Posted in Personal

ရွှေချီ ဟာလ၀ါ

ရွှေချီ ဟာလ၀ါ စားရင် နည်းနည်းလေး နှင့် ရေနွေးကြမ်းနှင့်အတူ တွဲစားပါတယ်။

ချက်ရတာ လွယ်တာလည်း ပါတယ်။ စားချင်တာနဲ့ ချက်စားလိုက်တယ်။ ထောပတ်နဲ့ စိမ့်စိမ့်လေးမို့ အများကြီးလည်း မစားရဲဘူး။ ဇွန်းဖျားလေးနဲ့ ခပ်ပီး နည်းနည်းချင်းစီ စားသွားတယ်။ 

 

တခါ စားရင် ထမင်းစားဇွန်း ၂ ဇွန်းစာကို ပန်းကန်သေးသေးထဲ ခပ်ထည့်ပီး …. နည်းနည်း ( စပျစ်သီးခြောက် ပမာဏ )လောက် နည်းနည်း ချင်းစီ စားပါတယ်။

သားသားကတော့ အရမ်းကြိုက်တယ်။ သူ့ကြိုက်တဲ့ စပျစ်သီးခြောက်တွေနဲ့ သီဟိုဠ်စေ့၊ သစ်ကြားစေ့ ပါတော့ ပိုစားကောင်းလို့ နဲ့တူတယ်။ သူလည်း နည်းနည်းပဲ စားတယ်။ တခါ စားရင် .. ၂ ဇွန်း … ၃ ဇွန်းပဲ … အီလို့ …. 

** ချက်၊ စားနည်း **

ထောပတ် = ၁ ခွက်
ရွှေချီ ( Sooji – Fine ) = ၁ ခွက်
နွားနို့ = ၁ ခွက်
ရေ = ၁ ခွက်
သကြား = ၁ ခွက်
စပျစ်သီးခြောက်၊ သီဟိုဠ်စေ့ = အနည်းငယ်
** ခွက် = ထမင်းချက်တဲ့ အခါတွင် ချိန်သော ဆန်ချိန်ခွက် 

ကွတ်ကီး ဖုတ်ရင် ဒီလို ထောပတ်မျိုးကို သုံးလေ့ သုံးထ ရှိပါတယ်။ 
Sweet Cream Unsalted

ထောပတ် ပမာဏ ဇယားကို ထောပတ် တုံးပေါ်မှာ ဖော်ပြပေးထားတာမို့ ကြည့်ရတာ အရမ်းရှင်းတယ်။
 ထောပတ် ၁ တုံးကို = ခွက် တ၀က်ရှိတယ်။
ထောပတ် ၂ တုံး = ၁ ခွက်
ချက်မယ့် အိုးမှာ …
( မီးမြေးမြေး ) နှင့် ထောပတ် = ၂ တုံး ကို အရည်ဖျော်ထားပါ။
ရွှေချီမှုန့် = ၁ ခွက် ထည့်မွှေ …
အညိုရောင် သန်းတဲ့ အထိ အဆက်မပြတ်မွှေပေးပီး …
အညိုရောင်သန်းပီ ဆိုတာနှင့် …
ရေ = ၁ ခွက်
နွားနို့ = ၁ ခွက် ထည့်မွှေပါ။ 
အဆက်မပြတ် မွှေပေးရင်း မုန့်သားတက်လာပါလိမ့်မည်။
သကြား = ၁ ခွက် ထည့်မွှေ …
စပျစ်သီးခြောက်၊ သီဟိုဠ်စေ့ ၊ Almond  အနည်းငယ် ထည့်မွှေပါ။
 ( မထည့်ပဲ  ရွှေချီ ဟာလ၀ါ – pure လည်း စားလို့ ကောင်းသည် )

အီတာတော့ စပယ်ရှယ် အီတယ်။ ဒါပေမယ့် တခါ တလေ … ဒီလိုမျိုး အီတာလေးတွေကို … စပျစ်သီးခြောက် ပမာဏ ဇွန်းဖျားလေးနဲ့ စားပီး ရေနွေးကြမ်း သောက်တာလည်း အရသာ တမျိုးပါပဲ ….

အရင်ပိုစ့် …
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s