ငါးအသားလုံးကြော်သုပ်

Fried fish salad

ချဉ်၊ ငံ၊ စပ်

Ready made – Fried fish ( အိမ်မှာတော့ ငါးဖယ်ကြော်လို့ပဲ အလွယ်တကူ ခေါ်လိုက်တယ်။ )

ငါးဖယ်ကြော်ကိုပါးပါးလှီးပီး၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်းနှင့် အတူ ကုလားပဲ အကျက်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သံပုရာသီး ၊ ငရုတ်သီး အကျက်မှုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်သွန်ကြော်

ငရုတ်သီးစိမ်း ပါးပါးလှီးထားတာ ထည့်သုပ်ထားပေမယ့် ငရုတ်သီး အကျက်မှုန့်ပါ ထည့်သုပ်ထားသေးတယ်။ အသုပ်ထဲမှာ ပိုပီး ငရုတ်သီး အစပ် နံစပ်သွားအောင် ငရုတ်သီး အကျက်မှုန့် နည်းနည်း ထည့်သုပ်ထားတယ်။ 

ဂေါ်ဖီရဲ့ ကြွပ်ဆတ်ဆတ် အရသာ အသုပ် နှင့် အတူ ကြက်သွန်ဖြူ ဆီချက် နဲ့ နှယ်ထားတာမို့ စားလို့ ကောင်းတယ်။  

မှတ်မိသေးတယ်။ အမေရိကား ရောက်ခါစ … မနှစ်က ဧပြီလ … 
တလ လုံး နီးပါးလောက် အိမ်မှာ အသုပ်တွေပဲ နေ့တိုင်းနီးပါး သုပ်စားဖြစ်တယ်။ 

ရောက်ခါစက … မနေတတ် မထိုင်တတ်နဲ့ ….
စားတာ .. သောက်တာ ဘ၀င်မကျလို့လား။ 
အရာရာ ကို ကြည့်လိုက်ရင် မစားရသေးဘဲနဲ့ အီသလို ဖြစ်နေလို့လား မသိပါဘူးကွာ …

အဲဒီ လတွေတုန်းက နေ့တိုင်း ချဉ်၊ ချဉ်၊ ငံ၊ ငံ၊ စပ်၊ စပ် သုပ်စားနေမိတာ မှတ်မိနေသေးတယ်။ 


Advertisements

2 thoughts on “ငါးအသားလုံးကြော်သုပ်

  1. Anonymous says:

    甜不辣 ကိုဒီမှာ ဖောချင်းသောချင်းစားကြတယ်။
    ချိုတိုတိုအရသာမကြိုက်တော့ မစားဖြစ်ဖူး။
    ဒီလိုသုတ်တော့လဲ စားချင်စဖွယ်ပါလားနော်..။
    ဒီကလူတွေက ကြော်စားကြတာများပါတယ်..။

    ပေါက်

    Like

  2. 甜不辣 = Tempura …( From Google translate )

    ရှိတာနဲ့ပဲ … ချဉ်၊ ငံ၊ စပ် သုပ်စားလိုက်တာပါ ….

    မုန့်ဟင်းခါးထဲလည်း ညပ်ပီး ထည့်စားတယ် ပေါက်ရေ …

    ဒီမှာ ငါးဖယ် ၀ယ်လို့ရတယ်လို့ ပြောတယ်။ ဆိုင်မှာ မတွေ့လို့ မ၀ယ်စားဖြစ်တာပါ။

    ချစ်ပေါက် … လာလည်တာ ကျေးဇူးနော် ….. 🙂

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s