Posted in Fish, Soup

မုန်လာဥ ချဉ်ရည်ဟင်း

ကလေးများ အတွက် ပန်းပွင့်ပုံ မုန်လာဥ ချဉ်ရည်ဟင်း

 ငါးဟင်း

ငါးဟင်းအိုး

ငါး ငံပြာရည်ကြော်ချက်

မုန်လာဥ ချဉ်ရည်

မျှစ်ပြုပ်

ဒယ်ဒီ လက်ရာ – ငပိရည် ရှူးရှဲ စပ်စပ်

ငပိရည် နှင့် တို့စားဖို့ တို့စရာ မျှစ်ပြုပ်
ဒယ်ဒီ သူငယ်ချင်း … လက်ဆောင်ပေးသော … ချဉ်ရည်ဟင်းများ

ပထမ တခေါက် ပေးတာ။ မုန်လာဥဖြူလည်း ပါတယ်။ ငရုတ်သီးစိမ်းလည်း ပါတယ်။ ချဉ်ပေါင်ကြော်တဲ့ အခါ ထည့်ချက်တဲ့ မျှစ် လည်း ပါတယ်။ နံနံပင်လည်း ပါတယ်။ ငါး အသားဖတ်လည်း ပါတယ်။ ဘူးသီးလည်း ပါတယ်။

ဒီလ လဆန်းတုံးက ဟင်းရည် 2 Qrt လောက်ကို လက်ဆောင်ပေးတာပါ။ 
ဒယ်ဒီက ကြိုက်တယ်ဆိုလို့ … 

ဒီနေ့ American Presidents Day နေ့မှာ နောက်တခေါက် ထပ်ပေးတဲ့ ချဉ်ရည်ဟင်း 

ဒီတခေါက် … မုန်လာဥဖြူ မပါဘူး။ ဘူးသီးစိတ်တွေ ကို စိတ်ထားတာ အတုံး ကြီးကြီးပဲ ….
ဒယ်ဒီ သူငယ်ချင်းတွေ နဲ့ ကိုယ်တို့ နေတဲ့ State က မတူဘူး။ 
ကိုယ် .. ဒီမှာ မြန်မာ + တိုင်းရင်းသားတွေ နဲ့ သိပ် မတွေ့ဖြစ်ပါဘူး။ 
အမေရိကား ရောက်တာ ၁၀ လ အတွင်းမှာ ချင်း မိသားစု ၃ ယောက် နှင့် ရှမ်း မိသားစု – ၄ယောက် ပဲ တွေ့ဖူးသေးတယ်။ အဲဒီ မိသားစု ၂ စု စလုံးက DV ပေါက်တဲ့ မိသားစုတွေ ….
ကိုယ်တို့ State က မြန်မာ + တိုင်းရင်းသား နည်းတယ်။ 
အားလုံး ကိုယ်စီ အလုပ်တွေ ရှုပ်နေတတ်ကြတာမို့ သိပ်မတွေ့ဖြစ်ကြတာလည်း ပါ .. ပါတယ် ….
ဒယ်ဒီ တယောက်လုံး ရှိနေလို့ အမေရိကား စရောက်ကတည်းက ဒီကနေ့အထိ သူများဆီက အကူအညီကို မတောင်းဖူးဘူး။ 
ဟိုဘက် State က ဒယ်ဒီ သူငယ်ချင်းတွေက စားကောင်း သောက်ဖွယ်ဆို အရမ်းကိုပေးချင်တာပဲ။ တကယ့် မြန်မာစိတ်ရင်းတွေ … ကိုယ့်တို့ကလည်း ငပိရည်ပဲ ဖြစ်ဖြစ်၊ ချဉ်ရည်ဟင်းပဲ ဖြစ်ဖြစ် လက်ဆောင်ရရင် ပျော်ပါတယ်။ ငါးခြောက်လည်းပါတယ်။ ပဲပြုပ်၊ ပုန်းရည်ကြီး၊ ချဉ်ပေါင်ကြော် .. စုံနေတာပဲ။ လက်ဆောင်ရတာတွေက .. ပိုစ့်တွေလည်း အမှတ်တရ အနေနဲ့ တင်ဖူးပါတယ်။ 

ကိုယ့် ဘလော့ .. အမှတ်တရ ရေးတတ်တာ … ရင်းနှီးတဲ့လူတွေ တော်တော်များများ မသိကြပါဘူး။ အကုန်လုံးနီးပါးပဲ .. ကိုယ် … ဘလော့ရေးမှန်းမသိဘူး။ 
Gtalk က ခင်တဲ့ သူငယ်ချင်း လေး ၅ ယောက်လောက်ပဲ သိတယ်။



** ချက်၊ စားနည်း **

ငါးဆီပြန်ဟင်းအိုး

ငါးဟင်း

ငါး ငံပြာရည်ကြော်ချက် ( အစပ် )

မုန်လာဥ ချဉ်ရည်ဟင်း

မုန်လာဥဖြူ …. တဥ 
ဆီ .. ထမင်းစားဇွန်း ၂ ဇွန်းထည့် အပူပေး ….
ဆီပူပီ ဆိုတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် … 
စိတ်ထားသော မုန်လာဥဖြူများထည့်၊ 
ငါးငံပြာရည်အချို ထည့်၊ နံနံပင် ပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်၊ 
စိမ်းစားငပိ လက်ဘက်ရည် ဇွန်း တကော်စာ ရေ အနည်းငယ်နှင့် ဖျော်ထားတာ ထည့်မွှေ …
ရေ ၃ ခွက်လောက် ထည့်ပီး … 
ပွက် ပွက်ဆူနေအောင် .. မုန်လာဥဖြူများ နူးလာပီး ဟင်းရည်အိုး ကျတဲ့ အထိ တည်ပေးရင် သောက်လို့ ကောင်းတဲ့ ချဉ်ရည်ဟင်းတခွက်ပါ။
ဆီမသတ်ပဲ တခါတည်း လုံးချက် လည်း စားကောင်းတာပဲ။ 
ရန်ကုန်မှာ နေတုန်းက မနေ့က ကျန်တဲ့ ငါးဟင်းတွေထဲက ငါး အသားဖတ်များနှင့် အနှစ်ကို ယူ၊ ဆီကို အများကြီး မယူဘူး။ စိတ်ထားတဲ့ မုန်လာဥဖြူတွေ နဲ့ အိုးထဲမှာ လုံးချက်ပီး ပါးပါးလှီးထားတဲ့ နံနံပင်၊ ငရုတ်သီးစိမ်းပါ ထည့်မွှေ၊ ငံပြာရည်လေး ဖျန်း၊ ဟင်းရည်အိုး ပွက်ပွက် ဆူလာမှ မန်းကျည်းမှည့်ရည်လေး ထည့်၊ အပေါ့ အငံ မြည်းပီး ဟင်းရည် ကျအောင် တည်ထားလိုက်ရင် ရပါပီ …

တို့စရာ မျှစ်ကို တရေ လောက် ပြုပ်လိုက်ရင် ငပိရည် နဲ့ တို့စားလို့လည်း ကောင်းသလို .. ချဉ်ရည်ဟင်းနဲ့လည်း လိုက်ဖက်ပါတယ်။ 

** အရင်ပိုစ့်  **

ငါးကြော်၊ ငရုတ်သီးသုပ်၊ ကင်းပွန်းချဉ်ရည်
ငါး အစပ်ကြော်၊ မန်းကျည်းရွက် ချဉ်ရည်
ငါးခူဆီပြန်ဟင်း၊ ငရုတ်သီးသုပ်

ဗူးသီး ချဉ်ရည်၊ ၀က်သားနှပ်




Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s