Posted in Myanmar Traditional Food

ကြက်ဆီထမင်း

** 2009 **
Yangon, Myanmar
မီးပွိုင့်နားမှာ ရိုက်ထားတဲ့ ပုံ
 
ဒီနေ့ ( November – 7, 2009 ) Micheal Jackson – This is it ကို သွားကြည့်တယ်။ နေပြည်တော်မှာ . သားသား နဲ့  သမီးကတော့ ကြိုက်မှ ကြိုက်။ ငြိမ်ပီးတော့ကို ကြည့်နေတာ။ အိမ်အပြန် ဆူးလေဘုရားလမ်း ရွှေမြို့တော် က ဆိတ်ဦးနှောက်ဟင်း ၀ယ်မလို့။ ပီးမှ နေပြည်တော်ဘေးနားမှာ ရှိတဲ့ ကုံးထက်ဆိုင်က ကြက်ဆီထမင်းပဲ ၀ယ်လာလိုက်တော့တယ်။
ရွှေတိဂုံဘုရားနားက အ၀ိုင်း

ကျိုက်ကဆံ စူပါဝမ်းရှေ့
ကြက်ဆီထမင်းက တစ်ပွဲကို ၁၇၀၀ ကျပ် ၊ အသားလည်း တော်တော်များတယ်။ စားလို့ ကောင်းတယ်။ ဆိုင်ကတော့ နာမည်ကြီးပါပဲ။ မန္တလေးက ကုံးထက် ကြက်ဆီထမင်းဆိုင်၊

ကြက်ဆီထမင်း

ကြက်ဆီထမင်းမှာပါတဲ့ ကြက်သားက ကြက်ကင် အရသာပါ။

အိမ်ဟင်း – ၀က်ချို
ငါးအသားနွှင်ကြော်
ချဉ်ပေါင်
ရန်ကုန်မှာရေးခဲ့ဖူးတဲ့ အရင်ဘလော့ အဟောင်းက ပိုစ့်မှာ ဒီနေ့ ( ဇန်န၀ါရီ – ၁၈၊ ၂၀၁၂ )  နောက်ဆက်တွဲ ရေးချင်တာလေးက ….

ရန်ကုန်မှာက ချဉ်ရည်ဟင်းချက်ရင် မနေ့က ကျန်တဲ့ ဆီပြန်ဟင်း အသားတုံး ၃၊ ၄တုံး ဆီပြန်ဟင်းအနှစ်နဲ့ အတူ ချဉ်ရည်ချက်ဖို့ ဟင်းရွက် တခုခုကို ထည့်၊ မျှစ်ထည့်ပီး လုံးချက်၊ စိမ်းစားငပိဖျော်ထည့်၊ ရေထည့်၊ ဆား လိုသလောက် ထပ်ထည့် ပီး ချဉ်ရည်ဟင်းအိုး ဆူပီဆိုမှ နံနံပင်လေး ရိပ်ရိပ်လှီးပီး ချက်တာ ဆိုတော့ ချဉ်ရည်ဟင်းတွေက ဆီတွေ ဝေ့နေပါတယ်။

ထမင်းစားတဲ့ အခါ ထမင်းနဲ့ ချဉ်ရည်ဟင်း နှယ်ပီး စားတတ်တာမို့ စားရတာ အဆင်ပြေပါတယ်။ ချဉ်ရည်ဟင်းကို အရည်သောက်အနေနဲ့ သောက်မယ်ဆိုရင်တော့ ဆီ မပါဘဲ ချက်တာ ပိုကောင်းပါတယ်။ ရန်ကုန်မှာတုန်းက ဒီလို ချဉ်ရည်ဟင်းကို ထမင်းပေါ်မှာ စမ်းပီး ဟင်းထည့်၊ အဲဒီ ထမင်းပန်းကန်ကို တီဗီရှေ့ယူလာပီး ကိုရီးယားကား ကြည့်ရင်း ထမင်းပုံစားတတ်တာ ဆိုတော့ အဆင်ပြေနေတာပေါ့နော်။ 
အချိန်နဲ့အမျှ ပြောင်းလဲလာတော့ ဒီနေ့လိုမျိုးဆိုရင် … အဲလို မချက်တော့ပါဘူး။ ချဉ်ရည်ဟင်းကို အရည်သောက်ဟင်း အနေနဲ့ ချက်မှာမို့ ဆီပြန်ဟင်းနဲ့ လုံးပီး မချက်တော့ပါဘူး။ 
ဒါပေမယ့် .. အဲဒီ အချိန်တုန်းက မနေ့က ကျန်တဲ့ ၀က်သားနှပ်ကို ဒီနေ့ ချဉ်ပေါင် ချဉ်ရည်ဟင်းချက်မယ်ဆိုရင် လုံးပီး ချက်လိုက်တဲ့ အခါ ၀က်သားတုံးက ပိုပီး အသားအိသွားသလို … ၀က်သားထဲလည်း အချဉ်ရည် အရသာ ၀င်သွားတော့ ပိုပီး စားလို့ ကောင်းတယ်။ 

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s