မိုင်လို – ကျောက်ကျော

အသည်းပုံ ကျောက်ကျောလေးများ 

ကျောက်စိမ်း –  ကျောက်ကျော တလွှာ …
အုန်းနို့ တလွှာ …  
မိုင်လို တလွှာ  


cutter လေး နဲ့ ဖြတ်ထားသော ကျောက်ကျောတုံးလေးများ

အုန်းနို့တလွှာ နှင့် မိုင်လို တလွှာ

မိုင်လို ကျောက်ကျော ဗန်းပေါ်ကို ကျောက်စိမ်း- ကျောက်ကျောတလွှာ ထပ်တင်ထားသော ကျောက်ကျောဗန်း

ကျောက်ကျော ၃ လွှာ

အုန်းနို့ ( ၂ ) ဗူးလောက် ထည့်ရင် တော်တော်ကို စားကောင်းနေပါပီ။ 
ကိုယ့်တို့ အသက်အရွယ်နဲ့ ဆိုရင် … သကြား … အုန်းနို့ က ဂရုစိုက်ပေးမှ .. .တော်ကာကြတာပါ။ 

တကယ်တန်းက … ကိုယ် အုန်းနို့၊ ထောပတ်၊ ငပိ စားလို့ရတယ်။ 
ဆီ ပဲ … စားအုန်းဆီဆို မတည့်ဘူး။ 
စာအုန်းဆီကို ဆီ အဟောင်းထဲ .. ဆီ အသစ် ထပ် ထပ် ထည့်ပီး ကြော်တဲ့ ဆီကြော်မုန့်ဆို … စားပီးတာနဲ့ အကြောပိတ်တော့တာပါပဲ။
ဝက်ဆီ နဲ့ ကြော်တဲ့ အစားအသောက်ဆိုလည်း အဲဒီ အတိုင်းပါပဲ။
လူ က .. သွေးတိုးတာ မဟုတ်ဘူး။ သွေးပေါင်ကျတာ။ 
ပုံမှန်က အပေါ်သွေး 120 … အောက်သွေး 80 မှာ ….
ကိုယ့်က အပေါ်သွေး 100 … အောက်သွေး 60 … လောက်ပဲ ရှိပါတယ်။ 
ဒီထက် ကျရင် လူက မခံနိုင်တော့ဘူး။ 

ကမ်ဘာကြီး ချာချာလည် သွားတော့တာပါပဲ …


ဆရာဝန်က မသန့်တဲ့ ဆီ နှင့် အိပ်ရေး လုံးဝ …. လုံးဝ ကို မပျက်ခိုင်းတာပါ။

** ချက်၊ စားနည်း ** 



မိုင်လို၊ အုန်းနို့ဗူး၊ သကြား၊ အစိမ်းရောင်ဆိုးဆေး၊ ကျောက်ကျောထုပ်



ရန်ကုန်မှာတုန်းက သင်္ကြန်နားနီးပီးဆိုရင် စီးတီးမတ်မှာ တယ်လီဖုန်း ကျောက်ကျောမှုန့် တထုပ်ဝယ်၊
စီးတီးမတ်က ထုပ်တဲ့ အ၀ါရောင်သကြားထုပ် – ငါးဆယ်သား တစ်ထုပ်ဝယ်
အုန်းနို့ – ၂ ဗူး ၀ယ်ပါတယ်။
ရေကို တစ်လီတာ ပဲ ထည့်တာပါ။
ကျောက်ကျောချက်ဖူးတဲ့လူတွေ ဒီအချိုးအစားဆို မျက်စိမှာ ပုံဖော်လို့ ရမှာပါ။ 
အုန်းနို့တထပ်၊ ကျောက်ကျော တထပ်နဲ့ အုန်းနို့ အီအီ စိမ့်စိမ့် ကျောက်ကျော အရသာလေး … 
ကျောက်ကျော နှင့် အုန်းနို့ အလွှာ အချိုးအစား ညီညီလေး …
အဲဒီ အချိုးအစားနဲ့ဆိုရင် ကျောက်ကျောက အုန်းနို့ပြစ်ပြစ်၊ ကျောက်ကျော ပြစ်ပြစ်လေး စားလို့ကောင်းတယ်။ သကြား အချိုက အတော်ပါပဲ။



ကွတ်ကီးမုန့်တွေမှာ ထည့်တဲ့ ဆိုးဆေး



ဗူး နောက်ကျော



ကလေးများ အကြိုက် မိုင်လို  နှင့် လူကြီးများအတွက် အုန်းနို့ တဗူးပဲ ထည့်သုံးထားပါတယ်။



အခု ချက်တာ ရေများတယ်။ 
အုန်းနို့နည်းတယ်။ ( လူကြီးတွေ … ကျန်းမာရေး ဂရုစိုက်ဖို့ ) 😛
ကျဲလားဆိုတော့ မကျဲပါဘူး။ 
ကျောက်ကျောတုံးတွေကို ကြည့်လိုက်ရင် သိသာပါတယ်။

အိမ်မှာ ချက်တဲ့ အချိုးအစား ကျဲ ကျဲ က ….

အရင်ဦးဆုံး …
အုန်းနို့ တဗူးကို ထည့်ကျို …
ရေ  … ကို ကော်ဖီသောက်တဲ့ မတ်ခွက် ( ၃ ) ခွက်ကို အပူပေး …
သကြား … ဆန်ချိန်ခွက် ( ၃ ) ခွက် ကို အရည်ပျော်အောင် မွှေပေးပီး …
မိုင်လို …. လက်ဘက်ရည်ဇွန်း ( ၇ ) ဇွန်း မောက်မောက် ( ကိုယ့် နံပါတ် 7 ကို ကြိုက်လို့ ) 
ကျောက်ကျောအမှုန့် ( ၃ ပုံ ၂ ပုံ ) ထည့် … ပျော်နေအောင် အဆက်မပြတ်မွှေပေးပါ။
အဖတ်လုံးဝ မကျန်အောင် ညက်နေအောင် မွှေပေးပီးမှ ကျောက်ကျော်ဗန်းထဲ ထည့်။
ရေခဲသေတာ အောက်ထပ်ထဲ တနာရီကျော်လောက် အအေးခံလိုက်ရင်ပဲ ကျောက်ကျောက လှီးလို့ ရနေပါပီ။



အုန်းနို့နည်းလို့ အပေါ်လွှာ အုန်းနို့လေးတွေ ပါးပါးလေး ဖြစ်နေတာ။ 
( ကျန်းမာရေး … ကျန်းမာရေး )



ကျောက်ကျောမွှေတာ ညက်နေလို့ ကျောက်ကျောတုံးလေးတွေ ချောချောလေး ဖြစ်နေတာ …. 



ကလေးများ အကြိုက် …. တုန် .. တုန် … ကျောက်ကျော အစိမ်းရောင် အတွက် …

ရေ ကို ကော်ဖီမတ်ခွက် နဲ့ ( ၂ ) ခွက် အပူပေး
သကြား – ဆန်ချိန်ခွက် ( ၂ ) ခွက်ထည့် 
ကျောက်ကျောမှုန့် ၃ ပုံ ၁ ပုံ ထည့်
အစိမ်းရောင် ဆိုဆေး – လက်ဘက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ထည့်ပီး အဆက်မပြတ် မွှေပေးပီးမှ 
ခဲနေပီးသော မိုင်လိုကျောက်ကျောဗန်းပေါ် ထပ်တင်လိုက်ရင် ကျောက်ကျော အစိမ်းရောင် နောက်ထပ် တလွှာ ကို ရရှိပါပီ။




Advertisements

6 thoughts on “မိုင်လို – ကျောက်ကျော

  1. Anonymous says:

    ညီမရေ
    ကျောက်ကျောတံဆိပ်နံမည်လေး ပြောပြပေးပါနော်
    ကျေးဇူးတင်လျှက်

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s