Posted in Personal

မုန့်လက်ကောက်ကြော်


မုန့်လက်ကောက်ကြော်

 

ထညက်ရည်၊ မုန့်လက်ကောက်ကြော်

 

ဘေးတိုက်မြင်ရသော မုန့်လက်ကောက်ကြော်

 

ဆီကြော်မုန့်တွေက ကြော်ပီးရင် တစ်သျှူးနှင့် ဆီစစ်ပေးထားတာ ပိုကောင်းတယ်။

 

အိမ်မှာ … ကလေးများက အရမ်းကြိုက်တယ်။ 
 

ဒိုးနတ်မုန့်လို မုန့် ၀ိုင်းဝိုင်းကြီးကို ထညက်ရည် နဲ့ တို့စားတာ သားသားက တမျိုး ဆန်းနေလို့ သဘောကျတယ်။ 
ကလေးတိုင်းက အချိုကြိုက်တတ်ကြတော့ မုန့်လက်ကောက်ကြော်ကို ကြိုက်တာလည်း ပါ ပါတယ်။


** ချက်၊ စားနည်း **

ကောက်ညင်းမှုန့် ( Glutinous rice flour ) – ( ဆန်ချိန်ခွက် ) တခွက်
ဆန်မှုန့် ( Rice flour ) – ( ဆန်ချိန်ခွက် ) သုံးပုံ တပုံ


ကုလားပဲမှုန့် ( အစိမ်း ) – ( ဆန်ချိန်ခွက် ) သုံးပုံ တ ပုံ
ရေ – ( ဆန်ချိန်ခွက် ) တ၀က် 

ရေကို ( ဆန်ချိန်ခွက် ) သုံးပုံ နှစ်ပုံ လောက် ထည့်လို့ရပါတယ်။
မုန့်သား နှယ်နေရင်းနဲ့ မုန့် အစေးပေါက်တဲ့ အထိ နှယ်ပေးပါ။

ကုလားပဲ အစိမ်းမှုန့် အစား ( ကုလားပဲပြုပ်ကိုလည်း အသုံးပြုလို့ ရပါသေးတယ်။ ပိုကောင်းတာပေါ့နော် )

soda – လက်ဘက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

အမှုန့်များ အားလုံးကို ထည့်ပီး လက်တဖက်က နှယ်နေတဲ့ အချိန်မှာ ရေကို ( ဆန်ချိန်ခွက် ) တ၀က် ( သို့မဟုတ် ) ဆန်ချိန်ခွက် – ၃ ပုံ ၂ ပုံ …… ဖြေးဖြေးလောင်းထည့်ပီး မုန့်သား နှယ်ထားပါ။
 

မုန့်သား ကို လက်နှစ်ဖက် ဖြင့် အရှည်လိုက် လုံးပီး မုန့်လက်ကောက်ကွင်းလုပ်ထားပါ။
မီးမြေးမြေး အနေအထားနှင့် 
ဆီပူအိုးထဲမှာ မုန့်လက်ကောက်ကွင်း အ၀ိုင်း ပုံစံ မပြတ် ထည့်ပီး ဆီနှစ်ကြော်ပါ။

 

ထညက်ခဲတုံးများကို ရေ ထည့်ပီး မီးဖိုမီးဖြင့် မပြစ်မကျဲ ထညက်ရည် ကျိုထားပါ။
 

မုန့်လက်ကောက်ကြော်

 

မုန့်လက်ကောက်ကြော် နှင့် ထညက်ရည်

 

အေရှန်ဆိုင်က ၀ယ်လာသော အမွှေးနံသာများ …
vanilla က ကျောက်ကျော၊ စတော်ဘယ်ရီဖျော်ရည်၊ ကွတ်ကီး နှင့် ပူတင်း ၊ အခြား မုန့် အမျိုးမျိုး အတွက် …

ဒူးရင်းသီးက ရွှေပုစွန် အလွှမ်းပြေ ဒူးရင်းသီး ရွှေချီဆနွင်းမကင်း ချက်စားဖို့။ နောက်ထပ် ကျောက်ကျော နှင့် တခြား မုန့်များ အတွက် ….
အုန်းသီးကတော့ ကျောက်ကျော နှင့် တခြား မုန့်အမျိုးမျိုးအတွက် …


ကျောက်ကျော အချောင်းလေးများ ( ရွှေရင်အေး အတွက် )

 

ပုလဲလုံးလေးများ ( ရွှေရင်အေး အတွက် )

 

ရန်ကုန်မှာကတည်းက ကျောက်ကျော လုပ်ရင်း သုံးတဲ့ ကျောက်ကျောမှုန့် အထုပ် …
ကိုယ်တို့ ရွှေမြန်မာတွေက ကျောက်ကျောလုပ်ရင် တယ်လီဖုန်း တံဆိပ်ကို အသုံးများပါတယ်။ 
ရန်ကုန်က ကျောက်ကျော တံဆိပ်လေးတွေလည်း ရှိတယ်။ နာမည်မေ့နေလို့ …


တရုတ်တန်း ၁၉ လမ်းထိပ် က ပေါ်တီကို အောက်နားမှာ ရောင်းတဲ့ ဆန်မှုန့် နှမ်း၊ မြေပဲ၊ သကြား ကပ်တဲ့ မုန့် စားဖို့အတွက် ၀ယ်လာတဲ့ မြေပဲ အမှုန့် ။
ငယ်ငယ်တုန်းကတော့ ၃၈ လမ်း ဈေးထဲမှာ အဲဒီ မုန့် ရောင်းတယ်။ သမီး ငယ်ငယ်တုန်းက တရုတ်တန်း ၁၉ လမ်းထိပ်က ပေါ်တီကို အောက်မှာ ၀ယ်စားတယ်။


Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

10 thoughts on “မုန့်လက်ကောက်ကြော်

  1. စားချင်စရာလေး…
    မုန့်လက်ကောက်လေးက ခေတ်ဆန်တယ်..
    မော်ဒယ်လိုပိန်သွယ်သွယ်လေး…
    စားချင်တယ်.. မလုပ်စားတတ်ဘူး..
    မမသက် နည်းအတိုင်းလုပ်ကြည့်အုံးမှ…

    Like

  2. Sandakuu ….

    အမတို့ အိမ်မှာ မိသားစု ၄ ယောက် တထိုင်စာ လေး စားတာမို့လို့ ဒီ အချိုးအစား နဲ့ ဒီလောက် ပဲ ကြော်လိုက်ပါတယ်။

    ဟီး … ဟီး …

    လက် နှစ်ဖက် နဲ့ မုန့်သားကို လိမ့်တာ …
    များများ လိမ့် လေ … အရှည်လိုက်က သေး သေး သွားတယ်။

    မော်ဒယ်လေးပေါ့ ….

    ဆိုဒါ က လက်ဘက်ရည်ဇွန်း နဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ထည့်ထားပါတယ်။ နည်းနည်းပဲ ထည့်ထားတာပါ။

    အပြင်မှာ ရောင်းတာကျတော့ ဆိုဒါများတော့ မုန့်သားက ပွပီး မုန့်လက်ကောက်ကြော် ဖောင်းဖောင်းပွ ပွ ကြွပ် ကြွပ်လေး နဲ့ ပိုစားကောင်းပါတယ်။

    Like

  3. မရိုးနိုင်တဲ့မြန်မာ့အစားအစာ
    ကြိုက်တာပေါ့း)
    ထညက်ရည်ဆို..
    အညာထညက်ညိုညိုကြီးတွေနဲ့
    လုပ်ထားတာပိုစားကောင်းတယ်အစ်မး)
    နောက်တစ်နေ့အတွက်.မီနူးတွေကလည်း
    ရှယ်ပါလားအစ်မရေ…
    ကျွေးရချည်သေးရဲ့နော်..မျက်စိအစာ 😛

    ချစ်ခင်လျှက်

    Like

  4. သမီးစံ ….

    ကိုယ်လည်း မြန်မာမုန့်ဆို ငယ်ငယ်ကတည်းက ကြိုက်တယ်။

    အမေရိကားမှာက စားချင်တယ်ဆိုရင်တောင် ၀ယ်လို့ မရဘူးရယ်လေ …

    အဖြစ်က … ရန်ကုန်မှာ … ပီဇာ ဆို အိမ်မှာ ချက်စားတယ် …

    ဘိန်းမုန့်ဆို အလွယ်တကူ ၀ယ်လို့ ရတော့ ၀ယ်စားတယ်။

    အခု တီဗီက လာနေတဲ့ ဗယ်လတိုင်း စပါရှယ်လေးတွေ ကြည့်နေတာ။ ပျော်လည်း ပျော်တတ်ပါ့ ….

    သူတို့ကို ကြည့်ရင်း … ရီလည်း ရီရတယ်။ ပျော်နိုင်သူကြီးတွေ ….

    ထညက်ကလေ … INDIA ဆိုင်မှာ အလွယ်တကူ ၀ယ်လို့ရတဲ့ ထညက်ကို သုံးထားတာပါ။

    တခါတလေ ထညက် မဟုတ်ပဲ ကြံသကာ အပြား ဖြစ်နေသေးတယ်။

    မီးနူးတွေလည်း မျက်စိနောက်အောင် တင်မည်။

    ပီးတော့ .. ရန်ကုန် လူကြုံ ရှိလို့ ဒီမှာ ဈေးဝယ်ရင်း ဒီ ဘက် ဈေးတွေက ဓာတ်ပုံလေးတွေလည်း တင်အုံးမည်။ ဈေးမှာ ဗယ်လတိုင်း အလှဆင်ထားတာလေးတွေ ဓာတ်ပုံ ရိုက်ထားတာတွေလည်း တင်မည်။

    အခု တီဗီ ကြည့်ရင်း ဗယ်လတိုင်း ကွတ်ကီး ဖုတ်ထားတာလည်း တင်မည်။

    ဟီး … ဟီး …

    အမေရိကားမှာ … ဆွေမရှိ … မျိုးမရှိ … မိသားစု လေးယောက်ပဲ ရှိလို့ .. အွန်လိုင်းက ဘလော့မှာ အမှတ်တရလေးတွေ တင်ရင်း … နေ့တိုင်း နီးပါးလောက် တင်ရင်း …

    အင်း … ဘာလိုလို နဲ့ ကိုယ်တောင် အမေရိကားရောက်တာ ဒီလဆို ( ၁၀ ) လလောက်ရှိပီ။

    အခုထက်ထိလည်း အမေရိကားမှာ နေသားက မကျ ( ADJUST ) မဖြစ် ….

    အိပ်မက်ထဲမှာနဲ့ စိတ်ထဲမှာ မြန်မာပြည်မှာပဲ နေထိုင်နေတုန်းပဲ ….

    Like

  5. San Htun ….

    စတုဒီတာ အနေနဲ့ အပြင်မှာ အများကြီးကို ကြော်ကျွေးချင်တာ ….

    ဆန်းထွန်းအတွက် မုန့်လက်ကောက်ကြော် အများကြီး ကြော် ကျွေးမယ်နော် ….

    Like

  6. မုန့်လက်ကောက် မစားဖြစ်တာ တအားကြာပြီ
    ငယ်ငယ်တုန်းကတည်းက အရမ်းကြိုက်တာဘဲ..
    ထန်းညက်ရည်လေးနဲ့ တို့စားရတာ ဘာအရသာနဲ့မှ မတူဘူးလို့ ခံစားရတယ်
    အိမ်မှာ ငယ်တုန်းက မောင်နှမတွေ လုပြီး စားကြတာ သတိရလာတယ်။း)

    Like

  7. ချော ( အစိမ်းရောင်လွင်ပြင် ) ….

    အိမ်လာလည်တာ ကျေးဇူးနော် ….

    ကိုယ်ဆို မောင်နှမတွေနဲ့ မတွေ့တာ တော်တော်ကြာပေါ့ …..

    Like

  8. အခုမှဘဲလုပ်နည်းသိတော.တယ်။ ပြီးတဲ.အပတ်က စားချင်တာနဲ ကောက်ညှင်းဆန်မှုန့်ကိုဘာမှမရောဘဲ မုန် နယ်ပြီး ကြော်တာ မုန့်က မနီဘဲ ဖြူစွတ်စွတ် ဖြစ်နေပြီး အေး တော. မာ ရော။ ကြော်နေတုန်း မှ တခြားမှုန့်ရော ရမယ်စဉ်းစားမိတာ ။ အခုတော. အဖြေပေါ်ပြီး။ ထန်းညက်ရေ တော.မကျိုတော.ဘဲ အလွယ်ရှိတဲ. pancake နဲစားတဲ corn syrup နဲဘဲစား လိုက်တော.တယ်။ နောက်နေ.ကျန်တာကို microwave လုပ်ပြီး ငရုတ်ဆီနဲတိုစားပစ်တယ်။ :Pစားမကောင်းပေမဲ့ကုန်တာဘဲ။
    မနန္ဒာ ….မုန့် အစေးပေါက်တဲ့ အထိ နှယ်ပေးပါ။
    ……. ဘာကိုပြောတာလဲမသိဘူး။ ကုလားပဲပြုပ်နဲဆိုပဲကိုချေပြီး ရောနယ်တာလား။ ပဲမှုန်.ထက် ပဲကအိမ်မှာအဆင်သင့်ဖြစ်နေတတ်လိုပါ။
    ပဲကပ်ကြော်လဲဒီမုန်နှစ်ဘဲလား အမ။
    ကျေးဇူးကမ္ဘာပါ။

    Like

  9. ဇင် ….

    ပဲကပ်ကြော် …

    ပဲကြော်ဖို့ အတွက် မုန့်နှစ် အချိုး ရေးထားသော ပိုစ့် … ပဲကြော်နည်း

    http://thiriyatanar.blogspot.com/2012/02/blog-post_9039.html

    အစေးပေါက် ..

    မုန့်သားကို ညက်နေအောင် နှယ်ပေးဖို့ ပြောတာပါ … မုန့်သားညက်နေမှ မုန့်လက်ကောက်ကြော် က ပိုစားကောင်းပါတယ်။

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s