Posted in Casino, Casino - Mohegan, Family Leisure, Life Style, My kid's childhood life

Mohegan – 2012

Connecticut မြို့လယ် .. ကားပေါ်ကနေ လှမ်းရိုက်လိုက်တာ …

Mohegan ကို ရောက်ပါပီ။

သမီးလေးက မွေးကတည်းက အပြင်သွားရင် အရုပ် တရုပ် အမြဲတန်းပါတတ်တယ်။ ကြီးလာတော့ အပြင်သွားရင် ယူတတ်တဲ့ အရုပ်က သေးသွားလို့ တော်သေးတယ်။

ကားတွေက အထပ် တိုင်း ပြည့်နေတယ်။ စနေနေ့ 02.18.2012 မို့ … လူ အရမ်းများတယ်။ ကားပါကင် တွေ အားလုံး Full ဖြစ်နေတယ်။

ကိုယ့် စီးမယ့် ဓာတ်လှေကား အလွှာ ကို မှတ်ရ လွယ်ဖို့ ကတ်ပြား ယူလို့ ရတယ်။

အလကား ကြည့်လို့ရတဲ့ စတိတ်ရှိုး … ဖေဖော်ဝါရီ – 18 ရက်နေ့ညက Billy Joel အဖွဲ့ သီချင်း ဆိုတယ်။

အခု ရာသီဥတုက အေးတော့ အေးပေမယ့် … နှင်း မကျတော့ အရမ်း အအေးကြီး မဟုတ်ဘူး။

သမီးက အဲဒီ ၀ံပုလွေ ကျောက်တောင် ကို သဘောကျတယ်။ ၀ံပုလွေက လှုပ်ရှားတယ်။ ခေါင်းလှုပ်၊ လှည့်လည်း လှည့်နေတယ်။ ၀ံပုလွေ အရုပ်က …

အဲဒီနားက ကစားပွဲတွေက ၂၁ နှစ်အောက်ဆို ၀င်လို့ မရဘူး။ ကလေးတွေ သပ်သပ် ကစားတဲ့ နေရာ သီးသန့် ရှိတယ်။

ဒယ်ဒီ နှင့် သားသား

ဝံပုလွေ နှင့် ကျောက်တုံးပေါ်က ကျလာတဲ့ ရေတံခွန်

ပန်းချီကားချပ် ( အကြီးကြီး )

စကားမစပ် … ကိုယ် … ငယ်ငယ်ကတည်းကနေ … အခု အချိန်အထိ … ကဗျာ၊ ၀တ်ထု၊ ပန်းချီ ကို ခံစားလို့ မတတ်ဘူး။

အသက်ကြီးလာတော့လည်း Life က စိတ်ကူးယဉ် မဆန်လို့ အနုပညာဆိုတာ ပို ဝေးပေါ့ …

ခံစားတတ်တဲ့လူတွေကို အားကျပါတယ်။ ဖန်တီးတဲ့လူတွေကို ပိုပီး လေးစားပါတယ်။

စာဖတ်ရင်လည်း အတွေ့အကြုံကို အခြေခံတဲ့ စာမျိုး ပိုဖတ်တတ်သလို၊

ကဗျာဆို နားမလည်ဘူး။ တွေးခေါ်မှ သဘောပေါက် နားလည်တဲ့ ကဗျာမျိုးဆို ကိုယ့် ဦးနှောက်က လိုက်မမှီဘူး။ တည့်တည့် ရေးမှ နားလည်လွယ်တာမို့ ကဗျာဆို ဖတ်ကို ဖတ်မနေတော့တာပါ။

ရုပ်ရှင်ကျတော့လည်း ဟာသကားပဲ ကြည့်တယ်။

ပန်းချီကျတော့လည်း ဘယ်လို နားလည်ပေးပီး ဘယ်လို ခံစားရကြောင်း ပြောပြဖို့ မတတ်လို့ ပန်းချီကို မခံစားတတ်တာပါ။ ပန်းချီမှာ ပညာသားတွေ အများကြီးပါတယ်လေ။ အဲဒီလို မြင်တတ်တဲ့ ပညာကို ကိုယ် နားမလည်တာ။ မတတ်တာ။

ဓာတ်ပုံ နှင့် ဒီဇိုင်းပညာကိုတော့ ကိုယ် စိတ်ဝင်စားတတ်တယ်။ မြင်တတ်ပါတယ်။

ဓာတ်ပုံ တပုံ ကို ကြည့်လိုက်ရင် အရည်အသွေး ဘယ်လောက် ရှိတယ် နှင့် ဒီဇိုင်း ဆိုလည်း ဖန်တီးသူရဲ့ စိတ်ကူး စိတ်သန်းကို ကိုယ့် ခန့်မှန်းတတ်ပါတယ်။

သမီးလေးကျတော့ ကဗျာလည်း ရေးတတ်တယ်။

ပန်းချီလည်း ဆွဲတတ်တယ်။

ကဗျာကို အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်သလို …

Story book ကို အင်္ဂလိပ်လို ရေးတာ စာမျက်နှာ ၁၀၀ ကျော်လောက် ရှိပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီမှာ CNN ကနေ Whiteney Houston ဈာပန အခမ်းအနား LIVE  ကြည့်တယ်။

33း0 လောက်မှ အစီအစဉ်ပီးတယ်။

ညနေ လောက်ကျမှ Mohegan သွားတယ်။

Mohegan မှာ အခု တန်းစီနေတဲ့ လူတွေက … Whitney ရဲ့ ခင်ပွန်းဟောင်း ဘရော့ဘီ ဘရောင်း ရဲ့ စတိတ်ရှိုး ကြည့်ဖို့ တန်းစီနေတာ ….

casino မှာ ဈေးဆိုင်ခန်း အများကြီးထဲက တရုတ် လက်ဆောင်ပစည်းရောင်းတဲ့ဆိုင်

 

 

 

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s