NYC – Dallas BBQ


ကိုယ့် အရင်ပိုစ့် တခု : Sun Far ( USA – Vacation ) မှာ ပြောဖူးတဲ့ ရန်ကုန်ကနေ အမေရိကားကို Sun Far Tour Group နဲ့ အလည်လာတဲ့ အမျိုးတွေကို တွေ့ဆုံဖို့  Connecticut ကနေ New York ကို အသွား …

လမ်းမှာ မြင်ရတဲ့ ရှုခင်း အမှတ်တရ ….

Connecticut ကနေ New York ကို … ကား ၂ နာရီခွဲ မောင်းရတာမို့ … ဓာတ်ဆီ ၀င်ဖြည့် ..

ဓာတ်ဆီ ဖြည့်ရင်း နဲ့ သံဗူး အချိုရည်တွေ ၀ယ် … သားသား နဲ့ သမီးလေး က ကားစီးရင်း အအေးဗူး သောက်ရတာကို သဘောကျတယ် …

Spring Season မို့ သစ်ရွက် ရောင်စုံ နဲ့ တချို့ နေရာတွေမှာ အရမ်း လှသလို … တချို့ သစ်ပင်များလည်း သစ်ရွက် မစုံသေးပါဘူး .. ကိုယ်တို့တွေ ကြိုက်တဲ့ သစ်ပင် အရောင်က ပန်းရောင်သစ်ပင် နှင့် ခရမ်းရောင်သစ်ပင်ပါ … အရမ်းလှတယ် …

သမီးလေး

မြို့ပြင် ထွက်ခါနီး အရောက်မှာ …

ဒါလေးက အိမ်သာ အဆောက်အဦး 

ရာသီဥတုကလည်း သာသာယာယာ …

နယူးယောက်မြို့ထဲကို ၀င်လာခါနီး …

မက်ဟမ်တန် ဘက်ကို သွားမှာပါ …

iPad ကြော်ငြာ ဆိုင်းဘုတ်

မက်ဟန်တန် ( Manhattan, New York ) ကို အသွား 

Gate ကို အဖြတ် …

ဂိတ်ကြေးက $ 6.50 , မြို့ဝင်ကြေးက အသွားကော အပြန်ကော ၂ ခါ စလုံး ပေးရပါတယ် …

နယူးယောက်မြို့ထဲ ၀င်ပါပီ … တိုက်တာ အဆောက်အဦးမြင့်များနှင့် ဒီနေ့က ရာသီဥတု သာသာယာယာ မို့ အရမ်းလှပတယ် ..

ညဘက်ဆိုရင် အရမ်းကို လှပါတယ် .. ကားက အရမ်းကို မောင်းတာ မြန်နေလို့ .. ပုံမှန် အမြန်နှုန်းပဲလေ … နောက်ကားတွေလည်း အများကြီး ရှိတော့ ပုံမှန် အမြန်နှုန်း နဲ့ ရိုက်ထားသော ဓာတ်ပုံများ ….

ညဘက်ဆို အဲဒီ တံတား မီးထွန်းထားတာ အရမ်းလှတယ် ….

ကွန်နတ်တီကတ်ကနေ ကိုယ်တို့တွေ ညနေ ၄ နာရီခွဲ သာသာ လောက်မှာ ထွက်လာတာပါ ….

နယူးယောက်မြို့ထဲ ၀င်တော့ ည ၇ နာရီ ရှိပါပီ … အခုက ည ၈ နာရီကျော်လောက်မှ နေ၀င်ပါတယ် … ဆောင်းတွင်းဆို ညတာ ရှည်တယ် .. နေ က ညနေ ၅ နာရီလောက်ဆိုရင် မှောင်သွားပီ … Spring Season ကျတော့ ည ၈ နာရီ … ၉ နာရီလောက်မှ မှောင်တယ် … 
အရှေ့နားက Taxi ကို လှမ်းရိုက်တာ …. ကားက ရှေးခေတ်က ကားပုံစံမျိုး …. အဲယားကွန်းလည်းပါတယ် တဲ့ … ကားမှန် အနောက်မှာ ရေးထားတာ ….

မြို့ထဲက ဒီ Taxi ကျတော့ ရှေ့ထိုင်ခုံ နောက်ကျောမှာ TV screen တပ်ပေးထားတယ် … 
ရန်ကုန်က ကားပစည်း ရောင်းတဲ့ဆိုင်မှာလည်း car TV အဲလိုမျိုး တက်ထားတာတွေ ၀ယ်လို့ရပါတယ် … VCD, DVD လည်း ဖွင့်လို့ရတယ် … ကားမှာ wifi တပ်ထားရင် ရန်ကုန်မှာ ကားမောင်းရင်းနဲ့လည်း အင်တာနက် သုံးလို့ရပါတယ် ….
စကားမစပ်  .. DNS server no. ပြောင်းပီး ကြည့်ရင် ကွန်နက်ရှင်း မြန်မယ်လို့ ထင်ပါတယ် … ကိုယ့် ရဲ့ မိသားစု personal blog တောင် ရွှေမြန်မာနိုင်ငံကနေ ရတနာပုံ နှင့် DNS ပြောင်းထားပီး သုံးပုံရတယ် .. ဒီဘက်မှာ ဂျာမဏီ နှင့် စင်ကာပူ နိုင်ငံ ဆိုတာ ပေါ်ပေမယ့် .. isp က ရတနာပုံ …
ကိုယ် ရန်ကုန်မှာ နေစဉ်တုန်းက bagan net ( Unlimited ) ပါ …. DNS ပြောင်းထားပီးသုံးပါတယ် … သူများတွေ လိုင်း တအားကျနေတာတောင်မှ ကိုယ်တို့တွေ … လိုင်းမကျဘူး ..
ကိုယ့် ရဲ့ Thet Nandar Family : wordpress … ဘလော့ ဧည့်သည်များသာ မေးကြည့်ပါ … ရန်ကုန်ကနေ ဘလော့ပိုစ့်လည်းတင်တယ် … ဓာတ်ပုံ ဗီဒီယိုလည်းတင်တယ် … FB Game ..  လည်းဆော့တယ် …  
မိုဒမ် တခုမှာ ကွန်ပြူတာ အလုံး ၂၀ ကျော်လောက်ဆိုရင်တော့ လိုင်းက ကျမှာပါပဲ … 
မိုဒမ် တခုမှာ … ကွန်ပြူတာ ၄ … ၅ လုံး လောက်ပဲ သုံးတာ ကောင်းပါတယ် …
နီးစပ်ရာ . အင်တာနက် ဆိုင်ကောင်းကောင်းမှာ DNS  မေးကြည့်ပီးသုံးတာပါ …

မြေအောက်ရထား … လှေကားကနေ တက်လာနေကြတာ …

အဆောက်အဦးက အမြင်မှာတင် ခိုင်နေလွန်းလို့ အမှတ်တရ ရိုက်ထားတာ ….

Chelsea … Dallas BBQ ဆိုင်ကို သွားမှာမို့ … 8th Ave ကို HTC – GPS ညွှန်တဲ့ အတိုင်း ကားမောင်းနေကြတာ …. 

Fifth Ave … တလမ်းလုံး Shopping Mall တွေ ချည်းပဲ … Sun Far Tour က အဲဒီ အချိန် 5th Ave မှာ ဈေးဝယ်နေတဲ့ အချိန် … 
ပီးမှ 8th Ave က Dallas BBQ မှာ ညစာ စားပီး … Time Square သွား … ပီးရင် Crowne Plaza မှာ ညအိပ် တည်းခို မှာလေ ….

ရောက်ပါပီ … Dallas BBQ ကို ….

ဒီနှစ် .. တရုတ်နှစ်သစ်ကူးက ပီးသွားပေမယ့် အခုမှ အမျိုးများနှင့် ဆုံတာမို့ …. အမျိုးဆီက … တရုတ်နှစ်သစ်ကူး အမ်းပေါင်း ရပါတယ် … မြန်မာနှစ်သစ်ကူးချိန်မှာ … 

ညစာ အကင်များနှင့် ဟမ်ဘာဂါ မှာစား … ဂဏာန်းအသားလုံး နှင့် ပုစွန်ကြော် ကောင်းပါတယ် …

ဟမ်ဘာဂါ ပေါင်မုန့်ကလည်း အကြီးကြီးပဲ ….

အမျိုးများ နှင့် အမျိုး ရဲ့ နယူးယောက်မှ သူငယ်ချင်း ၂ ယောက်နှင့် အတူ မိသားစု ညစာ စားကြပါတယ် ….

 

အမျိုးများ … အမေရိကားလာမှပဲ … ဆုံဖြစ်ပါတော့တယ် … ကိုယ်တို့တွေ မိသားစုလိုက် …. မြန်မာ အလည်ပြန်ဖို့က …. စဉ်းစားတုန်း … 

ရန်ကုန်မှာ နေထိုင်သော ဖေဖေ ကို ပြဖို့ မိသားစု အမှတ်တရ ဓာတ်ပုံ ရိုက်နေကြတာပါ ….

 

ဆိုင်ရှေ့က မြင်ကွင်း 

ဆိုင်ထဲက အထွက် …. Crowne Plaza Hotel ကို သွား ..

အဲဒီနေ့က sun far tour group က New York က Liberty ကို သွားလည်ထားတာမို့ အမျိုး ၀ယ်လာသော Liberty အရုပ် ကို အမှတ်တရ ဓာတ်ပုံ ရိုက်လာတာ … 


ရန်ကုန်က သမီးရဲ့ အရမ်း ပြန်လိုချင်နေတဲ့ ရန်ကုန်မှာ ထားခဲ့သော သမီး အရုပ် … ကြောင် အရုပ် နှင့် ဖား အရုပ်လေး ကို အမျိုး အမေရိကားကို သယ်လာပေးတာမို့ … ဟိုတယ်မှာ လိုက်ယူကြတာ ….

သမီး အတွက် အမျိုး လက်ဆောင်ပေးသော iPad

သမီး အကြိုက် … ပန်းရောင် ကာဗာ …

iPad ကို အဖြူရောင်ပဲ သမီး ရွှေးဝယ်တယ် …

iPad သုံးရင်း သဘောကျနေသော မောင်နှမ နှစ်ယောက် …

ဒါက … အမေရိကားမှာ အလည် ရောက်နေသော အမျိုးသုံးဖို့ ၀ယ်ပေးသော metro PCS ( CDMA ) ဖုံး .. အင်တာနက်က 4G .. တလလုံး ကြိုက်သလောက်ပြော . ကြိုက်သလောက် စာပို့ … ကြိုက်သလောက် အင်တာနက်သုံးပဲ ( Unlimited )… oversea call – $ 10 ထည့်ပေးထားတော့ စင်ကာပူကို ကြိုက်သလောက် ဆက်လို့ ရတယ် … Unlimited = $ 50, Hand Set = $ 39.99 ….  မြန်မာနိုင်ငံကျတော့ ခေါ်လို့ မရဘူး … ဒီနေရာမှာ သွားပီး ဘယ်နိုင်ငံတွေကို တလ $ 10 နှုန်းနဲ့ ဒီ အမျိုးအစားဖုန်းက ခေါ်လို့ရလည်းဆိုတာ ဖုန်းနံပါတ် ရိုက်ထည့်ပီး ….  Search : http://www.metropcs.com/metro/browse/feature/cat610035/cat610036/0ILD  လုပ်လို့ရသလို … web site မှာ online service အနေနဲ့ chat box လည်း ရှိတာမို့ .. တခါတည်း chat ရင်းနဲ့ သိချင်တာတွေကိုလည်း လှမ်းမေးလို့ ရပါသေးတယ် …

Sin card လည်း ၀ယ်လို့ရပါတယ် … Sin card က $ 50 … hand set . ယူလာရင် sin card ပဲ ၀ယ်ပီး ထည့်လိုက်ရုံပါပဲ .. Unlimited Talk, Text, Web ပါပဲ …
*** အရင်ပိုစ့် … ***
Advertisements

2 thoughts on “NYC – Dallas BBQ

  1. အသိအမကြီးတယောက်နဲ့နာမည်တူလို့ ရောက်လာတယ်
    တီလဲ ဟင်းချက်တွေ ချက်တယ် လာလည်အုံးနော်

    Like

  2. @ တီချမ်း …

    ပြောတဲ့ အသိ အမကြီးကို … ကိုယ် သိပါတယ် …

    ကိုယ်နဲ့ နာမည်တူတဲ့ သူမလည်း အမေရိကားမှာ နေတယ် …

    နာမည်လည်းတူတယ် …
    နေတဲ့ နိုင်ငံလည်း တူပါတယ် …

    မတူတာက … သူမက Single ..
    ကိုယ်က Double ပါ 😛

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s