Baby Lay – Angel

SSC ဆေးရုံ –  နေတက် ရေတက်တဲ့ အချိန်မှာ မွေးဖွားလာတဲ့ သမီးလေး Angel @ ရတနာ

 SSC – Private Hospital  စဖွင့်ကာစ ဆေးရုံ အသစ်မှာ – ပထမဦးဆုံးအကြိမ် …  မာမီ ကို မိခင်ဖြစ်ဖို့ အခွင့်အရေးပေးတဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။

မာမီရဲ့ သမီးလေးကို သားဖွား၊ မီးယပ်အထူးကု ဆရာဝန်ဒေါက်တာ ဒေါ်ခင်မြင့်မြင့်သန်း က အောင်မြင် ချောမောစွာ မွေးဖွားပေးလိုက်တဲ့ သမီးလေး၊

ကလေးဆရာဝန်ကတော့ ဒေါက်တာ ဒေါ်ဖြူဖြူဦး၊ သမီးကို မမွေးသေးခင် ညက …ဒေါက်တာ ဒေါ်ခင်မြင့်မြင့်သန်း လာကြည့်တဲ့ အချိန်မှာ ဒေါက်တာနှင့် အတူ …  ဆေးရုံပိုင်ရှင် ဒေါ်ဌေးကြည် ကိုယ်တိုင် လာရောက်ပီး နှုတ်ဆက် အားပေးစကားပြောသွားပါသေးတယ်။

သမီးလေးကော သားသားကော အိုသွေး၊ မာမီက အေသွေး ( အဖေ၊ အမေ သွေးအမျိုးအစား မတူရင် မွေးလာတဲ့ ကလေးက အသားဝါ နိုင်နှုန်း များပေမယ့် မာမီက သမီးကို ပြုစုစောင့်ရှောက်တဲ့ လူတိုင်း၊ မာမီကိုယ်တိုင် သမီးလေးကို ထိတဲ့ အခါတိုင်းမှာ လက်ကို အရက်ပျံ စွတ်ပီးမှ ချီတယ်။ )

သမီးကော သားသားကော မွေးကတည်းက ကျန်းကျန်းမာမာပဲ။ ပေါင်ပြည့်မွေးလာတယ်။ သမီးက ၇ ပေါင်၊ သားသားက ၇ပေါင် ၁ အောင်စ။

အပြင်လူလည်း ပေးမချီသလို … နေပူထဲ လူကြားထဲက လာတဲ့ လူမှန်သမျှ အကျီလဲပီးမှ သမီးလေးကို ကြည့်ခွင့်ရတဲ့ အထိ မာမီ ကြီးကျယ်ခဲ့ပါတယ်။ မာမီ ဘ၀ ကို နားလည် စာနာမယ်ဆိုရင် ဒီကိစ ကို သဘောပေါက်မှာပါ။

အသားဝါတဲ့ ကလေးကို မီးချောင်း အပြာ ပူပူကြီးနဲ့ မီးကင်တာလေ ( ဓာတ်ကင်တာလို့လည်း ခေါ်တယ် )

ဘယ် အမေက … အခုမှ လူ့လောက ထဲကို ရောက်ရှိလာတာ ရက်ပိုင်းပဲ ရှိသေးတဲ့ ကိုယ့်ရဲ့ ရင်သွေးလေးကို အဲလို ဓာတ်ကင်တာ မြင်ရရင် .. ရင်မချိအောင် ခံစားနေရမှာပါ။

ကလေး ကျန်းမာဖို့၊ အသက်ရှင်ဖို့ အတွက် လုပ်ရတာ မှန်ပေမယ့် … အဲလိုမျိုး ဓာတ်မကင် ခံရအောင်၊ ကလေး အသားမ၀ါအောင် ကြိုတင် ကာကွယ်လို့ရပါတယ်။

ကလေးတွေက အရမ်းပဲ နုပါတယ်။ သမီးလေးက မာမီရဲ့ ပထမဦးဆုံး သမီးလေး .. မိခင်ဖြစ်ခွင့်ကို ပထမဦးဆုံးအကြိမ် ရရှိတဲ့ မာမီက သမီးလေး တခု ခု ဖြစ်မှာကို အရမ်းပဲ စိုးရိမ်ခဲ့တာလေ။

သမီးလေးကို မွေးလာတုန်းက မျက်ခုန်းလေးတွေက ရွှေရောင် အမွှေးလေးတွေ … နောက် ကျွတ်သွားတယ်။ ပြန်ပေါက်လာတော့ အမဲရောင်။

ဗိုက်ခွဲမွေးတာမို့လို့ သမီးလေးကို ၃၈ ပတ် နှင့် ၅ ရက်မြောက် ကိုယ်ဝန်ဆောင်ထားပီး … သမီး မမွေးခင် ဆေးရုံကို တရက်ကြိုတက်၊ သမီး မွေးမယ့်ရက်မှာ မနက် ၄ နာရီကျော် ထ၊ ခွဲခန်းဝင်ဖို့ ပြင်ဆင်၊ နေ့နာစ်မ နှင့် ည နာစ်မ ပါ လူကောင်းနှင့် ကြုံရတယ်။

ဗိုက်ခွဲမွေးတဲ့ လူတိုင်း သောက်ရတဲ့ အမောက်စလင် ပိုးသတ်ဆေးကြောင့် ကလေးတွေက ၀မ်း နည်းနည်းပျော့တယ်။ ဒါပေမယ့် နာ့စ်မတွေက အတွေ့အကြုံ တော်တော်ရှိတော့ မာမီ ဆေးသောက်ချိန် ၃ နာရီခြားပီးမှ သမီးလေးကို အမေနို့ တိုက်တယ်။ အဲဒါဆိုတော့ အမေနို့မှာ မာမီ သောက်လိုက်တဲ့ ဆေးအာနိသင် သိပ်ပီး မသက်ရောက်တော့ သမီးလေး ၀မ်း သိပ် မလျှောဘူးပေါ့။ အဲဒီ ကြားအချိန်မှာ သမီးကို နို့မှုန့်တိုက်တယ်။ သမီးကော သားကော တူတူပဲ။

နောက်ပီး နို့က သိပ်မထွက်လို့ ချင်းနာစ်မက ဆရာခို လိမ်းပေး၊ ရေနွေး အ၀တ် လက်ကိုင်ပုဝါနဲ့ နို့ကျိပ်တွေ ချေပေး။ စပယ်ပန်းအုံနဲ့ သမီးလေးအတွက် ချိုချိုတွေက မွေးပီး ၃ ရက်လောက်မှာ အများကြီးပဲ။ စပါယ်ရှယ် နာ့စ်မ ကောင်းကောင်းနဲ့ ကြုံလို့ တော်သေးတယ်။ မာမီ … အဲဒီ ချင်းနာစ်မ ကို မုန့်ဖိုးတွေ အများကြီး ပေးလိုက်ပါတယ်။ မာမီ အခန်းထဲမှာလည်း Extra Bed ထည့်ထားတယ်။ သားသားလေး မွေးတုန်းက Pan Hlaing – Private Hospital က extra bed ပေါ်မှာတော့ မမ Angel အိပ်တာပေါ့။ မာမီက သားသားကို ဂရုစိုက်နေရလို့ သမီးကို ထိန်းဖို့ အိမ်အကူ – ကောင်မလေးကတော့ ဆိုဖာပေါ်မှာ အိပ်တယ်။

သမီးကော သားသားရဲ့ ( Normal ) Birth History Medical Report ကို သေသေချာချာ သိမ်းထားတယ်။ ကာကွယ်ဆေးထိုးထားတဲ့ Record က အစပေါ့။ ချက်ကြိုးကို ညှပ်ထားတဲ့ ကလစ်က အစ မာမီ သိမ်းထားတယ်။

ချက်ကြိုး ကလစ် – သမီးက ပန်းရောင်၊ သားသားက အဖြူရောင်

၃ ဘာသာ ရွက်ဆုပ် ပြကဒိန်တောင် မာမီ သိမ်းထားသေးတယ်။ ( ရန်ကုန်အိမ်မှာ ရှိတယ် )

သမီး မွေးတဲ့ နေ့ … မြန်မာ ပြကဒိန် ရက်စွဲ၊ တရုပ်ပြကဒိန် ရက်စွဲ နှင့် အင်္ဂလိပ် ပြကဒိန် ရက်စွဲ

နေရာတကာ တရားဝင် မွေးနေ့ ရက်စွဲ က အင်္ဂလိပ်လိုပဲ သုံးပေမယ့် အမှတ်တရ အနေနှင့် သိမ်းထားပါတယ်။

၁ လ သမီးလေး Angel ( မျက်စိ ကောင်းကောင်း မြင်တတ်နေတဲ့ အရွယ်လေး )

မွေးဆံပင်လေးနှင့် ၀က်ဝံ အရုပ်လေးပါတဲ့ ခြေအိတ်လေးနှင့် သမီးလေး

သမီး ၄၅ ရက်ပြည့်တော့ မွေးဆံပင်ကို ရိတ်ပီး ကတုံး တုံးပေးလိုက်ပါတယ်။

၂လ သမီးလေး Angel ( ရေချိုးတဲ့ပလပ်စတစ်ကုလားထိုင်မှာ ထိုင်နေတဲ့ ပုံစံ ) ဘေးနားမှာ အရုပ်တွေ ပတ်ပတ်လည်နဲ့ပေါ့။

၃ လ သမီးလေး Angel ( ဇက် ခိုင်ကာစ အရွယ်လေး )

၎ လ သမီးလေး Angel ရေချိုးပီးကာစ အပြုံး

၎လ သမီး Angel ( စပီး မောက်တက်ကာစ )

၆လ သမီး Angel ( ရေကူးဝတ်စုံလေးနဲ့ ရေကူးကန်ထဲမှာ )

၇လ သမီး Angel ( ရန်ကုန် – City Mart မှာ ဈေးဝယ်ဖို့ ဈေးဝယ်တွန်းလှည်းထဲမှာ ထိုင်နေတဲ့ ပုံ )

၇လ သမီးလေး Angel ( ထိုင်နေတဲ့ ပုံစံ )

အာဟာရ ဆန်မှုန့် ကို စားရင်း ပေပွ နေသော အကျီ နှင့် အတူ ( တီဗီမှ လာနေသော ကြော်ငြာကို အရမ်းစိတ်ဝင်တစားကြည့်နေတာ ကိုယ်လေးတောင် ရှေ့ကို ငိုက်ကျတော့မယ် အလား .. တီဗီကြော်ငြာ ကြိုက်သော ဘေဘီ အိန်ဂျယ်လေး )

သမီးလေးရဲ့ ချစ်စဖွယ် အပြုံး မျက်နှာ

၁၁ လ အရွယ် သမီးလေးရဲ့ ပထမဦးဆုံးအကြိမ် ခရစ်စမတ်

မာမီမှာ ကိုယ်ခွဲ မရှိလို့ မာမီ သွားလေရာ အနောက်က တကောက်ကောက် လိုက်ရသော သမီးလေး၊ အပြင်သွားတဲ့ အခါ သမီးလေး စီးတဲ့ တွန်းလှည်းလေး နှင့် အမှတ်တရ

၁ နှစ် သမီးလေး Angel’s Birthday Cake

သမီးမွေးနေ့မှာ အလည်အပတ် ရောက်ဖြစ်ခဲ့တဲ့ ရန်ကုန် တိရိစာန် ဥယျာဉ်

၁ နှစ်ကျော်လေး ကားပေါ်မှာ ထိုင်ပီး ရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံ

ပုခက်ထဲမှာ ပုခက် လက်တန်းကိုင်ပီး မတ်တက်ရပ်နေ၊ တွေ့တဲ့ ပစည်း ပါးစပ်ထဲ ထည့် တတ်တဲ့ … မာမီ မျက်စိ ထောင့်ဒေါက်ပီး လိုက်ကြည့်နေရတဲ့ အရွယ်

( Pooh ကျောပိုးအိတ် လွယ်ထားသော Angel )

၁ နှစ်ကျော် အရွယ်မှာ မတ်တက်ရပ်တပ်၊ လမ်းလျှောက်တပ်ကာစ ခြံထဲမှာ မတ်တပ်ရပ်နေတဲ့ သမီးလေး Angel

အိမ်ထဲမှာ မတ်တပ်ရပ်နေတဲ့ ၁ နှစ်ကျော် သမီးလေး Angel

၁ နှစ် နှင့် ၂ လ ကျတော့ နောက်တခေါက် ထပ်ပီး ကတုံး တုံးပေးလိုက်တယ်။ ကတုံးလေး နှင့် ပန်းပွင့်ပုံ အကျီ၊ ဦးထုပ် ဆောင်းထားသော သမီးလေး Angel

ကားပေါ်မှာ Statellite တိုင်လေး နဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ထားတဲ့ သမီးလေး Angel

ငယ်ငယ်ကတည်းက ကားမောင်းချင်နေတဲ့ သမီးလေး

အိမ်ထဲက ဧည့်ခန်းထဲမှာ သမီးလေးရဲ့ ခွေးလေး နှင့် အမှတ်တရ

ရေခဲသေတာထဲကို ၀င်ကြည့်ချင်နေတဲ့ သမီးလေး …

အပြင်မှာ နွေရာသီ ဆိုတော့ အရမ်းပူတယ်လေ။

သမီးလေး အိပ်တဲ့ အိပ်ခန်း …

သမီးလေး ခြင်ထောင် အုပ်စောင်း အောက်မှာ သမီးလေး bouncer – ပက်လက် ကုလားထိုင်မှာ အိပ်နေတယ်။

သမီးလေး နှင့် သားသားက Bouncer ကုလားထိုင်နဲ့ဆို အိပ်တာ ပိုသဘောကျတယ်။

အနောက်နားက နံရံမှာ ခြင်ရိုက်တဲ့ ဘတ်တံ ( လျှပ်စစ် အားသွင်းနေတာ )

၂ နှစ် သမီး အရွယ်ရောက်တော့ ကွန်ပြူတာ နဲ့ စာသင်ရင်း ဂိမ်းဆော့နေတတ်ပီ။

ကွန်ပြူတာ ABC သင်တဲ့ ဂိမ်းတွေက Press any key ဆိုပီး ABC သင်တာတို့၊ ဂိမ်းဆော့တာတို့မို့ သမီး အရမ်းကြိုက်တဲ့ ကွန်ပြူတာ စာသင်ဂိမ်းတွေပေါ့။

အပြင်သွားဖို့ Boot shoe လေး နဲ့ သမီးလေး …

Game City က ကားထဲမှာ …

ရေချိုးခန်းထဲက Bath tub ထဲမှာ အပြင်က အပြာရောင် ရေပုံးက ရေနွေးနွေးလေးပုံး။ ရေချိုးပီးရင် ရေ နောက်တကြိမ် ပြန်ချိုးပေးဖို့။ အဲဒီ Bath tub က ရေပူမရလို့ .. မီးပျက်ရင် ရေပူ မရဘူး။ ရေ ပုံး ထဲ ရေနွေးနွေး … အသင့် ဆောင်ထားရတယ်။

သမီးလေး နှင့် ဆံပင် ဦးထုပ်

( အရုပ်စင်ပေါ်မှာ ကျိုက်ထီးရိုးက ၀ယ်လာသော သစ်သားကုလားထိုင် ဆက်တီစုံ )

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s