Posted in Life Style, My Choice, My favourite, My kid's childhood life

Dell – touch screen

Best buy မှာ သမီး iPad 2 game ကစားနေတာပါ။

Daddy က ကွန်ပြူတာရွှေးနေတယ်။

Daddy’s  choice

Gate Way- All-In-One Computer

Intel (R)Core i3 Processor

21″ Display

4GB Memory

1 TB Hard Drive

web cam

wireless keyboard and wireless mouse

 ဒါက ကလေးများအတွက် သီးသန့်နေရာလေး လုပ်ပေးထားတယ်။ ခြင်းတောင်းထဲမှာ ဟမ်းဖုန်း အစုပ် အစုံပဲ။ ကလေးများကစားဖို့ ထားပေးထားပါတယ်။

 ဒယ်ဒီ casher မှာ ငွေရှင်းနေတာပါ။

 ခြင်းတောင်းထဲက အိုင်ဖုန်းတို့ အမျိုးအစားစုံ ဖုန်းတွေကို သားသား နဲ့ သမီး ဆော့နေကြတာ။

 အင်တာနက်လည်း သုံးလိုက်ကြပါသေးတယ်။ (အဲဒီအချိန် မာမီ နဲ့ ဒယ်ဒီက ကွန်ပြူတာရွေးနေတာပေါ့)

ပထမ Gate way 21″ touch screen ၀ယ်လာပါသေးတယ်။ screen က အရမ်း အတုန်ကြီး မဟုတ်ပေမယ့် တချက် တချက်မှာ screen တုန်လာလို့ သွားပြန်လဲလိုက်ပါတယ်။ ၂ပတ်အတွင်း ၀ယ်လာတုန်းက ပစ္စည်းအပြည့်အစုံနဲ့ ဘောက်ချာပြပေးလိုက်ရင် ပိုက်ဆံ ထပ်ပေးစရာမလိုပါဘူး။ အခု Dell 23″ tocuh screen ပြန်လဲလိုက်ပါတယ်။ TV အနေနဲ့လည်း သုံးလို့ရပါတယ်။

Laptop & Destop

dest top – system unit box ပုံစံမျိုးတွေလည်း အစုံပါပဲ။ touch screen တွေက system unit  box မပါဘူး။ မော်နီတာမှာပဲ တွဲရက်ပါတယ်။ စီဒီလည်း တွဲရက်ပဲ ပါတယ်။ နုမယ်လို့ စိတ်ထင်တာ မဆိုးပါဘူး။ သူ့ကို ၂၄ နာရီ ဖွင့်ထားပီး အိပ်ချိန်လောက်ပဲ သူ့ကို အနားပေးထားတာပါ။ 😀

အမေရိကားရောက်တော့ ဒယ်ဒီ Sony laptop တစ်လုံးနဲ့ မိသားစု ၄ယောက်သုံးဆိုတော့ မလောက်တော့ဘူးလေ။ မိသားစု ၄ယောက် လုနေကြတာနဲ့ ကွန်ပြူတာ ထပ်ဝယ်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ destop ကိုပဲ ပို၀ယ်ချင်တယ်။ destop က အပြင်ပန်းကြည့်ရင် စက်ပူတာ ပိုခံနိုင်ရည်ရှိတယ်။ အိမ်မှာ ကွန်ပြူတာကို ၂၄ နာရီ ဖွင့်ထားမှာ ဆိုတော့ destop ပဲ အကြမ်းပိုခံနိုင်မှာ။ ပီးတော့  movie ကြည့်မယ်။ game ကစားမယ်။ photo တွေ သိမ်းမယ် ဆိုတော့ memory က အနည်းဆုံး 4GB လောက်မှ။ hard drive ကလည်း ကြီးမှ။ ပီးတော့ memory chip တွေ  ထည့်ဖို့အတွက် extra usb pot တွေ များများ ရှိအုံးမှ။ လိုချင်တဲ့ funtion တွေ demand တွေ နဲ့ ပေါင်းလိုက်ပီး ကလေးတွေ အကြိုက် touch screen ကို စျေးလည်း သင့်တော်ပီး မိသားစု သုံးနိုင်မယ့် စျေးနှုန်း နဲ့ gate way အမျိုးအစားကို ပထမ ရွှေးလိုက်ပါတယ်။ monitor color အရည်အသွေးလည်း ကောင်းတယ်။ sharp လည်း ဖြစ်တယ်။ ပုံတွေ ကြည်ကြည်လင်လင် သဲသဲကွဲကွဲ မြင်ရတယ်။ သဘောကျတာနဲ့ ၀ယ်ဖြစ်သွားတယ်။ monitor မှာ web cam လည်း ပါတယ်။ monitor မှာပဲ hardware တက်ထားတာ ဆိုတော့ system unit box အတွက် ထားစရာ နေရာမရှုပ်တော့ပါဘူး။ wireless keyboard ဆိုတော့ ကြိုက်တဲ့နေရာ ယူထားလို့ရပါတယ်။ အိပ်ရာမှာ remote control ကို ယူထားပီး TV or internet movie လည်း ကြည့်လို့ ရပါတယ်။ display screen က Gate way က 21″ (အခုသုံးနေတဲ့ Dell က 23″) ဆိုတော့ အဝေးကနေလည်း မြင်နိုင်တယ်လေ။ web cam လည်း ပါတယ်။ dvd လည်း ပါတယ်။ window 7, norton virus 1 year free, tv tunner, wireless keyboard and wireless mouse, wifi ပါတယ်။ မြန်မာစျေးနဲ့ဆိုရင် us price and tax ပေါင်းလိုက်ရင် ၆ သိန်းခွဲ နှင့် ရ သိန်းခွဲကြားမှာ ရှိပါတယ်။ ( USD – 899$ )  မြန်မာ သယ်လာလို့ ရရင် ကောင်းမယ်။ ပါးပါးလေးနဲ့ ပေါ့ပေါ့လေးပဲ။ best buy ကနေ သွားဝယ်ထားတာပါ။

Dell – 23″ Touch-Screen All-In-One Computer – 4GB Memory – 500GB Hard Drive Windows 7
23″ Display,
4GB Memory,
500GB hard drive
Special features :
Touch screen,
built in wireless networking,
bluetooth,
wireless keyboard,
wireless mouse and
webcam

နောက်တခု ကြားတာက us မှာ နို၀င်ဘာလ တတိယပတ် ကြာသပတေး နေ့ ကျေးဇူးတော်နေ့ Thanksgiving day ပီး နောက်တရက် သောကြာနေ့ black friday ဆိုရင် ပစ္စည်းတွေ ထက်ဝက်စျေးလောက် ချတယ် .. black friday ပီး Monday ဆိုရင် Cyber Monday မို့ အွန်လိုင်းကနေ ၀ယ်ရင်  စျေးသက်သက်သာသာ နဲ့ ၀ယ်လို့ရတယ်။ ဒါပေမယ့် အဲဒီလောက်ထိ မစောင့်နိုင်ဘူးဖြစ်နေတယ်။ အိမ်မှာ ကွန်ပြူတာ လုနေကြတာပေါ့။ အဲဒါနဲ့ ဒီကို ရောက်ပီး တပတ်လောက် အကြာမှာ သွားဝယ်လိုက်တာ။ memory 10GD လောက် ရှိတဲ့ laptop လည်း တွေ့ပါတယ်။ တစ်ထောင်ကျော်တယ်။ ဂိမ်းတွေက memory များလေ။ ကောင်းလေပဲ။ internet connection ကလည်း memory များလေ မြန်လေပဲ။ ဘယ်လောက်ပဲ cookie တွေ ရှင်းရှင်း memory 2GB တောင် အဆင်မပြေပါဘူး။ flash player ကြောင့် ထင်တယ်။

gate way ကို april ဒုတိယပတ်မှာ သွားဝယ်ထားပီး တပတ်လောက် အိမ်မှာ သုံးကြည့်ပါတယ်။ screen က သိပ်မငြိမ်ဘူး။ တခါတလေ တုန်နေတယ်။ အဲဒါနဲ့ open box ကိုပဲ best buy မှာ သွားပြန်လဲလိုက်ပါတယ်။ ပိုက်ဆံ များ ထပ်ပေးရမလား ဆိုပီး တထိတ်ထိတ်နဲ့ပေါ့။ တစ်လအတွင်း ပြန်လဲရင် ပြန်ဆံ ထပ်မပေးရပါဘူး။ ပစ္စည်း အစုံ နဲ့ ၀ယ်ထားတဲ့ ဘောက်ချာ ပါသွားတယ်။ All in one destop ပဲ ၀ယ်တော့မယ်ပေါ့။ touch screen က မကောင်းဘူး။ တုန်တယ် ထင်နေပေမယ့်။ destop က system unit box တွေ နဲ့ ကြိုးတွေ နဲ့ ရှုပ်နေတာ တကြောင်း။ သားသားက touch screen နဲ့ ဂစ်တာတီးတာ။ သူ့ စာသင်တဲ့ ဂိမ်းတွေ က touch screen နဲ့ပို အဆင်ပြေတာမို့ best buy မှာ သွားပြန်လဲတဲ့ အခါ dell တံဆိပ်ပဲ touch screen ၀ယ်ဖြစ်ပါတယ်။ စောပိုင်းက gate way က ဟာတွေ အားလုံးပါတယ်။ web cam / wireless key board and mouse display moniter screen က 23 inches ဖြစ်သွားလို့ ပိုတောင် ကောင်းသွားပါသေးတယ်။ ဒေါ်လာ ၃၀ ပဲ ပိုပေးလိုက်ရတယ်။ အခုတော့ အဆင်ပြေသွားပါပီ။

best buy မှာ open item ဘူး ဖွင့်ပီး ပြန်လာလဲတဲ့ ပစည်းတွေကို သူတို့ဆီမှာ ထက်ဝက်နီး ပါးလောက်ကို စျေးချတယ်။ ပြန်လာလဲတဲ့ စက်တွေကို ပြင်ပီး ပြန်ရောင်းတာလား မသိပါဘူး။ အထာမသိတော့ မဝယ်ရဲဘူး။ ခဏလောက်ပဲ သုံးရပီး ပျက်သွားရင် အမှိုက်ပုံပါပဲ။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s