Posted in My Childcare

ကိုယ့်ကြောက်တဲ့ သွေးလွန်တုပ်ကွေး

အခု ရက်ပိုင်း မြန်မာနိုင်ငံမှာ မိုးက တစ်နေကုန်ရွှာနေတော့ သားနဲ့ သမီးကို နေမကောင်းဖြစ်မှာ အရမ်းပဲ စိုးရိမ်မိတယ်။ သမီးကော သားကော မာမီ ကျေးဇူးတင်တယ်။ သားနဲ့ သမီးကို မွေးကတည်းက ဒီနေ့ထက်ထိ ကျန်းကျန်းမာမာ နေလာပေးတာ။ (သမီးလေးကို SSC ဆေးရုံကနေ မာမီ မွေးပီး ကျွေးမွေးပြုစုလာတဲ့ အချိန်ကနေ ဒီနေ့ အချိန်တွေ အထိ ကျန်းကျန်းမာမာ နေလာပေးတာ။ သားလေးလည်း ပန်းလှိုင်ဆေးရုံကနေ မာမီ မွေးပီး ဒီနေ့ ဒီအချိန်ထိ ကျန်းကျန်းမာမာနဲ့ နေလာပေးတဲ့အတွက် မာမီ တကယ်ကို ကျေးဇူးတင်တယ်။ )
အခုဆို မိုးဝင်ပီ။ သွေးလွန်တုပ်ကွေးကို ကြိုတင် ကာကွယ်ထားရမယ်။ မဖြစ်ခင်က ကာကွယ်ထားမှ။
မာမီ ငယ်ငယ်က သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ဖူးတယ်။ ကလေးဆေးရုံလည်း တက်လိုက်ရသေးတယ်။ ငယ်ငယ်တုန်းက ဖြစ်ခဲ့ဖူးတာဆိုတော့ သိပ်တော့ မမှတ်မိတော့ဘူး။ အခု အချိန်တွေမှာတော့ ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်ပီ ဖျားပီဆို ဆေးရုံ ပြေးရတာ။ SSC ၊ ပန်းလှိုင်ဆေးရုံ တို့လို ပုဂ္ဂလိကဆေးရုံတွေ မဟုတ်ဘူး။ ကလေးဆေးရုံကြီးကိုလေ။ အဖျား အရမ်းကြီးနေတဲ့ ကလေးကို နာစ်မ တွေက အတင်းကို ရေခဲရေ နဲ့ လောင်းချိုးပေး။ အမေတွေက ငို မလုပ်ဖို့ တား။ ကလေးတွေက တက်မတက် ချက်မတက်ကို ငိုကျတာ။ စစ္စတာကြီးတွေက ကရုဏာဒေါသနဲ့ အမေတွေကို ဆူ။ အမလေး တကယ်ကို မလွယ်ကြော ကြားရတာနဲ့တင် စိတ်မောပါ့။
 
တစ်နေ့က မြ၀တီက တစ်နေ့တာ အစီအစဉ်မှာ မင်းသမီး ဂန္တ၀င်က အသက်ကြီးမှ သွေးလွန်တုပ်ကွေး ဖြစ်ခဲ့တဲ့ သူ့ရဲ့ အဖြစ်အပျက် အမှတ်တရကို ပြောပြတာ ကြည့်လိုက်ရသေးတယ်။ သွေးလွန်တုပ်ကွေးက လူကြီးလည်း ဖြစ်နေပီလေ။ သူ့လည်း အရေးပေါ် ပြည့်သူ့ဆေးရုံတွေ တက်ရ။ သွေးသွင်းရ။ ဆေးရုံကားစီးရ။ သူ့ အဖြစ်အပျက်တွေကို ကိုယ်ချင်းစာပီး သနားတောင် သွားတယ်။
အခုလောလောဆယ် တစ်နေကုန် မိုးတွေရွှာနေလို့ ရာသီဥတု အေးလို့ ပြတင်းတံခါးတွေ ပိတ်အုံးမှ။ သားနဲ့ သမီးကို စီလင်း အားဆေး (စီဗစ်လိုမျိုးပဲ အရည်) နေ့တိုင်း တိုက်ပီး နွေးနွေး ထွေးထွေး နေခိုင်းအုံးမှ။
သားသားဆို ယောကျာ်းလေးမို့လို့ အရမ်းဆော့လွန်းတော့ မျက်စိ ကို ဒေါင့်ထောက်ပီး တစ်ချိန်လုံး ကြည့်နေရတာ။ တစ်ခု ခု ဖြစ်သွားမှာ အရမ်းကို စိုးရိမ်လွန်းလို့လေ။
သမီးကတော့ ဆံပင်ထူတော့ စိန်ပြေးတမ်း ကစားလိုက်ပီဆိုရင် ခေါင်းချွေးက ထွက်လာလို့ အမြန် ခေါင်းကို ခြောက်အောင် သုပ်ပေးနေရတယ်။ နို့မို့ဆို သူ့က တခါ တလေ နှာစေးရင် မနေတတ်ဘူး။
သား နဲ့ သမီးကို မွေးကတည်းက အခု ချိန်ထိ နှာစေးလာရင် cetrine ဆေးရည်တိုက်ပီး နှာခေါင်းပေါက်ဝကနေ နှပ်ချည်းတို့ နှပ်ရည်လေးတွေကို အနှီးပိတ်စကို ခေါက်ချိုးလေး သေးသေးလေး ချိုးပေးပီး ဖြည်းဖြည်းလေး ကလော်ပေးတယ်။
 
ကျန်းမာခြင်းက လာဘ်တစ်ပါးဆိုတာ အမှန်ပါပဲ။
Thanks God !
တစ်ယောက်တည်းပေမယ့်လည်း ကိုယ့်ကိုကိုယ် အဖော်ပြုပီး ပျော်ပျော်ရွှင်ရွှင် နေပေးတာ။ မာမီကို စိတ်ဒုက္ခ မပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်။
သမီးဆို အခု မာမီကို အိမ်အလုပ်တွေ ကူညီပီး လုပ်ပေးတာ။ သားသားလေးကို အမတစ်ယောက် အနေနဲ့ ပြုစု စောင့်ရှောက် ထိန်းပေးတာတွေ အတွက် ကျေးဇူးတင်တယ် သမီးလေး။
သမီး နဲ့ သားလေး သွားလေရာ လာလေရာမှာ သူတော်ကောင်း သူမြတ်လောင်းတွေနဲ့သာ တွေ့ကြုံ ဆုံစည်း ပေါင်းသင်း ဆက်ဆံရပါစေလို့ မာမီ ဆုတောင်းပေးပါတယ်။ ဆုပေးပါတယ်။
Date : May – 23, 2009 (Sat)
၂၀၀၉ ခုနှစ်က ရေးထားတဲ့ ကိုယ့်ရဲ့ အွန်လိုင်း ဒိုင်ယာရီ ပိုစ့်တပုဒ်ပါ …. စာပိုဒ်တွေ စကားလုံးတွေ မပြင်ပဲ ပိုစ့်တင်လိုက်ပါတယ် …
အဲဒီ အချိန် ကာလ ၊ အသက်အရွယ်မှာ  စိတ်ထဲ ခံစားချက် အတိုင်းရေးထားတဲ့ စာမို့လို့ … မပြင်ချင်တာပါ … 
ကိုယ့်အတွက်တော့ … ပြန်ဖတ်လိုက်တိုင်း … အမှတ်တရပါပဲ …
ဒီလိုမျိုး ONLINE DIARY တစ်ခု ရှိတာ ကောင်းတယ် … 🙂
အရင်ပိုစ့် ….
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s