဲ့တာ သတိမထားမိလိုက်ဘူး။
အ၀တ်လဲပီး နာရီဝတ်ဖို့ လိုက်ရှာတော့ မတွေ့တာနဲ့ .. အ၀တ်ထုတ်ကို Locker ထဲ ပြန်ထည့်ရင်း …
အမေရိကားက လူတွေက သူများ ပစည်းဆို ကောက်လေ့ ကောက်ထ မရှိပါဘူး။
Locker ရှေ့မှာ ကျနေတာ တယောက်ယောက် မြင်ရင် .. ကောက်ပီး တနေရာမှာ ထားပေးမှာပါ ဆိုပီး 7′ Locker အပေါ်ကို … ဒယ်ဒီကို စမ်းကြည့်ဖို့ ပြောလိုက်တော့ .. ဒယ်ဒီ လက်နဲ့ လှမ်းပီး စမ်းရှာတာ .. ကိုယ့်ရဲ့ ရွှေနာရီလေး ပြန်ရပါတယ်။
ဒီမှာ ဟမ်းဖုန်းတွေ ကောက်ရရင်လည်း … ဖုန်းနံပါတ် ခေါ်တဲ့အခါ ပြန်လာပို့ပေးတယ်။
မှတ်ပုံတင်တို့ အရေးကြီးကဒ်တွေဆိုရင် လိပ်စာအတိုင်း စာတိုက်ကနေ ပြန်ပို့ပေးပါတယ်။
စာပို့တာလည်း လွယ်လွယ်လေးပါ။ အကယ်လို့ ကိုယ်က သူများရဲ့ ကားမောင်းလိုင်စင်ကို ကောက်ရခဲ့တယ်ဆိုရင် … ကိုယ့်အိမ်က စာတိုက်ပုံး ( Mail Box ) ထဲမှာ ထည့်လိုက်ပီး … ( New Mail Red Flag ) အနီရောင် အလံလေးထောင်ပေးလိုက်ရုံပါပဲ။
အဲဒါဆို နေ့စဉ် နေ့တိုင်း စာလာပို့တဲ့ စာပို့သမားက စာထည့်မယ့် စာ .. စာတိုက်ပုံးထဲမှာ ရှိတယ်ဆိုတာ သဘောပေါက်ပီး သူ့ အဲဒီစာကို အရင်ယူပါလိမ့်မယ်။ ချက်လက်မှတ်ပါတဲ့ ဘီလ်ဆောင်ထားတဲ့ စာအိတ်တွေလည်း ဒီအတိုင်း စာထည့်လိုက်ရုံပါပဲ။ စာပို့သမားက စာလာသိမ်း၊ စာလာထည့်တဲ့ အချိန်မှာ ယူသွားတယ်။
( အမေရိကားမှာ စာထည့်ပုံ ထည့်နည်းကို ပြောပြတာပါ။ စာထည့်ဖို့ အတွက် .. စာတိုက်ပုံး ရှိတဲ့ နေရာ၊ စာတိုက်ကြီးတို့ကို သွားစရာ မလိုဘူး။ )
အမြန်ဆိုရင်တော့ အမြန်ချောပို့တို့ Fedex Express ကနေ တဆင့် သူတို့ အိမ်လာယူ .. ပါဆယ်ပို့ပေးတယ်။ ကွန်နတ်တီကတ်မှာ အရင်တုန်းက DHL ရှိတယ်။ အခု DHL မရှိတော့ဘူး။
ကိုယ် … ကော်ဖီသောက်နေရင်း .. ဆိုင်ထဲကို .. ပါဆယ်မှာပီး ထွက်သွားတဲ့လူ ရေးကြီးသုတ်ပြာနဲ့ ပြန်ဝင်လာတယ်။ … သူ့ကား Mc Donald ရှေ့မှာ ရပ်ထားပီး ပါဆယ် လာဝယ်တာ။ အခု ကားပေါ် ပြန်သွားတော့ ကားတံခါး Lock ကျနေလို့ အကူအညီ တောင်းနေတာကို ကြားတယ်။ Mc Donald က လူတွေက ရဲ ကို ဖုန်းဆက်ခေါ်ပေးတယ်။ ၁၀ မိနစ်ကြာမှာ ရဲကား ၂ စီး ရောက်လာပီး .. အဲဒီလူ့ရဲ့ ကားမောင်းလိုင်စင်စစ်တယ်။ သူ့ကား ဟုတ်မဟုတ် တချက်စစ်တယ်။ ဆိုင်းထိုးခိုင်းပီး .. ရဲ ကား အနောက်ဖုံးထဲက သံချိတ်ကောက် အရှည်ကြီး ထုတ်တယ်။ ကားသော့ကို ကားရှေ့ပြူတင်းပေါက်မှန် နှင့် နောက်ပြူတင်းပေါက်မှန်ကြားက နေရာကို ကလန့်ပီး သံချောင်းချိတ်ကောက်ကြီးနဲ့ လှမ်းယူနေတယ်။ ဆိုင်ရှေ့တည့်တည့်ဆိုတော့ မြင်နေရတယ်။ ဓာတ်ပုံတော့ မရိုက်တော့ဘူး။ 08.26.2012 – နေ့လည် ၁၂နာရီ ပတ်ဝန်းကျင် .. ကွန်နက်တီကတ်ကနေ မန်ဆာချူဆက်ကို သွားတဲ့လမ်းပေါ်က Mc Donald ဆိုင်ရှေ့မှာတွေ့ခဲ့ပါတယ်။
အဲဒီလူရဲ့ ကံပါပဲ။ Mc Donald မှာ ပါဆယ်ဝယ်ချင်ရင် ကားပေါ်ကနေ မဆင်းပဲ .. ကားနဲ့ ပတ်ပီး ဆိုင် ဘေးနား – ပြူတင်းပေါက်ကနေ ၀ယ်လို့ရပါတယ်။ နောက်တချက်က .. ကားပေါ်က ဆင်းရင် .. ကိုယ်ဆင်းတဲ့ ကားတံခါးဘက်ခြမ်းက Lock မကျပဲ ပွင့်နေမှာပါ။ ကားသော့နှင့် remote control key နှင့် ပိတ်မှပဲ Lock ကျမှာပါ။ တခါတလေလည်း .. အဲဒီလူလိုမျိုး ဖြစ်လေ့ ဖြစ်ထ ရှိနေမှာပါပဲ။ ယောင်ပီးတော့များ .. စိတ်တခြားရောက်နေလို့ Lock သွားချထားတာနဲ့တယ်။ ဒါမှ မဟုတ် ကားတံခါး ပျက်နေတာလား။

ကစားကွင်းထဲမှာ တခြား ကလေးလေးတွေ ရေဆော့နေတာ .. သဘောကျလို့ ဓာတ်ပုံ ရိုက်လာတာ။
ရေကရားထဲ ရေထည့်ပီး အပင်တွေ လိုက်လောင်းနေတဲ့ ပုံစံလေး ..
ကလေးတွေကို ထိန်းရင်းနဲ့ သူတို့ လွတ်လွတ်လပ်လပ် ဆော့နေတာကို ထိုင်ပီး  စောင့်ကြည့်ရတာ တကယ့် စိတ်ချမ်းမြေ့ဖို့ကောင်းပါတယ်။
အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့။
သူတို့ကို မျက်စိအောက်မှာပဲ ထားပီး လွတ်ပေးပါ။
ဒါမှ သူတို့ ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာမှာ။
မျက်စိကွယ်ရာတော့ မရောက်ပါစေနဲ့။
သူတို့ …  ဘာမှ မရင့်ကျက်သေးလို့ပါ။
သမီးလေး အနောက်နားက ကလေးလေး ဆိုရင် ၃ လသားလောက်ပဲ ရှိအုံးမယ်။  ရေဆော့နေတာ အရမ်း ပျော်နေတာပါပဲ။
Thiriyatanar
Aug 27, 2012  ( Mon )
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s