Posted in Life Style, My kid's childhood life, U.S.A - Snow Storm

After October Snowstorm 2011, Connecticut, USA

October 29, 2011 နေ့လည် ၁ နာရီလောက်က စပီး နှင်းမိုးတွေ စရွာပါတယ်။

အဲဒီအချိန်တုန်းက အမေရိကားမှာ Fall season, snow တွေ အဲဒီအချိန်မှာ မကျတတ်ပါဘူး။

အဲဒီနှစ် စောပီး စနိုးတွေ စကျတော့ သစ်ရွက်တောင် မကြွေသေးတဲ့ သစ်ပင်တွေက သစ်ရွက်ပေါ် တင်နေတဲ့ စနိုးခဲ အလေးချိန်နဲ့ သစ်ပင်တွေ ကျိုးကျပီး မီးတွေ ပျက်သွားပါတယ်။

 

coast ဘက်မှာ နေတဲ့ လူတွေက တောင် နဲ့ နီးတဲ့ နေရာတွေထက် ဟာရီကိန်းမုန်တိုင်းတုန်းက သူတို့က ပိုခံရတယ်။

 နှင်းမုန်တိုင်းကျတော့ တောင် နဲ့ နီးတဲ့ ကိုယ်တို့ နေရာက ပိုထိတယ်။ နှင်းထုက ဒူးခေါင်းလောက်ထိကို နှစ်တယ်။ 

သူ့ အချိန် နဲ့ သူ နှင်းကျရင်တော့ သစ်ပင်တွေ သစ်ကိုင်းတွေ ကျိုးမကျတတ်ပါဘူး။

သစ်ကိုင်းပေါ် စနိုးတင်လည်း ခပ်ပါးပါးပဲမို့ အလေးချိန် မစီးတော့ သစ်ပင် ကျိုးကျတာ နည်းတယ်။

အခုတော့ …. အခုတော့ …. 😥

မီးမရတာ ၉ ရက် …

တချို့များ သစ်ပင် ကျိုးကျမှု နည်းတဲ့ နေရာမျိုးတွေကတော့ ၁ ရက်၊ ၅ ရက် အကြာမှာ မီး ပြန်ရကြပါတယ်။

ဒါတောင် တချို့ နေရာမှာ ၁၀ရက်ကျော်ကြာတဲ့အထိကို မီးမရကြသေးပါဘူး။

ကွန်နက်တီကတ်မြို့က လျှစ်စစ်မီး Private company က ပြောတာတော့ Wed ဆိုရင် အားလုံး မီး ပြန်ရပါမယ်။

CL&P President Jeff Butler : ” We have missed our goal, and for that, I apologize to everyone.” Says the utility company will restore power to 100% of customers by Wednesday evening.

စနိုးတွေ စကျတဲ့ အချိန် – October 29 2011 – ၃ နာရီ ပတ်ဝန်းကျင် Facebook Video: https://www.facebook.com/video/video.php?v=2586863474253

စနိုးစကျတဲ့ အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ အိမ်မှာ မီးပျက်သွားပါတယ်။ မီးမရှိတော့ Heater က မရ။ ရေပူ မရနဲ့ အေရှန်က လာတာ အမေရိကားမှာ ၆လခွဲကျော်ပဲ ရှိသေးတာမို့ အမေရိကားရဲ့ Heater မရှိတဲ့ နှင်းအေးတဲ့ ဒဏ်ကို မခံနိုင်တာနဲ့ မီး မပျက်တဲ့ စတိတ်က medical university – food court မှာ နေ့တ၀က် သွားနေကြတယ်။

အစားလည်း စား၊

နွေးနွေးထွေးထွေးလေး နေ၊

အင်တာနက် WiFi လည်း သုံးရင်းပေါ့ …

စားသောက်ဆိုင်က နံရံတွေမှာ ပလက်ပေါက်လေးတွေ ထားပေးတယ်။ အဲဒီမှာ ချိတ်ပီး အင်တာနက် သုံးရုံပါပဲ။

တောင်ပေါ် ရောက်နေတာလေ။

ကလောကိုတောင် သတိရမိသေး။

ဘေးစားပွဲက ဆယ်ကျော်သက် တရုတ်မလေးတွေ ကွန်ပြူတာ။ သူတို့လည်း ကိုယ်တို့လိုမျိုးပဲ ဒီမှာ အင်တာနက်သုံးရင်း နွေးနွေးထွေးထွေး နေ နေကြတာ။

အမျှော်အမြင် … အကြံအစည်ကြီးတဲ့ တရုတ်မတွေက … အင်တာနက် ပလက်ပေါက်က စားပွဲတိုင်းမှာ မရှိဘူးလေ။ နံရံဘက်ကပ်တဲ့ ၀ိုင်းပဲ ရှိတာ။ အဲဒါ သူတို့က အိမ်ကနေ extension ပလက်ပေါက်ကျိုးတွေ သယ်လာသေးတယ်။

အရင်နေ့တွေဆိုရင် အဲဒီကျောင်းက ကန်တင်းမှာ ထမင်းစားချိန်လောက်ပဲ လူများတာပါ။ ကျန်တဲ့အချိန်ဆို လူတောင် သိပ်မရှိဘူး။  အင်တာနက်ကလည်း အဲဒီကျောင်းမှာ စာကြည့်တိုက်၊ နားနေဆောင်မှာ သုံးကြတာများတယ်။ Lunch ကို သူတို့က ခပ်သုပ်သုပ်ပဲ လာစားတာ များတယ်။ တချို့ဆို ၀ယ်သွားတာ။ ထိုင်တောင်မှ မစားကြဘူး။

Time is Gold.

မီး မရှိတော့ မီးသွေး နဲ့ ကင်တဲ့ မီးဖို Home depot မှာ သွားဝယ်ပါတယ်။ Gas က ပိုသက်သာပေမယ့် မီးသွေး နဲ့ ချက်တဲ့ အရသာကို စားချင်တယ် ဆိုလို့ မီးသွေးထုပ်၊ ထင်းရှုးဆီပါ ၀ယ်လာပါတယ်။

Big Y မှာ ဈေးဝယ်။

ငါးပုတ်ပြား ငါးခြောက်ကို

ကုလားပဲ အားလူး မန်းကျည်းမှည့် ချဉ်ရည်ဟင်းထဲ ထည့်ချက်ပီး မဆာလာ အုပ်ချက်ထားတာ။

အအေးဒဏ် ခံနိုင်ဖို့ အစားများများ စား၊

မီးမရှိတော့ ဂိမ်းအတွက်

အင်တာနက် အတွက် အချိန်မကုန်ပဲ

စားတဲ့ အချိန်မှန်၊

အိပ်တဲ့ အချိန်မှန်၊

တကိုယ်ရည် သန့်ရှင်းမှု အချိန်မှန် (မီးမလာတာတောင် ရေနွေးတည်ပီး ရေချိုးကျ၊ နေ့တိုင်း ရေပတ်တိုက်ကျနဲ့)

ချမ်းလွန်းလို့ အကျီ အထပ်ထပ် ထုတ်ဝတ်ရင်းနဲ့ မြန်မာအကျီကို သူ့အဖေကို ၀တ်ပြနေတာ။

နေ့ဘက်တောင် အိမ်ထဲမှာ ရေခဲတမျှ အေးလွန်းလို့ နေ့လည်စာကို ကင်တဲ့ မီးဖိုနားမှာ နေပူစာ လှုံရင်း နေ့လည်စာ စားနေသော မောင်နှမ ၂ယောက်

marshallow လည်း ကင်ပေးရ။

အပြင်မှာလည်း ရာသီဥတုက အေးအေးလေးနဲ့ နေရောင်ခြည် နွေးနွေးလေး

Chinese Restaurant

အိမ်မှာ မချက်တဲ့ နေ့ဆို အပြင်က တရုတ်စားသောက်ဆိုင်မှာ သွားစားကြ။

Thousands still without power after autumn nor’easter

October Snowstorm Outages Remain, Thousands In Connecticut Enter Second Week Without Power

ကိုယ်က အိမ်ချစ်တယ်လေ။

အိမ်မှာ မီးပျက်တော့ တချို့ အိမ်နီးချင်းတွေက တခြားကို ပြောင်းနေကြတယ်။

ဒယ်ဒီကလည်း ကလေးတွေကို စိတ်ပူပီး ပြောင်းနေချင်တယ်။

ကိုယ်က စစ်ဘေး၊ ရောဂါကပ်ဆိုးဘေး၊ ဘယ်လိုမှ နေလို့မရအောင် ဆိုးရွားတဲ့ ကပ်ဘေးကျမှပဲ စောစောစီးစီး ရွှေ့ပြောင်းနေထိုင်မယ်လို့ …

အဲဒီအချိန်တုန်းက မီးမလာ၊ ရာသီဥတု အေးတာပဲရှိတာမို့ နေလို့ ရအောင်ကို နေလိုက်တာ ….

အင်တာနက်ကတော့ သုံးလို့ရပါတယ်။ WiFi နဲ့ပေါ့။

University မှာ သုံးရတာဆိုတော့ ဘလော့တော့ update မလုပ်ဖြစ်ဘူးလေ။

FB ကျတော့ Location ပြောင်းလို့လား မသိဘူး။

ဟိုဟာတောင်း၊ ဒီဟာ ဖြေခိုင်းနဲ့ ရှုပ်တာနဲ့ FB လည်း မ၀င်ဖြစ်ဘူး။

အေးတာတော့ မတရားအေးတယ်။

ဒီဇင်ဘာ ကျိုက်ထီးရိုးကိုတောင် သတိရသွားတယ်။

ဝါရန်တာမှာ ကော်ဖီသောက်တာတောင် ကော်ဖီခွက် အပြည့်ထည့်ထားရင် တ၀က်လောက်ဆို ကော်ဖီခွက်က ရာသီဥတုကြောင့် … ကော်ဖီ အေးသွားတာနဲ့ ကော်ဖီကို ခွက်အပြည့် မထည့်ပဲ …

မီးဖိုပေါ်မှာ ကျန်တဲ့ ကော်ဖီတွေကို အိုးနဲ့ တည်ထားပီး ကော်ဖီကို သောက်ခါနီးမှ ခပ်ထည့်ပီး ယူသောက်နေတာ။

မီးဖိုနားမှာ ကော်ဖီပူပူသောက်ရင်း မျက်စိတဆုံး မြင်နေရတဲ့ တောင်တွေ ငေးမောနေမိတာ။

အေးချမ်းလှတဲ့ ကလော ညနေခင်း … ၀ါးကုလားထိုင်တွေပေါ်မှာ ထိုင် … တောင်ပေါ် လှေကားထစ် စိုက်ခင်းတွေ ကြည့်ပီး ကော်ဖီပူပူ သောက်ခဲ့ဖူးတာကို သတိရမိပါတယ်။

” Life က အမြဲတမ်း ချိန်းနေတာပဲနော်။ ”

” အချိန်နဲ့အတူ အကုန်လုံးကို ပြောင်းလဲနေတော့တာပါပဲ။ ”

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

One thought on “After October Snowstorm 2011, Connecticut, USA

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s