Posted in U.S.A - 2011 Christmas, U.S.A - Home, U.S.A - My Children

ခရစ်စမတ်သစ်ပင်

အမေရိကားမှာ ပထမဦးဆုံး မိသားစု ခရစ်စမတ်သစ်ပင်အတွက် Home Depot မှာ သွားဝယ်ကြတယ်။

Home Depot ရောက်တော့ ခရစ်စမတ်သစ်ပင်အတွက် သစ်ပင် အစစ်ကို ကိုင်းဖြတ်ပီး ခရစ်စမတ်သစ်ပင်လုပ်မလား၊ ပလပ်စတစ် နဲ့ လုပ်ထားတဲ့ ခရစ်စမတ်သစ်ပင်မှာ အလှဆင်မလား။ ရွှေးရ ခက်ကြီးဖြစ်နေတာနဲ့။

နှစ်စဉ် နှစ်တိုင်း မပျက်စီးသရွှေ့ ကာလပတ်လုံး သုံးလို့ရနေမယ့် ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ခရစ်စမတ်သစ်ပင်ကိုပဲ ရွှေးလိုက်တယ်။ ကိုင်းဖြတ်ထားတဲ့ ခရစ်စမတ်သစ်ပင်က အစစ်ပါပဲ။ သူ့ကို အောက်မှာ ရေခံခွက်ထဲ ထိုးစိုက်ပီး ရေကို မပြတ်ဖြည့်ပေးထားရတာပေါ့။ သစ်ပင်ကို ကိုင်ကြည့်ရင် ဆူးတော့ စူးတယ်။ အိမ်ထဲမှာ ထားတာထက် အိမ်ပြင်မှာ ထားတာ ပိုကောင်းမလားလို့။ 

အိမ်ရှေ့ ၀ါရန်တာမှာ သို့မဟုတ် အိမ်ရှေ့ ၀င်ပေါက်မှာ ချိတ်ဆွဲတဲ့ဟာ

ခြံထဲမှာ ယာယီ စတို ဂိုထောင်လိုမျိုး လုပ်ထားတဲ့ အခန်း

စတိုဂိုထောင်က ရွှေ့ပြောင်းလို့ရတယ်။ 

ထင်းရှုးပဒေသာ အပင်လည်း သွားဝယ်ရအုံးမယ်။ အဲဒီနေ့က မ၀ယ်ဖြစ်လိုက်ဘူး။ သူ့ကတော့ ပန်းအိုးနဲ့ စိုက်တာ။ အပင် အစစ်။

ရွှေမြန်မာမှာတုန်းက အဲဒီအပင်ကို သမီးငယ်ငယ်လေးကတည်းက စိုက်ဖူးတယ်။ အင်းစိန် မင်းဓမလမ်းက မင်းဓမ အိမ်ယာရှေ့က သစ်ပင် အရောင်းဆိုင်မှာ ၀ယ်တာ။ အဲဒီအချိန်တုန်းက မင်းဓမ အိမ်ယာက ဆောက်ကာစပဲ ရှီသေးတယ်။ ရန်ကုန်က ထင်းရှုးပဒေသာပင်က တစ်ပင်ကို တစ်အိုးစီ ရောင်းတာပေါ့။ ဒီမှာကျတော့ ပန်းအိုးတစ်အိုးထဲမှာ ထင်းရှုးပဒေသာပင် ၃ ပင်လောက်ကို ပြွတ်သိပ်ထိုးထည့်ပီး စိုက်ထားတာ။ အဲဒါမှ သစ်ပင်မြိုင်မြိုင်ဆိုင်ဆိုင်ရှိတာကို ဒီက လူတွေ ကြိုက်တာလား မသိဘူး။ ရန်ကုန်မှာ ကိုယ်စိုက်တုန်းက ထင်းရှုးပဒေသာပင်ကို အဆင့် တဆင့်ခြင်းစီ အကိုင်းအခက် အတက်အလက် ညီနေတာကို သဘောကျတယ်။ အကိုင်းက တစ်ဆင့် တစ်ဆင့်မှာ မညီမညာ အကိုင်း အတက်တွေ ထွက်ချင်သလို ထွက်နေတာမျိုးကို မကြိုက်ဘူး။ စစိုက်တုံးက ၂ပေကျော်၊ ၃ပေနီးပါးပါပဲ။ ၃ နှစ်လောက်ဆို မြေကြီးမှာ ချစိုက်မှ ရတယ်။ အဲဒီအပင်က အကြမ်းလည်း ခံတယ်။ အပင်က မစူးဘူး။ ခရစ်စမတ်ဆို အဲဒီအပင်မှာ မီးသီးလေးတွေ ချိတ်ထားတာ အရမ်းလှတယ်။

Wall mart မှာ ရောင်းတာ ဒီထက် အပင်နိမ့်တယ်။ $ 12. ရန်ကုန် မြေပဒေသာကျွန်းက ဈေးနှုန်းနဲ့ သိပ်မကွာဘူး။

ခရစ်စမတ် လေမှုတ်ဘောလုံးတွေ

၆ပေ ခရစ်စမတ်သစ်ပင်က ဖြုတ်သိမ်းလိုက်ရင် ဘာမှ မရှိဘူး။ ခြေထောက် ကိုင်း ၃ ခုကို ဖြုတ်ပီးရင် သစ်ပင်က ၃ ဆင့်ကို ဖြုတ်ချလိုက်၊ အရွက်တွေကို စုလိုက်ရင် ခေါက်ထီး တချောင်းစာသာသာလောက်ပဲ ရှိတယ်။ ချိတ်တဲ့ ပစည်းတွေကလည်း ကြွပ်ကြွပ်အိတ်တစ်လုံးစာ၊ မီးသီးနဲ့ အလှဆင်ကြိုးတွေက အိတ် တစ်လုံးစာ၊ ပေါင်းလိုက်ရင် ကတ်ထူဗုံး တစ်လုံးစာလောက် နှစ်စဉ်နှစ်တိုင်း သိမ်း သိမ်းလာတာ။ ရွှေမှာတုန်းက ငွေရောင် ခရစ်စမတ်သစ်ပင်ကနေ စပီး ဆင်တယ်။ ငွေရောင်က ဆေးလိုက်တဲ့အခါ အရောင်ကျွတ်ရင် မလှဘူး။ ဒီ အစိမ်းရောင်ကတော့ ဘာမှ အရောင်မကျွတ်ဘူး။

ဆင်ချင်တာက အဖြူစွတ်စွတ်ခရစ်စမတ်သစ်ပင်ကို အပြာရောင် ခရစ်စမတ်ဘောလုံးဆွဲသီးလေးတွေ ချိတ်ပီး မီးသီးက ဖယောင်းတိုင်ပုံစံ မီးသီးလုံးများများ နဲ့ ကျဲကျဲ ချိတ်ဆွဲပီး အလှဆင်ချင်တာ။

သားသား ခရစ်စမတ်ဘောလုံးလေးတွေ လိုက်ချိတ်နေတာ။ 

ခုံနဲ့လည်း အပေါ်က နေရာတွေကို ချိတ်လိုက်သေးတယ်။

ခရစ်စမတ်သစ်ပင် အောက်က အခင်းက ကတီပါ အနီရောင်တောက်တောက်ဆို ပိုလှတယ်။ နီပုပ်ပုပ် ကတီပါအရောင်လည်းလှတယ်။ အခုက ကလေးတွေ အကြိုက် ခရစ်စမတ်ဒီဇိုင်းစုံပါတဲ့ အနီရောင် ဂွမ်းစောင်ပုံစံမျိုး။

စင်တာကလော့ ဦးထုပ် နဲ့ အကျီ

ခရစ်စမတ်သစ်ပင်ထိပ်မှာ ရောင်စုံကြယ်

မတ်တပ်ရပ်နေတဲ့ သမင် နှင့် ထိုင်နေသော သမင်

Reindeer chocolate candy

သမီး မမွေးခင် … အမျိုး … တရုတ်ပြည် က အပြန် အမှတ်တရ ၀ယ်လာပေးတဲ့ ခရစ်စမတ်သစ်ပင်မှာ ချိတ်တဲ့ သိုးမွေးဦးထုပ် …. သူ့သက်တမ်းက 12 နှစ်လောက် ရှိပီ။

ဝမ်းဆက် – ခရစ်မတ်သစ်ပင် အလှချိတ် သိုးမွေး အကျီ

သူနဲ့ ၀မ်းဆက် သိုးမွေးခြေအိတ်

ဝမ်းဆက် –  သိုးမွေး လက်အိတ်

ကြိုက်နှစ်သက် မြတ်နိုးလွန်းလို့ အမေရိကားကို လာတာတောင် တကူးတက … မမေ့မလျှော့ပဲ သေတာထဲ ကြိုထည့်ထားတာမို့ အမေရိကားထိ ပါလာတာ။

၁၅ မိနစ် (သို့) မိနစ် ၃၀ … အလိုအလျှောက် ရေမွေးဖြန်းစက်

အိမ်မှာ အရင်တုန်းက Lavender သုံးတယ်။ အခု Spruce သုံးတယ်။ သူ အနံကို အရမ်းကြိုက်တာပဲ၊ အခု ရာသီဥတု နဲ့ အရမ်းလည်း လိုက်ဖက်သလို၊ သဘာဝလည်း ကျတယ်။ အခု ဒီက ရာသီဥတုက အပြင်မှာ အေးတယ်။ အိမ်ထဲမှာ တံခါးတွေ ပိတ်ထားရင် အေးတဲ့ အအေးနှုန်းက ရန်ကုန်မှာ အဲယားကွန်း အမြင့်ဆုံး ဖွင့်ထားသလောက်ပဲ အေးတယ်။ အိမ်ထဲမှာက ထမင်း၊ ဟင်းချက်တဲ့ အပူရယ်၊ မီးချောင်းအပူ၊ တခါတရံ Heater အပူဓာတ်ရှိတာမို့ အိမ်ထဲမှာတော့ အနွေးထည် ၀တ်စရာမလိုပါဘူး။
အကျီတွေကိုကျတော့ အကျီထားတဲ့ Dressing Room တံခါးက မျက်နှာကျက် နဲ့ တံခါးကြား နည်းနည်းဟနေတာနဲ့ အကျီတွေကို ပလပ်စတစ်ဗုံးထဲ သိမ်းထားတယ်။

ဘီဒိုတံခါး နဲ့ လွတ်နေတဲ့ အုတ်နံရံကြားမှာ Paper ခပ်ထူထူလေးကို Double Tape နဲ့ Dressing Room အတွင်းဘက်ခြမ်းကနေ ကပ်ထားလိုက်ရင် …. Dressing Room က အလုံပိတ် အခန်း ဖြစ်သွားပါပီ။ အပြင်ကနေ ကြည့်ရင်လည်း Paper ကပ်ထားတာ မမြင်ရပါဘူး။

Dressing Room ထဲမှာလည်း Automatic Spray ဖြန်းစက် တပ်ထားလိုက်တယ်။ အကျီတွေ မွှေးနေအောင်လို့ ….

State မှာ october snow storm ကျပီး နောက်ပိုင်းကတည်းက အကျီတွေကို ပလပ်စတစ် စတိုဗုံးထဲ ထည့်သိမ်းလိုက်တယ်။ သိပ်မအေးခင်တုန်းက ဟင်းချက်ရင်  ပြူတင်းပေါက်ဖွင့်ချက်လို့ရတယ်။ အခုက အေးနေပီဆိုတော့ပြူတင်းပေါက်က ဖွင့်ချက်လို့မရဘူး။ ကလေးတွေ အအေးပတ်မှာစိုးလို့။

အနံစုပ်တဲ့ ပန်ကာတော့ ရှိတယ်။ Stove fan ဖွင့်ပီး ဟင်းချက်တယ်။ တခါတလေ  ပြူတင်းပေါက် တ၀က်လောက် ဖွင့် … Heater ကို အမြင့်ဆုံး နံပါတ် ၅ အထိ ဖွင့်ချက်တာမို့ ဟင်းအနံက အိမ်ထဲမှာ တခါမှ မွှန်ထူနေတယ်ဆိုတာမျိုး မကြုံဖူးဘူး။

 အိပ်ခန်းတံခါးကို အမြဲတမ်း ပိတ်ပီး ချက်တယ်။ Dressing Room က အိပ်ခန်းထဲမှာ ရှိတာမို့ ဟင်းအနံတွေက အကျီမှာ မစွဲစေပါဘူး။

အိပ်ခန်းထဲမှာ အပြင်ကို ထွက်တဲ့ ပြူတင်းပေါက် နှင့် Dressing Room, bath room ရှိတော့ နေ့ခင်းနေ့လည်ဆို … ကလေးတွေ ကျောင်းသွားတဲ့အချိန်၊ ဒယ်ဒီ အလုပ်သွားနေတဲ့ အချိန်တွေမှာ …  လေ၀င်လေထွက် ကောင်းအောင် တနာရီ လောက် ခြင်လုံဇကာပိတ်ပီး ပြူတင်းပေါက် မှန်တံခါးကို ဖွင့်ထားလိုက်တယ်။

အိပ်ခန်းထဲက အလိုအလျှောက် အမွှေးဖြန်းစက် နှင့် Dressing Room ၊ bath room က အမွှေးဖြန်းစက်က Timer : 30 မိနစ် ထားပေးထားတယ်။ bath room မှာ exhaust fan လည်း ရှိတယ်။

ဧည့်ခန်း က မီးဖိုချောင် နှင့် တွဲရက်မို့ အလိုအလျှောက် ရေမွှေးဖြန်းစက်က Timer : 15 minutes ထားတယ်။

ရန်ကုန်မှာ နေတုန်းက အပြင်သွားရင် တအိမ်လုံး ခြင်ဆေးဖြန်း၊ main switch ပိတ်ပီး … အပြင် သွားတယ်။ ပြန်လာရင် ခြင်ဆေး အနံလည်း မရှိသလို ခြင်လည်း လုံးဝ မရှိဘူး။

ဒီမှာကျတော့ ခြင်လုံဇကာရှိတယ်။ ခြင်တော့ မရှိပါဘူး။ summer ကျမှ ခြင်ရှိတယ်။ ပြူတင်းပေါက် ဖွင့်သွားတယ်။ အိမ်ထဲမှာ လေ၀င် လေထွက် ကောင်းအောင်လို့၊ အိမ်ပြန်ရောက်ရင်တော့ အေးတော့ အေးတာပေါ့။ Heater ဖွင့်လိုက်ရင် မိနစ်ပိုင်းအတွင်း အိမ်ထဲမှာ နေလို့ ကောင်းသွားတယ်။

တမိသားစုလုံးက အအေး အရမ်းကြိုက်ကျတော့ အိမ်ထဲမှာဆိုရင် ~~~~ ရန်ကုန်မှာ အဲယားကွန်း အမြင့်ဆုံး ထားတဲ့ အအေးနှုန်းလောက်ပဲ ရှိတယ်။

စင်ကာပူမှာ နေတုန်းကလည်း အဲလို ပလပ်စတစ်ဗုံးထဲ အကျီထည့်သိမ်းတာ။ အထဲမှာ ရေမွေးပုလင်းဟောင်းကို အဖုံးဖွင့်ပီး ထည့်ထားလိုက်တယ်။

အနံစုပ်တဲ့စက်

ဒီရက်ပိုင်း ဈေးဝယ်၊ ၀ယ်ပီးပြန်လာရင် ခရစ်စမတ်လက်ဆောင် ပါကင်ထုပ်၊ အိမ်ရှင်း၊ နှစ်ကူးတော့မှာမို့ အသေးစိတ်ကို လိုက်ရှင်းနေတာ။ ဖုန်စုပ်စက်ကိုလည်း ပိုက်လိုင်းတွေက အစ၊ ဇကာပေါက်တွေပါ ဖြုတ်ဆေး၊ ကော်ဇောကို အမွေးအနံပါတဲ့ ပေါင်ဒါမှုန့်ဖြူး၊ ကော်ဇောဖြန်းတဲ့ spray ဖြန်းပီး မိနစ်အနည်းငယ်အကြာမှ ကော်ဇောကို ဖုန်စုပ်စက်နဲ့ ကြမ်းတိုက်၊ အခု ရာသီဥတုက  အဲယားကွန်း အမြင့်ဆုံးဖွင့်ထားသလိုမျိုး အေးအေးလေးလေးနဲ့ တအိမ်လုံး မွေးမွေးလေး၊

အင်တာနက် သုံးတဲ့ အခုရက်ပိုင်းကလည်း … FB က သတင်းတွေ …. ဓာတ်ပုံတွေကလည်း စိတ်ချမ်းသာစရာ …

abc family ကနေ ခရစ်စမတ် ရုပ်ရှင်ကားတွေကြည့်။

http://abcfamily.go.com/watch

ဘလော့ပေါ်တောင် မနည်းကို တက်လာရတယ်။ FB မှာ ကိုယ်လည်း ပျော်နေပီ။ Blog ပေါ် ခြေဦး မလှည့်တော့တဲ့ အရင်တုန်းက Blog အိမ်နီးချင်းတွေကိုလည်း ကိုယ်ချင်းစာတတ်နေပါပီ။

ဟဲ … ဟဲ … ဟဲ 

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s