Posted in Fish paste, Pork
ဝက်အချိုချက်၊ ငပိကြော်
ဒီနေ့ ချက်တဲ့ ၀က်အချိုချက် နှင့် ငပိကြော် ပါ။
ငပိကြော်ကို ကြော် ပီး ပီးချင်း … ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်များနှင့် အတူ ထမင်းနဲ့ နှယ်စားရတာကို ပိုကြိုက်ပါတယ်။ 
ဒီတခါ ၀ယ်စားသော အရိုးပါသော ၀က်သားတုံးများ … 
သူ့ကို roast အနေနဲ့ ချက်စားရင် ပိုကောင်းသလို .. ..
ကင်စားရင်လည်း စားလို့ကောင်းတဲ့ အသားပိုင်း ……
အရိုးပါတဲ့ ၀က်သားတုံးမို့ စွန်တန်နှင့် အတူ အရည်သောက် ချဉ်၊ စပ် ချက်စားရင် ကောင်းမလား … … 
 ပျားရည် သုပ်ပီး ကင်စားရင် ကောင်းမလား …
aluminum foil ပတ်ပီး roast ချက်စားရင် ကောင်းမလား …
သမီးက ချိုချိုလေး စားချင်တယ်ဆိုလို့ …. ပဲငံပြာရည် အနောက်နဲ့ နှယ်ပီး ချက်ထားသော ၀က် အချိုချက် … 
ငပိကြော်ကို ထမင်းနဲ့ နှယ်ပီး …
အခွံပါး သံပုရာသီးကို စားပွဲပေါ် လက်နှစ်ဖက် နဲ့ ဖိပီး လိမ့်ပေးလိုက်တယ်။ အဲဒါဆို သံပုရာသီးက လှီးလိုက်တဲ့ အခါ အရည်ပိုရွှမ်းတယ်။ သံပုရာသီး စိတ်တွေကို သေးသေးလေးတွေ စိတ်ပီး ငပိကြော် နှယ်ထားတဲ့ ထမင်းထဲ မြုပ်ပီး သံပုရာသီးကို အခွံပါ ၀ါးစားပါတယ်။ ( သွားတွေ ကြိမ်းပေါ့ )
*** ချက်၊ စားနည်း ***
ဝက်သားကို ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ နဲ့ နှယ်ပီးနောက် ချက်မယ့်အိုးမှာ ဆီကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပီး … ဆီပူလာပီဆိုတာနဲ့ သကြား လက်ဘက်ရည်ဇွန်း ၂ ဇွန်းလောက်ထည့်မွှေပီး နာနတ်ပွင့် တပွင့်ထည့်။ ပီးမှ ဓါးပြားရိုက် ကြက်သွန်ဖြူ ၊ ဂျင်း တို့ ကို ထည့်ပီး ခဏလောက် ဆီသတ်ပီးမှ နှပ်ထားတဲ့ ၀က်သားထည့်မွှေထားတာပါ။ 
** အရင်ပိုစ့်  **
Advertisements
Author:
I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.
2 thoughts on “၀က်အချိုချက်၊ ငပိကြော်
  1. အရောင်လေးတွေကလည်း လှနေတာဘဲ
    ဘယ်လောက်အရသာရှိမယ်ဆိုတာ ကြည့်တာနဲ့သိနေသလိုဘဲ..
    တကယ့်ကို စားချင်စရာလေး..
    စာဖတ်နေရင်း ဗိုက်ထဲကတောင် အသံမြည်သွားသေးတယ်..
    Like
Leave a Reply
Please log in using one of these methods to post your comment:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s