ရစ် ဟင်း

ရစ်ဌက်ဟင်း

ရစ်အသားများ နူးလာပီ ဆိုတာနဲ့ ပါးပါးလှီးထားသော parsley  + chive အုပ်ချက်ထားသော ….

ထောပတ် – ရစ် ဟင်း

Bacon

ရစ် ဟင်း

** ချက်၊ စားနည်း  ** 



Fowl – ရစ်ဌက် –  ဈေးနှုန်း


 ၂ကောင်ကို … အလေးချိန် – ၄ပေါင်ကျော် သာ သာ = ဈေးနှုန်း $ 6.02
 

ရစ် တကောင်ပဲ ချက်ပါတယ်။ 
အသားတုံးများ ခုတ်ထစ်ထားပါ ။

ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်
ထောပတ်၊ ကရဝေးရွက်၊ ငရုတ်သီး အစိမ်းမှုန့်
ကြက်ပေါင်းရည်၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ 
ငရုတ်သီးစိမ်း၊ Parsley၊ Chive၊
Bacon
 
ရစ်ဌက် အသားတုံးတွေကို ဆား – လက်ဘက်ရည်ဇွန်း – ၂ ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း
သကြား – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း နဲ့ နှယ်ပီး နှပ်ထားပါ။
 


ကြက်သွန်ဖြူ – ၃ မွှာ
ကြက်သွန်နီ – တခြမ်း ကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။



ထောပတ် – ၂အောင်စကို



မီးမြေးမြေးဖြင့် အရည်ဖျော်ပီး
ကရဝေးရွက် တရွက်ထည့် ဆီသတ်၊
ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အစိမ်းမှုန့် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း ထည့် ဆီသတ်၊
နှပ်ထားသော ရစ်ဌက်သားများကို ၃ မိနစ်ကြာ ထည့်မွှေပီးမှ –



Chicken Broth – 1 cup ထည့်ပါ။



Pressure cooker ဖြင့် မီးမြေးမြေး – နာရီဝက်လောက် ချက်ပါ။



အသားများ နူးပီဆိုတာနှင့် 



Bacon



oven ဖြင့် bacon အသားပြားများကို ၅ မိနစ်သာသာလောက် … 350º F အပူပေးပါ။



Bacon



chives ( ကြက်သွန်မြိတ်လိုမျိုး )




ပါးပါးလှီးထားပါ။

Parsley ( နံနံပင်လိုမျိုး ) ပါးပါးလှီးပီး



ဆီပြန်နေသော ထောပတ် ရစ်သားဟင်းပေါ်သို့ bacon၊ ငရုတ်သီးစိမ်း၊ Parsley၊ chive များ အုပ်ပီး မီးအရှိန် မြေးမြေး ( နံပါတ် – ၂ ) ဖြင့် ၅ မိနစ် သာသာလောက် ဟင်းအိုး အဖုံးအုပ်ချက်ထားပါ။



ရစ်သားဟင်း 



သူ့အရသာက ကြက်သားနဲ့ ဆင်ပါတယ်။ ရိုးရိုးပုံမှန် မွေးမြူရေး ကြက်သားထက် အဆီနည်းတယ်။ 

ကလေးများက အသားနူးနူး ကြက်သားပဲ စားနေကြမို့ ပုံမှန် – ချက်မယ့် အိုးထဲကို ရစ်ဌက်သား မြုပ်ရုံလေး …  ရေ – ၃ရေ လောက် ထည့်ပီး ရစ်ဌက် သားနူးအောင် ချက်လည်း ရတာပါပဲ။ 

ဒီနေ့ကတော့ ကြက်ပေါင်းရည် – ၁ ခွက်စာပဲ ထည့်ပီး Pressure cooker နဲ့ နာရီဝက်လောက် မီးမြေးမြေးနဲ့ ချက်ထားလိုက်ပါတယ်။ 
Pressure cooker နဲ့ ၁ နာရီလောက် ချက်မယ် ဆိုရင်တော့ ရစ်ဌက်သားရဲ့ အရိုးတွေပါ နူးမြေ့သွားပါလိမ့်မယ်။ 

** အရင်ပိုစ့် ** 



Advertisements

5 thoughts on “ရစ် ဟင်း

  1. Anonymous says:

    စားလို့တော်တော်ကောင်းမယ့်ပုံပဲအစ်မ
    (စိတ်ကူးထဲ)စားရင်းနဲ့တောင်
    ရစ်ချင်လာပြီး))

    ချစ်ခင်လျှက်
    မိစံ

    Like

  2. Jasmine ( တောင်ကြီး ) ….

    လာလည်တာ ကျေးဇူးနော် …..

    Anonymous ( သမီးစံ ) …..

    ကိုယ်လည်း ရစ်သား စားပီး …
    ဘီယာ မမူးပဲ … ရစ်ချင်မလားလို့ စားကြည့်တာ ….
    မရစ်နိုင်ဘူးဖြစ်နေတယ်ကွယ် lol:

    beer မသောက်ရဲဘူး။ ခေါင်းမူးတဲ့ ဒဏ်ကော အနံကော မခံနိုင်လို့ 😀

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s