Posted in U.S.A - Snow

Snow Man

သားသား … snow man လုပ်ဖို့ စနိုး ကောက်လာတာ ….
 

စနိုးကို တွန်းလိမ့်လိုက်ရင် အလိုက်သင့်ပဲ စနိုးဘောလုံးဖြစ်ပီး ဘောလုံး လိမ့်သလို လိမ့်လာ လိုက်တာနဲ့ စနိုးဘောလ်က တဖြည်းဖြည်း ကြီး ကြီးလာတယ်။ ကလေးတွေ အတွက် … snow  man လုပ်ရတာ အရမ်းပဲ လွယ်တယ်။ သားသားဆို တခါတည်း ပြလိုက်တာနဲ့ သူ့ဘာသာ သူ စနိုးဘောလ်ကို လိမ့်ပီး တွန်းသွားရင်း snow man … body အတွက် စနိုး ဘောလုံး အကြီး ကြီး လုပ်လာတယ်။

သားသား snow ball ကို တွန်းနေတာ …
လူကြီးတွေ အတွက်ဆို … ကော်ဇော ခေါက်လိမ့်သလိုမျိုး … 
ကလေးတွေ အတွက်ဆိုရင် မြေပြင်မှာ ဘောလုံးကို လိမ့်သလိုမျိုး မို့ …. 
သားသားက အရမ်း သဘောကျပေါ့ … 

SNOW MAN လုပ်ဖို့ လိမ့်လာတဲ့ စနိုးဘောလ်တွေကို ထပ် … တင် လိုက် ပီးတဲ့ အခါမှာ … 
SNOW ROCK ပေါ်ကို … 
သားသား သူ့ဘာသာ သူ တက် … ပီး … 
သီချင်းအော်ဆိုနေတာ …

သီချင်းဆိုလိုက် … ကလိုက် … လုပ်နေတာ …

နောက်ထပ် စနိုးဘောလ်တွေ ထပ် လုပ် …

လက်နှစ်ဖက် နဲ့ ပုတ် .. ပုတ် အပီး စနိုး ဘောလုံးကို ကျစ် ကျစ်လေး လုပ်နေတာ …

SNOW MAN ခေါင်းလေးအတွက် နောက်ထပ် စနိုး ဘောလုံး နောက် တလုံး …

စနိုးဘောလုံးကို မ’ သယ်နေသော သားသား ….

အလယ်က SNOW MAN ဗိုက်သားကို ကြီးကြီးလေး ဖြစ်အောင် … 
လိမ့်လာတဲ့ စနိုးဘောလ် ကို တခု နဲ့ တခု ထပ် မတင်ဘဲ …
 ဒေါင့်လိုက်ပဲ တင်လိုက်တယ်။ 
ဒါဆို SNOW MAN နည်းနည်း ကြီးသွားပီး …  
သားသား … အရပ် နီးပါးလောက် ဖြစ်သွားပီ …


သူငယ်ချင်း SNOW MAN  နှင့် အမှတ်တရ …


ဘလူးဘယ်ရီ သီးတွေက လေတိုက်လို့ ကြွေသွားတာနဲ့ အသီး သေးသေးလေးတွေ မကျန်တော့ဘူး။ ဒါနဲ့ပဲ သစ်ကိုင်းခြောက်တွေ ကောက်လာတာ … SNOW MAN က မျက်စိမြေးမြေးလေး နဲ့ ပြုံးပြနေတဲ့ ပုံ ဖြစ်သွားတယ်။ 

မျက်စိမြေးမြေးလေးနဲ့ ပြုံးပြနေသော SNOW MAN နှင့် သမီးလေး

သားသားကို အပြုံးဖြင့် တုန့်ပြန်နေသော SNOW MAN

နောက်ထပ် သမီး က အိမ်နီးချင်း ရုရှားမလေးတွေ နှင့် SNOW MAN လုပ်နေတာ …

စနိုးဘောလ်လုံးကို လိမ့်နေတာ …

ဒါက အိမ်ရှေ့အိမ်က ရုရှားမိသားစု လုပ်ထားတဲ့ SNOW MAN

ပန်းအိုး ဦးထုပ် အမဲလေးတောင် ဆောင်းထားပီး … တုပ် ၂ ချောင်း ကိုင်ထားသေးတယ် …

  

ထင်းရှုးပင်များ


စနိုး ဘာဘီကျူး လုပ်မလို့ တဲ့ …

စနိုး အချပ်တွေ တချပ်ပီး တချပ် ထပ်တင်နေတာ … စနိုး ဘာဘီကျူးတဲ့  …

MAPLE အဖူးလေးတွေ စထွက်နေတဲ့ မတ်လ ….

MAPLE အဖူး နီနီလေးတွေ …

ကလေးတွေ ကျောင်းသွားတိုင်း … အဲဒီ ကြောင် အမဲကြီးက သူပါ လမ်းထိပ် ထိ လိုက်ပီး ကျောင်း လိုက်ပို့ပေးတတ်တယ်။ 

အိမ်နီးချင်း ရုရှား မိသားစု နှင့် သမီးလေး … မိုးလေး ဖွဲဖွဲလေး ရွာနေတဲ့ အချိန် …

ဟိုဘက်လမ်းက ကလေးတွေလည်း ကျောင်းကား စောင့်နေတဲ့ အချိန် …

ထီးလေးတွေ ကိုယ်စီ နဲ့ ကလေး ၃ယောက် နှင့် အတူ ရုရှား အမျိုးသမီး ဦးဆောင်ပီး SNOW MAN လုပ်နေတာ .. ကျောင်းကား မလာခင် အချိန်လေးအတွင်းမှာ ….

သမီးလေး နှင့် SNOW MAN 

နှာခေါင်းမှာပါ စနိုးဘောလ်လုံး သေးသေးလေး တပ်ထားသေးတယ်။ ချစ်စရာလေး …

သားသားရဲ့ နှင်းခြေရာလေးများ ….

စနိုး နှင့် ဆော့တိုင်း အရမ်းပျော်နေတတ်သော သားသား ….

စနိုး ရေကန်ထဲကို စနိုးတွေ ပစ်ချနေတာ …

Pesticide Applicator – အဲဒီ မြေကြီးမှာ အင်းဆက် ပိုးသတ်ဆေး ဖြန်းထားလို့ ကလေးတွေ နှင့် ခွေး .. တိရစာန်တွေ ဖြတ်မလျှောက်ဖို့ သတိပေး စာတမ်း …. 

မြေကြီးမှာ အဲလို မျိုး ဖြန်းထားတော့ အိမ်ထဲကို အင်းဆက်ပိုးတွေ ကူးမလာတော့ဘူး ….

ကားပါကင်ဝင်းကို သွားတဲ့ လမ်း …

နှင်းကျနေတဲ့ အချိန် …

အိမ်ရာက နှင်းရှင်းတဲ့ ကား …

နှင်းမိုးသည်း 

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “Snow Man

  1. Candy …..

    အိမ်လာလည်တာ ကျေးဇူးနော် …

    နှင်းဖတ်လေးတွေ ကျနေတာ … မိုးရေချိုးနေရသလိုမျိုးပဲ …

    မိုးရေလောက်တော့ လူကို စိုရွှဲမသွားပေမယ့် ပျော်စရာကြီး …

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s