Posted in Chicken

ကြက်သား၊ ပင်စိမ်း အုန်းနို့ချက်

ကြက်သား၊ မှို၊ အုန်းနို့ ပင်စိမ်းရွက်အုပ်ထားသော ဟင်း 

 

Chicken basil
 

ခရုဆီ နှင့် ချက်ထားသော ကြက်သားပင်စိမ်းချက် …
 

Basil – ပင်စိမ်းရွက်

မှို၊ အုန်းနို့ နှင့် ချက်ထားသော ကြက်သား ပင်စိမ်းချက်
 



** ချက်၊ စားနည်း **

ဒယ်ဒီ ၀ယ်လာတာ အရေခွံ မပါ … အရိုးမပါ ကြက်ရင်ဘုံသားမို့ ပင်စိမ်းရွက် နှင့် ကြက်သားကို အချိုချက်ပဲ ချက်လိုက်ပါတယ်။ ဒီ ကြက်ရင်ဘုံ အသားက ၄ ပေါင် နီးပါးလောက် ရှိပါတယ်။

၃ ပေါင်ကို ပင်စိမ်းရွက် နှင့် ချိုချဉ်စပ်လေး ချက်ပီး ….
၁ ပေါင်ကိုတော့ ကလေးများအတွက် ကြက်သား ပင်စိမ်းရွက် အုပ်ချက်ထားတာကို မှို နှင့် အုန်းနို့ ပေါင်းထည့်ပီး အချိုလေး ချက်ပေးလိုက်ပါတယ်။


ဒီမှာ ရောင်းတဲ့ Basil – ပုံစံလေး …


 ၃ ပေါင် ကြက်သားဟင်းဆိုရင်တော့ Basil leaf – ၃ ခက်လောက် အရွက်ခြွေပီး ထည့်ရင် အတော်ပါပဲ … 
၁ ပေါင်လောက်နဲ့ ချက်တဲ့ ကြက်သားဟင်းဆိုရင်တော့ ပင်စိမ်းရွက် – ၁ ခက် ၊ ၂ ခက်လောက်ပေါ့ ….
 

ဆော့စ်ကို ခွက် တခွက်တည်း ရောပေါင်း စပ်လို့ပဲ ဖြစ်ဖြစ် … 
တခါတည်း အသားနဲ့ ထည့်ပီး နှယ်လို့ပဲ ဖြစ်ဖြစ် …
ကိုယ့်စိတ်ကြိုက် … ကိုယ့်ပုံစံ သာ ချက်ပါ …. 


As !_! like ….

အိမ်မှာတော့ …. ဆော့စ်အတွက် ….

ကြက်သား ( ၃ ) ပေါင် နှင့် ချက်ဖို့ ဆော့စ် အတွက် ….

ခရုဆီ = လက်ဘက်ရည်ဇွန်း ( ၆ ) ဇွန်း
ငါးငံပြာရည် = လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း
သကြား = လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း
သံပုရာရည် = လက်ဘက်ရည်ဇွန်း ( ၅ ) ဇွန်း


ပန်းကန်တလုံးထဲ ထည့်ပီး သကြားအပါ ဖျော်ထားလိုက်ပါတယ်။

 

ကြက်ရင်ဘုံသားကို အသားတုံး  သေးသေး လှီးဖြတ်ထားလိုက်ပီး ….

ဆား = လက်ဘက်ရည်ဇွန်း  ( ၁ ) ဇွန်း
ငရုတ်ကောင်းမှုန့် = လက်ဘက်ရည်ဇွန်း တ၀က် နှင့် နှယ်ထားပီး …


အသင့်ဖျော်ထားသော ဆော့စ် … ပန်းကန်ထဲက ၃ ဇွန်းလောက်နဲ့ပါ ထပ်နှယ်ထားပါတယ်။


ငရုတ်သီးအပွခြောက် ၄ ခု 

( အစပ်စားနိုင်ရင် ဒီထက် ပိုထည့်ပါ။ 

အဲဒီ ငရုတ်သီးခြောက်က ကြော် …
ကြက်သားနဲ့ ရေထည့်ပီး ချက်နေတဲ့အခါ နူး …
ကြက်သား အရသာမှာ အစပ် ပါ သွားမှာမို့ ကိုယ့် အစပ် စားနိုင်သလောက် ငရုတ်သီးအပွခြောက်ကို ရေဆေးပီး ရေကို ခြောက်အောင်သုပ်ပီးမှ ဆီပူမှာ မီးမြေးမြေး နဲ့ ကြော်ပါ ) 
ကြက်သွန်ဖြူ – ၅  မွှာ
ဂျင်း – လက် တဆစ်
ကြက်သွန်နီ – တခြမ်း


ကြက်သွန်ဖြူ – ၅ မွှာ နှင့် ဂျင်း လက်တဆစ်ကို ဓါးပြားရိုက် ….
ကြက်သွန်နီ တခြမ်းကို လေး စိတ် စိတ် 

( ရှလွတ် ကြက်သွန်နီ တလုံး ဆိုရင် … ကြက်သွန်နီ တလုံး လုံး လေး စိတ် စိတ် ) 

အိမ်မှာ … ကြက်သား ၃ ပေါင်ကို ဆီ – 1/2 cup ထည့်ချက်ပါတယ်။
ချက်မယ့် အိုးမှာ – ဆီ – 1/2 cup ကို ( medium heat ) အပူပေး
ဆီပူပီဆိုတာနဲ့ ငရုတ်သီး အပွခြောက်ကို အရင်ကြော်ပါ။
ကြွပ်လာပီ ဆိုတာနဲ့ တဆက်တည်း …
ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း ၊ ကြက်သွန်နီ စိတ် ထည့်မွှေ ပီးမှ 
နှပ်ထားသော ကြက်သားကို ထည့်မွှေ … 
( ၃ ) မိနစ်၊ ၄ မိနစ်လောက် မွှေပီးမှ ရေ ကို 1 cup ထည့်၊ အဖုံးအုပ်ချက်ထားပါ။
ဟင်းအိုး ဆူလာပီး ရေခမ်းခါနီးမှ ကျန်နေသော ဆောစ့်များ လောင်းထည့်ပီး မွှေပါ။
ပီးရင် မီးဖိုမီးပိတ်လိုက်ပီး ပင်စိမ်းရွက်များ၊ ကြက်သွန်မြိတ် ၄ ခုလောက် ထည့်အုပ် မွှေပီး အဖုံးခဏအုပ်ထားလိုက်ပါ။ 



ပင်စိမ်း အနံသင်းသင်းလေး နှင့် ကြက်သား အရသာက ချိုလည်း ချိုတယ်။ နည်းနည်းလေးလည်း အချဉ်ဘက်ကို လိုက်တယ်။ ငရုတ်ပွခြောက်က နူးသွားတော့ သူရဲ့ အစပ် က ကြက်သားထဲ ရောက်သွားတာမို့ အရမ်း ရှုးရှဲကြီး အစပ် မဟုပ်ပေမယ့် စပ်တယ်။ 
ကလေးများ အကြိုက် … ကြက်သား၊ မှို၊ အုန်းနို့ ….  ပင်စိမ်းရွက်အုပ်ချက်ထားတဲ့ ဟင်း
ညစာ အတွက် … ကလေးများ နှင့် ဒယ်ဒီအတွက် … ကြက်သား ၁ ပေါင် မပြည့်တပြည့်ကို … မှို၊ အုန်းနို့ နှင့် ချက်ပီး ပင်စိမ်းရွက် အုပ်ထားသော ဟင်း 

ကြက်သားက တပေါင်လောက်
မှို – တဗူး
ကြက်သွန်နီ – တစိတ်
ကြက်သွန်ဖြူ – ၃ မွှာ
ဂျင်း –  လက်မ၀က်
ငရုတ်သီးပွခြောက် – ၂ တောင့်
အုန်းနို့ရည် – ခွက် တ၀က်
ပဲငံပြာရည် အနောက် – လက်ဘက်ရည်ဇွန်း – ၂ ဇွန်း
ရှာလကာရည် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း 
သကြား – လက်ဘက်ရည်ဇွန်း – ၂ ဇွန်း
ငါးငံပြာရည် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း
အရင်ဆုံး … ဆော့စ်အတွက် …
ပဲငံပြာရည် အနောက် – လက်ဘက်ရည်ဇွန်း – ၂ ဇွန်း
ရှာလကာရည် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း 
သကြား – လက်ဘက်ရည်ဇွန်း – ၂ ဇွန်း
ငါးငံပြာရည် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း
ဖျော်ထားပါ။
အရိုးမပါ … အရေခွံမပါ … ကြက်ရင်ဘုံသားကို သေးသေး လှီးထားပီး 
ဆား – လက်ဘက်ရည်ဇွန်း 1/2 
ငရုတ်ကောင်းမှုန့် – 1/4 tsp နှယ်ထားပါ။
အသင့်ဖျော်ထားသော ဆော့စ် ပန်းကန်လုံးထဲမှ လက်ဘက်ရည်ဇွန်း – ၃ ဇွန်းလောက် ယူပီး ကြက်သား နှင့် ရောနှယ်ထားပါ။

ဆီကို ထမင်းစားဇွန်း နှင့် ၃ ဇွန်းလောက် ထည့်ပီး မီးမြေးမြေး အနေအထားနဲ့ ဆီပူပီ ဆိုတာနဲ့ 
ငရုတ်ပွခြောက် ၂ တောင့်လောက် ထည့်ကြော်ပါ။ 
ငရုတ်ပွခြောက် ကြွပ်လာပီ ဆိုတာနဲ့ တဆက်တည်း …
ဓါးပြားရိုက် ကြက်သွန်ဖြူ – ၃ မွှာ၊ ဂျင်း – လက်မ၀က် ထည့်၊ စိတ်ထားသော ကြက်သွန်နီ တစိတ်လောက် ထည့်မွှေပီးမှ 
 နှပ်ထားသော ကြက်သားထည့်မွှေ …
၂ မိနစ်လောက် မွှေပီးမှ …
အုန်းနို့ ခွက် တ၀က် ထည့်မွှေ … အုန်းနို့ နှင့် ကြက်သား နှံစပ်အောင်မွှေပီးမှ 
ရေကို ခွက် တ၀က်လောက်ပဲ ထည့်ပါ။ အဖုံးအုပ် ချက်ထားလိုက်ပီး 
ရေဆူတက်လာခါနီး မှ ကျန်နေသော ဆော့စ်များလောင်းထည့် … မွှေ …
ပါးပါးလှီးထားသော မှို တဗူး  နှင့် ငရုတ်သီးစိမ်းတောင့် – ၄ တောင့်လောက် ထည့်မွှေပါ။ 

( မှိုက ပါးပါးလှီးထားပီး ထည့်ချက်လိုက်ရင် ၅ မိနစ် သာသာလောက်ဆို နူးပါပီ ။ ငရုတ်သီးစိမ်းတောင့်ကတော့ မှို ကို အဆိပ်တက်မှာစိုးလို့ ဖြေပေးတာပါ )

အုန်းနို့ကျန် … ရေကျန် အနေအထားလောက် ရောက်ပီဆိုမှ ပင်စိမ်းရွက် ၂ ခက်လောက်ဆီက ခြွေယူထားသော ပင်စိမ်းရွက်များနှင့် ကြက်သွန်မြိတ် ၃ ခုလောက် ထည့်အုပ်ပီး မီးဖိုမီးပိတ်၊ အဖုံးအုပ်ထားလိုက်ပါ။ 

ဟင်းချက်ထားသော အပူငွေ့ နှင့် ပင်စိမ်းအရွက်များ စိမ်း စိမ်း နူးနူး အနေအထားနှင့် ကြက်သား၊ အုန်းနို့ဟင်းလည်း ပင်စိမ်း အနံသင်းနေပါလိမ့်မယ်။

အုန်းနို့ နှင့် တည့်သော သူဆိုလျှင် … အုန်းနို့ ဆန်ချိန်ခွက် နှင့် တခွက်လောက် ထည့်ချက်လို့ ရပါတယ်။ 
ကိုယ့်တို့တော့ အုန်းနို့ ပြစ်ပြစ်လေး စားချင်လို့ အုန်းနို့ တခွက် ထည့်ချက်ထားပါတယ်။ 
ပုံမှန်ဆိုလျှင်တော့ အုန်းနို့ ခွက် တ၀က်စာလောက်ပဲ ထည့်ချက်ပါ။ 


မှို 


အုန်းနို့ ဆန်ချိန်ခွက် တ၀က်


Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

3 thoughts on “ကြက်သား၊ ပင်စိမ်း အုန်းနို့ချက်

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s