Posted in Personal

မုန့်လုံးကြီး အုန်းနို့ဆမ်း

မုန့်လုံးကြီး အုန်းနို့ဆမ်းကို ငယ်ငယ်လေးကတည်းက ကြိုက်တယ်။
 

ရန်ကုန်မှာနေတုန်းက စီးတီးမတ်ကနေ ခဏ ခဏ ၀ယ်စားဖြစ်တယ်။
 

အရင်ဘလော့အဟောင်း wordpress မှာ စီးတီးမတ်က ၀ယ်စားတဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း ပုံ တင်ဖူးတယ်။

ရန်ကုန် ဈေးထဲက အုန်းသီးဆိုင်က အုန်းနို့ပြစ်ပြစ်ကို မီးဖိုပေါ်မှာ ကြာကြာတည်ထားလို့ရှိရင် အုန်းနို့တွေ လိပ်တက်လာပီး …. အုန်းနို့ ဆီ ရပါတယ်။ 
အဲဒီ အုန်းနို့ဆီကို မုန့်လုံးကြီး ပေါ် တင်စားတဲ့ မြန်မာမုန့် မုန့်လုံးကြီး အုန်းနို့ဆမ်းပါ။
အခု အိမ်က မုန့်လုံးကြီး အုန်းနို့ဆမ်းက အုန်းနို့ဆီ ဆမ်းထားတာ မဟုတ်ဘူး။ ဒီမှာ ၀ယ်လို့ရတဲ့ အုန်းနို့ သံဗူးတွေက ရန်ကုန် ဈေးထဲမှာ ၀ယ်တဲ့ အုန်းနို့ လတ်လတ် ဆတ်ဆတ်များလို မဟုတ်ပါဘူး။
မီးဖိုပေါ် ကြာကြာ တည်လို့ အုန်းနို့တွေ လိပ်မတက်လာပဲ … အုန်းနို့ဆီ မဖြစ်ပဲ … အုန်းနို့တွေ ခမ်းသွားမှာ စိုးရိမ်စိတ်ကလေးနဲ့ အုန်းနို့ဆီ မချက်ဖြစ်ဘူး။ 
အိမ်က အုန်းနို့ သံဗူးက အုန်းနို့ရည် ကျဲတာလည်း ပါတယ်။ 

ဒါကြောင့် အုန်းသီးဖတ်ကိုပဲ မီးဖိုပေါ်တင်ပီး မီးမြေးမြေးနဲ့ လှော်။ နီရောင် ဖျော့ဖျော့လေး သန်းလာတာနဲ့ သကြားလေး ထည့်ပီး ချက်ထားတဲ့ အုန်းသီးဖတ် အချို ….

အုန်းနို့လေး ကျန်နေတာနဲ့ အုန်းနို့ရည်ပါ ထပ်ဆမ်းပီး စားတဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း

* ချက်၊ စားနည်း * 

ကောက်ညင်းမှုန့် – ( ဆန်ချိန်ခွက် ) – ၁ ခွက်
 ဆန်မှုန့် – ( ဆန်ချိန်ခွက် ) – ၃ ပုံ ၁ ပုံ
ရေ – ( ဆန်ချိန်ခွက် ) – တ၀က်

နှယ်မယ့် ကြွေဇလုံထဲကို အမှုန့်တွေ အရင်ထည့်ပီး ရေ ( ဆန်ချိန်ခွက် ) တ၀က်ကို အမှုန့်တွေ နှယ်ရင်းနဲ့ ဖြည်းညှင်းစွာ ထည့်ပီး မုန့်သား နှယ်ထားပါတယ်။ 

( ကိုယ့် အဲဒီ နေရာမှာ တခု ပြောပြချင်တာက …. ပူရီ မုန့် သား နှယ်တာပဲ ဖြစ်ဖြစ်၊ ကောက်ညှင်း မုန့်သား နှယ်တာပဲ ဖြစ်ဖြစ်၊ ဂျုံ မုန့်သား နှယ်တာပဲ ဖြစ်ဖြစ် … 
အမှုန့်များ ကို လက်တဖက်က နှယ်နေတဲ့ အချိန်မှာ ရေကို နောက် လက် တဖက် နဲ့ ဖြေးညင်းစွာ ထည့်ပီး မုန့်သား နှယ်သွားပါ …..

မျက်စိမှာ မြင်အောင် ဥပမာ ပြောပြရရင် … 

မုန့်သား ကြိတ်တဲ့ ကြိတ်ဆုံ မြင်ဖူးလား ….

ခြေထောက် နဲ့ ကြိတ်ဆုံကို တယောက်က ကြိတ်နေရင် … မောင်းထောင်း ကြိတ်နေရင် ….

နောက်တယောက်က ဒီဘက်ခြမ်း ဆုံ ဘက်ကနေ ရေ ကို ဖြည်းဖြည်း ချင်း ထည့်နေတာလေ … ) 

သဘောပေါက်မှာပါ … အခု ခေတ် လူတွေက ကိုယ်က လွှဲလို့ အားလုံး BRIGHT ဖြစ်နေပီပဲ။ မပိန်းတော့ပါဘူး။ 

ရေကို တခါတည်း ထည့်ပီး နှယ်ရင်ရော မရဘူးလားဆိုရင် …. အင်း …. ရမှာပါ  …. 

ကိုယ့်တော့ သိပ် မကြိုက်လို့ လက်တဖက်က အမှုန့်တွေကို အဆက်မပြတ် နှယ်နေရင်းနဲ့ ကျန် လက်တဖက်က ရေခွက်ကို ကိုင်ပီး ဖြေးဖြေး လေးထည့် ပီး မုန့်သားကို နှယ်ပါတယ်။

လက်ဖနောင့် နဲ့ ဖိဖိ ပီး နှယ်ပေးလည်း ရပါတယ်။


မုန့်လုံးရေပေါ်တော့ လူတိုင်း ချက်ဖူးမှာပါ။ မုန့်လုံးရေပေါ်ထက် နည်းနည်းကြီးတယ်။ မုန့်လုံးရေပေါ်က အထဲမှာ ထညက်ခဲ ထည့်တယ်။ မုန့်လုံးကြီးက ကြိုက်နှစ်သက်ရင် အထဲမှာ သကြားကို ထည့်ပီး လုံးလည်း ရပါတယ်။ အိမ်မှာတော့ အထဲမှာ သကြား အစာ မသွပ်တော့ပါဘူး။
 

လုံးပီးရင် … မုန်လုံးရေပေါ်လိုမျိုးပဲ … ရေနွေးပွက်ပွက်ဆူထဲ ထည့်လိုက်ပါ။
ရေနွေးအိုးပေါ် ပေါ်လာရင် ဆယ်ပီး ရေအေးနဲ့ ခဏလေးပဲ စိမ် …


ပီးရင် OVEN FOIL ထဲ ထည့်။ အုန်းနို့ရည်လေး လောင်း။ 
အပေါ်ကနေ ဆီလေး သုပ်ပီး

OVEN 200º F နဲ့ နာရီဝက် … ( သို့ ) ၄၅ မိနစ်လောက် ချက်ပါတယ်။
အပေါ်မီး နဲ့ မုန့်လုံးကြီး အပေါ်မှာ ဆီသုပ်ထားတာ နည်းနည်းကြွပ်တဲ့ အထိပဲ အပေါ်မီး ပေးတယ်။


 မုန့်လုံးကြီး အောက်နားတွေက အုန်းနို့နဲ့ စိမ်ပီး ချက်ထားလို့ ကောက်ညင်းမုန့်သားထဲ အုန်းနို့ရည် စိမ့်ဝင်နေပီး အပေါ်က ဆီသုပ်ပီး အပေါ်မီး နဲ့ ချက်ထားလို့ အပေါ်နားမှာ နည်းနည်း မုန့်သားကြွပ်နေလိမ့်မယ်။ 

အဲဒါကို ကတ်ကြေးနဲ့ ညပ်ပီး 

အုန်းနို့ပြစ်ပြစ်ကို မီးဖိုပေါ်မှာ ခပ်ကြာကြာ တည်ရင် အုန်းနို့တွေ လိပ်တက်လာပီး အုန်းနို့ဆီ ရလာလိမ့်မယ်။ 

အဲဒီ အုန်းနို့ဆီ စမ်းပီး စားရင် စားလို့ တော်တော်ကောင်းတဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်းပါ။ 



Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s