Posted in Personal

မုန့်ဟင်းခါး၊ ရွှေချီဆနွင်းမကင်း

မုန့်ဟင်းခါး၊ ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် နဲ့ ချဉ်၊ ငံ၊ စပ် မုန့်တစ်ပွဲ

ငါးအသားများများ နှင့် ချက်ထားသော မုန့်ဟင်းခါးဟင်းရည် စမ်းပီး ( ဓာတ်ပုံရိုက်မှာမို့ မုန့်ဖတ် နှင့် အစာများ ပေါ်အောင် ဟင်းရည် နည်းနည်းပဲ ထည့်ထားပါတယ်။ ပိုစားလို့ကောင်းအောင် ဟင်းရည်များများ ထပ်ထည့် ပေးပါအုံးမည် )


အစပ် မစားသော သူအတွက် မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် နှင့် တပွဲ
 

ကြက်ဥဖတ်လေး ပါ ထပ်ထည့်ပေးထားပါတယ်။
 

မုန့်ဟင်းခါး မုန့်ဖတ်
 

  

မုန့်ဟင်းခါး ဟင်းရည်အိုး


ငါးအသားလုံးကြော် ( ငါးဖယ်ကြော်လိုမျိုး )
 

ကြက်သွန်ဖြူ ဆီချက်
 

နံနံပင်၊ သံပုရာသီး၊ ငရုတ်သီး အကျက်မှုန့်
 

ဘူးသီးကြော်
 

ပဲကြော်၊ ဘူးသီးကြော်
 

ရွှေချီ ဆနွင်းမကင်း
 

မုန့်ဟင်းခါး နှင့် ရွှေချီ ဆနွင်းမကင်း
 

ဘိန်းစေ့ ဖြူးထားသော ရွှေချီ ဆနွင်းမကင်း
 

ရွှေချီ ဆနွင်းမကင်း
 

Almond  ပါ ဖြူးထားသော ရွှေချီ ဆနွင်းမကင်း

** ချက်၊ စားနည်း **

ငါးအသားလွှာ တစ်ပေါင်ခွဲကျော် ဈေးနှုန်း
 



 
စပါးလင်အမြစ်ကို ရှင်းပီး ဓါးဖနောင့်နှင့် ထု၊ အရင်းကို ကျစ်နေအောင် ထုံးလို့ပဲ ဖြစ်ဖြစ်၊ ကတ်ကြေးနဲ့လည်း  ဖြတ်ပီး ချက်တတ်ပါတယ်။


ငါးပြုပ်မယ့် အိုးထဲမှာ စပါးလင်ကို အောက်မှာ ထားပီး အပေါ်မှာ ငါးအသားလွှာ ( ၅) လွှာကို တင်၊ ငံပြာရည် ( ဆန်ချိန်ခွက် နှင့် ၂ ခွက်ခွဲ ) ထည့်ပါတယ်။ ရေကို ( ဆန်ချိန်ခွက် နှင့် တ၀က် ) လောက်ပဲ ထည့်ပီး ငါးကို ငံပြာရည် နှင့် မီးမြေးမြေး အနေအထား ( Medium Heat ) ရေခမ်းပြုပ်ထားလိုက်ပါတယ်။

*** အငံ့ သိပ်မစားတဲ့ သူမျိုးဆိုရင် … ငံပြာရည်ကို ( ဆန်ချိန်ခွက် ( ထမင်းချက်သည့် အခါ သုံးသော rice cooker cup ) နှင့် တခွက်ပဲ ထည့်ပါ။


ဆန်ချိန်ခွက် နှင့် အိမ်မှာ သုံးသော ငံပြာရည် ပုလင်း



ငါးများ အိုးမကပ်အောင် မွှေပီး ရေခမ်းပြုပ်ထားသော ငါးပြုပ်အိုး



ဆန်မှုန့်



ကုလားပဲမှုန့် ( အစိမ်း )



ဆန်မှုန့် – ဆန်ချိန်ခွက် တခွက်
ကုလားပဲမှုန့် – ဆန်ချိန်ခွက် တခွက်ကို မီးမြေးမြေး နဲ့ မီးဖိုပေါ်မှာ လှော်ထားလိုက်ပါတယ်။



လှော်ပီး ဆန်မှုန့်၊ ပဲမှုန့်ကို ရေထည့်ပီး 



ညက်နေအောင် ဖျော်ထားလိုက်ပါတယ်။



ငံပြာရည် နှင့် ရေခမ်းပြုပ်ထားသော ငါးကို ဆီသပ်ချက်မှာမို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို 


ကျိတ်စက်ဖြင့် ကျိတ်ထားလိုက်တယ်။


အေရှန်ဆိုင်မှာ ဌက်ပျော်အူက တခါတလေ ပင်စည်ပိုင်း ရတတ်သလို၊ ဒီတခေါက် ၀ယ်တော့ အရင်းပိုင်း ( ထိပ်ဖျားပိုင်း) ဖြစ်နေပါတယ်။ 


ပါးပါးလှီးဖြတ်ထားလိုက်တယ်။


ဌက်ပျော်အူ

( ဌက်ပျော်အူများကို မုန့်ဟင်းရည်အိုး ဆူမှ ထည့်ပေးပါ။ နူးလွယ်ပါတယ် )


ငါးအသားလုံးကြော်




စိတ်ထားသော ကြက်ဥပြုပ်၊ ပါးပါးလှီးထားသော ငါးအသားလုံးကြော်၊ Shallot ( ရှလွတ် ) ကြက်သွန်နီ 


ငရုတ်ကောင်းမှုန့် တဇွန်းလောက်ကို မီးမြေးမြေးနဲ့ မီးသင်းထားလိုက်ပါတယ်။



ချက်မယ့် 8 Quart အိုးထဲမှာ ဆီ ( ဆန်ချိန်ခွက် – တ၀က်ကျော်လောက် ထည့်ပီး ) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို ထည့် ဆီသတ်၊ တအောင့်ကြာမှ ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း မောက်မောက်ထည့် ဆီသတ်။ ငံပြာရည် နှင့် ပြုပ်ထားသော ငါးပြုပ်များထည့်မွှေ။ 

အသင့်ဖျော်ထားသော ဆန်မှုန့်၊ ပဲမှုန့် ဖျော်ထားတာလောင်းထည့်ပီး ဆက်တိုက်မွှေနေတုန်း။

ရေကို 8 Quart အိုး အပြည့်ထည့်ပီး အဆက်မပြတ်မွှေပေးထားလိုက်ပါတယ်။

ပွက်ပွက်ဆူတော့မှ ကြက်ဥပြုတ်၊ ကြက်သွန်နီဥ၊ ငါးဖယ်ကြော်များထည့်၊ ဆား လိုသလောက်ထည့်၊

နောက်ဆုံးမှ မီးသင်းထားသော ငရုတ်ကောင်းမှုန့် ဖြူးပီး မွှေ …


ချက်ထားသော မုန့်ဟင်းခါး ဟင်းရည်အိုး


( ဟင်းရည်အိုးမှာ ထပ်ပီး ငရုတ်ဆီ အရောင် နီနီ ထပ်လိုချင်သေးရင် ဆီကို ကျက်နေအောင် အပူပေးပီး ဆီကျက်ပီဆိုတာနဲ့ မီးအရှိန်ကို လျှော့ …. ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ဆားနည်းနည်းထည့်ပီး ချက်ထားတဲ့ ငရုတ်သီး ဆီကျက်ကို တစ်ဇွန်း၊ ၂ ဇွန်းလောက် ထည့်မွှေပေးရင် မုန့်ဟင်းခါး ဟင်းရည်အိုးမှာ ငရုတ်သီး ဆီ နီနီ ဝေ့နေပါလိမ့်မယ် ) 

အိမ်မှာ ကလေးများလည်း စားမှာမို့ ဟင်းရည်အိုးအတွက် အစပ်က ဒီလောက်ပဲ ထည့်ချက်ပါတယ်။




ဒီတခေါက် အေရှန်ဆိုင်က ၀ယ်လို့ရလာသော Rice stick 



ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲမှာ rice stick များထည့် … ၁၀ မိနစ်လောက်ဆို နူးလာပီမို့ ဆယ်ပီး ရေအေးစိမ်၊ ဇကာနှင့် စစ်ထားသော မုန့်ဟင်းခါး မုန့်ဖတ်



ငါးဖယ်ကြော် လိုမျိုး



ပါးပါးလှီးထားသော နံနံပင်၊ သံပုရာသီး၊ ငရုတ်သီး အကျက်မှုန့် 

( ငရုတ်သီး အကျက်မှုန့်ကို ကိုယ်ဘာသာ ကိုယ် အိမ်မှာ လှော်ချင်ရင် ငရုတ်သီးအပွခြောက်တောင့်တွေကို လှော်ပီး ကြိတ်စက် နှင့် ကြိတ်လို့ရပါတယ်)



ဆီကို ကျက်အောင် တည်ပီး ဆီကျက်ပီ ဆိုတာနဲ့ မီးအရှိန်ကိုလျှော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူထည့်၊ ဆနွင်းမှုန့်ထည့်ပီး ကြော်ထားသော ကြက်သွန်ဖြူ ဆီချက်



ဘူးသီးကြော်နည်း ရေးခဲ့ပီးသော ပိုစ့် ( ဒီနေရာမှာ ကလစ်နှိပ်ပါ )



ပဲကြော်နည်း ရေးခဲ့ပီးသော ပိုစ့် ( ဒီနေရာမှာ ကလစ်နှိပ်ပါ )



မုန့်ဟင်းခါး နှင့် ရွှေချီ ဆနွင်းမကင်း



ရွှေချီ ( Sooji ) – 2 ခွက်
သကြား ( Sugar ) – 3 ခွက်
ထောပတ် ( Butter ) – ၆ အောင်စ (3/4 cups)
အုန်းနို့ရည် ( Coconut Cream ) – 2 ဗူး
ဆား ( Salt ) – လက်ဖက်ရည်ဇွန်း တ၀က်
ဘိန်းစေ့ ( Poppy Seeds )
** ခွက် – ဆန်ချိန်ခွက် ပါ။




Almonds ကို ပါးပါးလှီးထားတယ်။ ကိုယ့် အဒေါ် အပျိုကြီး ကတော့ မြေပဲဆန်ကို ပါးပါးလှီးပီး ရွှေချီ ဆနွင်းမကင်း ဖုတ်ပါတယ်။ 

Stop and shop ဆိုင်တွေမှာတော့ ပါးပါးလှီးထားပီးသား Almonds များကို အလွယ်တကူ ၀ယ်လို့ရပါတယ်။



ရွှေချီ – ၂ ခွက်ကို အနီရောင် သန်းတဲ့ အထိ လှော်လိုက်ပီး ၊ ဆက်တိုက်ဆိုသလို
သကြား – ၃ ခွက်၊ ဆား နည်းနည်းထည့်၊
အုန်းနို့ရည် ( အုန်းနို့ ၂ ဗူးထဲက ၃ ၊ ၄ ဇွန်းလောက် ချန်ထားပီး ကျန်တာ အကုန်ထည့်)
ထောပတ် (လေးပုံ ၃ ပုံ ထဲက ၃၊ ၄ ဇွန်းလောက် ချန်ထားပီး ကျန်တာ အကုန်ထည့်)
အဆက်မပြတ်မွှေပေးထားလိုက်တယ်။ 
မုန့်သား အရည် နေရာကနေ အဆက်မပြတ် ရွှေချီ ထိုးပီးတာနဲ့ အပေါ်မှာ တွေ့ရသော ရွှေချီ မုန့်သားလိုမျိုး … အိုးမကပ်တော့တဲ့ အချိန် … မုန့်ကျက်ပီဆိုရင် ….

 


ရှစ်လက်မ ပတ်လည် oven foil



oven foil မှာ ထောပတ်ဆီ အရင်သုတ်ပီး ရွှေချီတွေ လောင်းထည့်။


မုန့်မျက်နှာပြင်ကို ညီအောင်ညှိပီး
 


အုန်းနို့ရည်ဖျန်း

ပါးပါးလှီးထားသော Almond များ ဖြူး
( မထည့်လည်းရပါတယ် )


ဘိန်းစေ့ဖြူး


oven မှာ 350 ºF – ၄၅ မိနစ် သာသာ လောက် ဒီတခေါက် မုန့်ဖုတ်ပါတယ်။ 
( နာရီဝက် လောက် ရွှေချီ ဖုတ်နေစဉ် oven မှာ တချက်လောက် မုန့် အနေအထားကို ဖွင့်ကြည့်ပါ။ 
၄၅ မိနစ်လောက် ဆို ကောင်းကောင်း ကျက်ပါပီ။ oven ထဲက ထုပ်ပီး အပြင်မှာ ၁၅ မိနစ် ( သို့မဟုတ် ) နာရီဝက်လောက် အအေးခံပီးမှ ရွှေချီ တုံးလေးများကို လေးထောင့်ပုံစံ ( သို့မဟုတ် ) ဒိုင်းမွန်းပုံစံ လှီးပီး သုံးဆောင်နိုင်ပါပီ …. )
မုန့်ဟင်းခါး နှင့် ရွှေချီဆနွင်းမကင်းက တော်တော်များများ ချက်တတ်ကြပါတယ်။ အိမ်မှာဆိုရင် ဒယ်ဒီ ချက်သော မုန့်ဟင်းခါး နှင့် မာမီ ( Thet Nandar ) ချက်သော မုန့်ဟင်းခါး အရသာ မတူပါဘူး။ တယောက်တမျိုးစီ စားကောင်းပါတယ်။ အမေရိကားလို နေရာမျိုးမှာ တယောက်တလှည့်စီ ချက်ပါမှ အရသာ အပြောင်းအလဲနဲ့ မရိုးမှာပါ။ မုန့်ဟင်းခါးကတော့ အိမ်မှာ မိသားစု လေးယောက် အားလုံး ကြိုက်တာမို့ နေ့တိုင်းစားရမယ်ဆိုရင်လည်း မရိုးပါဘူး။ 
လာလည်သူ ရွှေဧည့်သည်များလည်း …. မုန့်ဟင်းခါး ချက်ဖို့ မအားတဲ့ အခါပဲဖြစ်ဖြစ်၊ ချက်ဖို့ ကုန်ကြမ်း မစုံတာပဲ ဖြစ်ဖြစ်၊ ဒီအိမ်က မုန့်ဟင်းခါး ချက်တဲ့ ဓာတ်ပုံလေးတွေ ကြည့်ပီး အများကြီး သုံးဆောင်ပါ … အားရ … ပါးရ စားသွားကြပါအုံးနော်။ 
** အရင်ပိုစ့် ** ….

 




Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “မုန့်ဟင်းခါး၊ ရွှေချီဆနွင်းမကင်း

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s