National Race Village Myanmar

National race village Myanmar

မနက် ၈း၃၀ နာရီမှာ အိမ်က စထွက်ပါတယ်။ တိုင်းရင်းသား ကျေးရွှာက သန်လျှင်တံတား အောက်က လမ်းကနေသွားပီး ညာဘက်ကွေ့လိုက်ရင် ရောက်ပါသည်။ ၀င်ကြေးတွေက လူကြီး 200 ကျပ်၊ ကားက ၂၀၀၀ ကျပ်၊ ကလေး ၂ယောက်ခတော့ မပေးရပါ။

အထဲမှာ ရွှာတွေကို ပတ်ကြည့်ဖို့ ၂ယောက်နင်း စက်ဘီးလေးများလည်း ဌားလို့ရသည်။

ပုံကို credit : Google က ရှာထားတာ။

ရွာပတ်ကြည့်ဖို့ ဘက်ထရီကားလေးတွေလည်း ရှိသည်။ မိသားစု ထမင်းချိုင့်တွေနဲ့ လာတဲ့ အုပ်စုတွေလည်း တွေ့ရပေမယ့် ကရဝိတ်ပန်းခြံလောက် လူမများတာတွေ့ရသည်။

ဘာလို့ သွားတာလဲး ဆိုရင် အိမ်နဲ့ ဒီလောက် နီးရက်နဲ့ အဲဒီရွှာဘက်ကို လေ့လာဖို့ မရောက်ဖြစ်ပဲနဲ့ shopping mall တွေဘက်ပဲ ရောက်ဖြစ်နေသည်။ အဓိက အကြောင်းရင်းက သူငယ်ချင်းယောက္ခမ ရုပ်ရှင်မှာ မိုးဟေကိုနဲ့ ကျော်ရဲအောင် မေမြို့ ရုက္ခဗေဒဥယျာဉ်ရှေ့က တိုင်းရင်းသား ကျေးရွှာမှာ စားသောက်နေတဲ့ ရှုခင်းကို ကြည့်ပီး လှလိုက်တာ။ ပန်းတွေနဲ့ မြက်ခင်းပြင် စိမ်းစိမ်းစိုစိုနဲ့ ဆေးတွေသုတ်ထားတာလည်း အသစ်၊ ဆေးတွေလည်း မကွာသေးဘူး။ နန်းမြို့ရိုးတွေ၊ ပုဂံဘုရားသေးသေးလေးတွေ အရမ်းကို ကြည့်လို့ကောင်းတာပဲ။ မေမြို့ မသွားနိုင်အုံးတော့ နီးနီးနားနား သာကေတက တိုင်းရင်းသားကျေးရွှာတော့ သွားကြည့်အုံး မှပါပဲ ဆိုပီး ရောက်ဖြစ်သွားတာပါ။

မိသားစု အမှတ်တရကတော့ တိုင်းရင်းသား ၀တ်စုံများဝတ်ပီး ဓာတ်ပုံအမှတ်တရ ရိုက်ခဲ့တာ လေးတွေပါ။။

တစ်စုံကို တစ်ခါ၀တ် 500ကျပ် ပါ။ ကချင်အိမ်၊ ချင်းအိမ် ရောက်ဖြစ်ခဲ့ပေမယ့် အဲဒီ ရိုးရာဝတ်စုံ မဝတ်ဖြစ်ပဲနှင့် သမီးက ကျောင်းမှာ မြန်မာသမိုင်းကို အင်္ဂလိပ်လို သင်နေရတော့ ကျန်စစ်သားရဲ့ မဏိစန္ဒာကို ကောင်းကောင်းရင်းနှီးနေသည်။ မဏိစန္ဒာ အကျီပဲ ၀တ်ပီး ဓာတ်ပုံရိုက်လာဖြစ်သည်။

ဂိတ်ပေါက်ရဲ့ ဘယ်ဘက်ခြမ်းမှာ တိုင်းရင်းသား အားလုံးရဲ့ အစားအသောက်ဆိုင်များ အများကြီး ရှိတဲ့အထဲက ရှမ်းစားသောက်ဆိုင်ပဲ ရွှေးပီး စားသောက်ဖြစ်သည်။ ငါးထမင်းနယ် နှင့် ရှမ်းထမင်းချဉ်။ အပြင်က စျေးနှုန်းနဲ့ တူတူပါပဲ။ လူတော့ တော်တော်နည်းသည်။ နည်းဆို ဘယ်သူ့မှကို မရှိတာ။ စနေ နေ့လည်ခင်းမို့လို့နဲ့တူတယ်။ ညနေစောင်းရင်တော့ မပြောတတ်ပါ။ စားသောက်ဆိုင်မှာ ပြောတာပါ။ ရွှာထဲမှာတော့ လူတွေ အများဆုံး ၂၀၀ လောက်တော့ ရှိမယ်နဲ့တူတယ်။

နောက်ထပ် သွားချင်တဲ့နေရာတွေက မြန်မာပြည်တွင်းဆိုရင် နေပြည်တော်က တိရစ ္ဆာန်ဥယျာဉ် + Planet museum + ရေပန်းဥယျာဉ်၊ နဲ့ မေမြို့က တိုင်းရင်းသားကျေးရွှာ + ရန်ကုန် ပြည်သူ့ဥယျာဉ်ထဲမှာ ရှိတဲ့ ခေတ်မှီ ရေလွှာလျှောစီး (အခုထက်ထိ မဖွင့်သေးဘူးနဲ့တူတယ်)

ငါးထမင်းနှယ်

ရှမ်းထမင်းချဉ်

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s