2009 – ILBC Science Fair

Angel ကျောင်းမှာ ILBC Science Fair – 01.17.2009

သားသားက တစ်နှစ်ပဲ ၇ှိသေးတယ်။

သမီးက ၆ နှစ် ..

ကျောင်းမှာ Science Fair ရှိလို့ သွားလေ့လာကြတယ်။

အတန်းကြီးတွေက မေးသမျှကို အင်္ဂလိပ်လို ရှင်းပြတယ်။ မြန်မာလိုလည်း ပြောတယ်။

ကျောင်းရဲ့ အားကစားခန်းမ ဟောလ် ထဲမှာ ကျင်းပ ပါတယ်။

နှင်းတောင် ပုံစံ

အိမ်ပုံစံ အမျိုးမျိုး

အရုပ်အိမ်လေးတွေကို သမီး စိတ်ဝင်တစား ကြည့်နေတာ။ ဘာတွေ ပါဝင်လည်း ဆိုပီးတော့

ဒါက ILBC ကျောင်းက တီထွင်တဲ့ လျှပ်စစ်သွင်း ဘက်ထရီ ကားတွေပါ။

ဘက်ထရီအိုး အကြီးကြီးနဲ့ ဘက်ထရီ သွင်းပီး ကားမောင်းတာပါ။

သမီးတို့ ကစားတဲ့ ဘက်ထရီ မော်တော်ကားလိုမျိုးပါပဲ။

သူ့ အကန့်အသတ် နဲ့ အလေးချိန် နဲ့ လူစီးရပါတယ်။

အလေးချိန် ပိုစီးရင် မောင်းရတဲ့ ဘက်ထရီ နာလို့ လျှပ်စစ်သွင်း ဘက်ထရီ နာတတ်ပါတယ်။

ကျောင်းဘက်စကတ်ဘော ကစားတဲ့ နေရာမှာ ကျတော့ လေယာဉ်ပျံ အရုပ် ပျံတာ။

ပရိုဂျက်တာနဲ့ ရှင်းပြတဲ့ နေရာ ရှိသလို နံရံကပ် စာတွေနဲ့ ရှင်းပြတဲ့ နေရာတွေလည်း ရှိပါတယ်။

သမီးက ငယ်သေးတော့ နားတော့ မလည်သေးပေမယ့် .. စိတ်ဝင်စားတယ်။ မေးစရာ ရှိရင် Science Fair မှာ တာဝန်ကျနေတဲ့  အတန်းကြီးတွေကို အင်္ဂလိပ် မေးလိုက်တာပါပဲ။

လေယာဉ်ပျံကို ကြိုး နဲ့ လျှပ်စစ် နဲ့ တတ်တာပဲ။ Remote control လည်း ပါသေးတယ်လားပဲ။ သိပ် မမှတ်မိဘူး။

ဒါက ပေါင်မုန့်မှို အကြောင်းကို အဆင့်ဆင့် ကွန်ပြူတာ နှင့်ရော နံရံကပ် စာတွေနဲ့ပါ ရှင်းပြနေတာပါ။

မြန်မာကျောင်းက ကျောင်းဆရာ၊ ဆရာမများလည်း လာရောက် လေ့လာကြသလို …

မြ၀တီ တယ်လီဗီးရှင်းဌာနကပါ လာရောက် ရိုက်ကူးပီး အင်တာဗျူးတာကို တွေ့တယ်။

Primary V

မိုက်ခရိုစကုပ် ကြည့်နေတာ

ဘာတွေ မြင်ရတယ်ဆိုတာ ပြန်ပြောပြနေတာ။

ခန်းမ အလယ်ကောင်မှာ မော်တော်ကားတွေ နေရာ တန်းစီ ချထားတယ်။

ဒါက အရောင်ဆိုးဆေးထည့်ထားတဲ့ ဖန်ခွက်ထဲကို ပန်း ရဲ့ ရိုးတံ စိမ်ထားလိုက်ရင် … တဖြည်းဖြည်း နဲ့ အဲဒီ ပန်းက ကာလာ အရောင်ဆိုးသွားတယ် ဆိုတာကို ရှင်းပြထားတယ်။

သားသား နဲ့ သမီး ဘက်ထရီ ကားပေါ် တင်ပေးပီး အမှတ်တရ ဓာတ်ပုံ ရိုက်ထားတာ။

အဲဒီ ကားတွေက လူ့ အကန့် အသတ်နဲ့ပဲ စီးလို့ရပါတယ်။ ပိုစီးရင် မောင်းရတဲ့ ဘက်ထရီ က ရုန်းနေရလို့ ဘက်ထရီ အိုး နာပီး ကားလည်း ပျက်တတ်ပါတယ်။

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s