Sear

Disney က ထုတ်တဲ့ ။ ဘာပဲ ယူယူ $ 15 . ဦးထုပ် လေးနဲ့ အမှတ်တရ။ ၀ယ်ချင်လားဆိုတော့ သမီးက မကြိုက်ဘူးတဲ့။ 

2007 … SG က OG မှာ ဒါမျိုးလေးတွေ ရောင်းလို့ သမီးကို ၀ယ်ပေးဖူးတယ်။ ရေသောက်တဲ့ ပိုက် လိမ် လိမ်ကောက်ကောက်ကတော့ ဆေးရတာ အဆင်မပြေဘူး။ သမီးက ထပ်ဝယ်ခိုင်းနေလို့ ပန်းရောင်ဗူး ၀ယ်ပေးလိုက်ပီး ရေပဲ သီးသန့် သောက်ဖို့ ပြောရသေးတယ်။ 

 

ကျောင်းထမင်းဗူးအတွက် ပန်းရောင် ဇွန်းနဲ့ ခရင်း၊ crown ပုံစံ ခွက် လေး ၀ယ်လာတယ်။ 

 

ရန်ကုန်မှာလည်း စူပါဝမ်းတို့ city mart တို့မှာ အဲလို ရေဗူးမျိုး ရှိတယ်။ Quality ခြင်းတော့ သိပ်မကွာဘူး။ ရန်ကုန်က tax တို့ brand တို့ မရှိတော့ ပိုသက်သာတယ်။ 
ကိုယ် ၀ယ်ဖူးတယ်။ ရန်ကုန်မှာ နှစ်ထောင်ကျော် သုံးထောင်ကျော်လောက်ပဲ ရှိတယ်။  တစ်ထောင်အောက် ရေဗူးတွေတောင် ရှိသေးတယ်။ တစ်သောင်းကျော် ရေဗူး၊ ထမင်းဗူးတွေက အပူထိန်း ဓာတ်ဗူးလိုမျိုး ထမင်းဗူးတွေ။ city mart မှာ ၀ယ်လို့ရတယ်။

ဒီက ကျောင်းတွေ နဲ့ ဟိုတလောက သွားဖူးတဲ့ State က Medical University မှာတော့ microwave ထားပေးထားတယ်။ ထမင်းဗူးကို microwave ထဲ ထည့် အပူနွေးရုံပဲ။

 

သားအဖ နှစ်ယောက်
 

buy 3 … get 3 free … အားရ ပါးရ ကို ပေးနေတာနော်။ စတော်ဘယ်ရီ သဲဆပ်ပြာ shower နဲ့ နှုတ်ခမ်း မခြောက်အောင် လိမ်းတဲ့ နှုတ်ခမ်းဆီ ကောင်းတယ်။ $ 5 အထက် ပေးရတဲ့ Lip balm ထက် ပိုကောင်းတယ်။ တစ်နှစ်စာ သုံးလို့ရတယ်။ 

Mall တွေရဲ့ ထုံးစံ မောလ် အလယ်ကောင်မှာ ပွဲ ကျင်းပနေတာ။ ဒီတခေါက်က snow အတုတွေကျနေတဲ့ အိမ်လေးထဲမှာ ဗီဒီယို ကြည့်ပီးထွက်လာရင် …. စင်တာကလော့နဲ့ အတူ ဓာတ်ပုံရိုက်၊ စင်တာကလော့ကို ကလေးတွေ desire ပြောပြတာ။ 

(ကိုယ့်ကွန်ပြူတာ ကီးဘုတ်က အက်ခရာ နှစ်လုံးဆင့်ဆို ရိုက်လို့ မရဘူး။ ပြင်မယ် ပြင်မယ်နဲ့ ရက်ရွှေ့တတ်တဲ့ အကျင့်ဆိုးကြောင့် မပြင်ရသေးတာ ၈ လ နီးပါးလောက် ရှိတော့မယ် 😛 )

ပိုလာ ၀က်ဝံ နဲ့ အမှတ်တရ
 

ခရစ်စမတ် လက်ဆောင် ကားလေး နဲ့ အမှတ်တရ 
 

အဲဒီ အပြာရောင် အိမ်လေး သေးသေးလေးထဲမှာ တီဗီတွေ ပတ်လည်ရှိတယ်။ မိနစ်အနည်းငယ်စာ ဗီဒီယိုပြတယ်။ အထဲမှာ စနိုး အတုတွေ ကျနေတယ်။ အဲဒီ ထဲက ထွက်လာရင် တန်းစီပီး စင်တာကလော့ကို ပြောချင်တာ ပြောပြ။ စင်တာကလော့နဲ့ အတူ ဓာတ်ပုံရိုက်။ အားလုံးအတွက် ၄၅ ကျပ် ။

 

စင်တာကလော့ကို တွေ့တာနဲ့ လက်ဆွဲ နှုတ်ဆက်မယ်။ 
 

ပေါင်ပေါ် တက်ထိုင်မယ်။ ယောကျာ်းလေးပဲ ဖြစ်ဖြစ် ….
 

မိန်းကလေးပဲ ဖြစ်ဖြစ် ….
 

ဓာတ်ပုံတွေ အမှတ်တရ ရိုက်ပီး ချက်ချင်း printer ထုတ်ပေးတယ်။ ၄၅ ကျပ်။ 
 

ဒီဇိုင်းလေးတွေ ဆင်ထားတာတော့ လှပါတယ်။

ဒီဇိုင်း တခု နဲ့ တခု က ဆင်တူယိုးမှားတွေ တူ … တူ နေတတ်တယ်။ ဒါပေမယ့် ကိုယ့် မျက်စိမှာ မြင်တာတော့ snow flake ကို ဖန်လုံးထဲ ထည့်ထားတဲ့ ဒီဇိုင်းပါ။ 
(( တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတော့ လက်ခံပေးပါ။ ))


ဝင်ပေါက်မှာကတည်းက ရေးထားတယ်။ အဲဒီ အထဲကို ကိုယ်ပိုင် ကင်မရာ ယူဆောင်ခွင့်၊ ရိုက်ကူးခွင့် မရှိပါဘူးတဲ့။ အပြင်ကနေဆိုရင်တော့ ရိုက်ချင်သလောက် ရိုက်။ ကြိုက်သလောက် ရိုက် လို့ ရပါတယ်။
 

zoom ဆွဲပီး ရိုက်။ ရိုက်လို့ ရတယ်။

အပေါ်စီး မြင်ကွင်း

မောလ်တွေရဲ့ ထုံးစံ အောက်ထပ်က ကော်ဖီဆိုင်၊ 
ရန်ကုန်မှာ ဆိုရင်တော့ Junction Maw Tin က ကော်ဖီဆိုင် လည်း အဲဒီလို ဒီဇိုင်းမျိုးပဲ။
 

အပေါ်ထပ်က ဒီဘက်ထောင့်နားမှာ လုံခြုံရေးတွေ ဟိုငေး ဒီငေးပေါ့။ လုံခြုံရေး ကင်မရာကတော့ နေရာ တကာမှာ တပ်ထားတယ်။ 

အရုပ်မှာ လျှို့ဝှက် တပ်ထားတဲ့ ကင်မရာတောင် ရောင်းနေတာ တွေ့သေးတယ်။ လျှို့ဝှက် ကင်မရာ ဒီဇိုင်းတွေက အမျိုးမျိုးပဲ။  ဈေးဆိုင်ခန်းထဲမှာ ရောင်းတာ ဆိုတော့ ကိုယ့် ကင်မရာနဲ့ ဟိုရိုက် ဒီရိုက် သိပ်ရိုက်လို့ မကောင်းဘူး။

မေစီလိုမျိုး ၊ မောလ် လိုမျိုးကျတော့ ၀န်ထမ်းတွေက နေရာတကာမှာ မရှိဘူး။ လုံခြုံရေး ကင်မရာပဲ ရှိတော့ ရတယ်။ အေးအေးဆေးဆေး ဓာတ်ပုံ အမှတ်တရ ရိုက်လို့ရတယ်။ shopping mall ထဲက ဈေးဆိုင်ခန်းကျတော့ …. ဟင်း … ဟင်း သိပ်ရိုက်လို့ မကောင်းဘူး။ 

မောလ် မျက်နှာကျက်။ (တမင် ရိုက်လာတာ) တချို့ မောလ်တွေမှာ မျက်နှာကျက်က အစ လှတယ်။
 

ဝက်ဝံရုပ်ကလေးတွေကို ဒီဇိုင်းဆင်တဲ့ ဆိုင် …
 

$ 14 တန် ၀က်ဝံရုပ် အထီး၊ အမ ကို ၀ယ်။
 

သားသား၊ မီးမီးလိုမျိုးပဲ အကျီ ဒီဇိုင်း မျိုးစုံ၊ ဖိနပ် မျိုးစုံ ဆင်၊ အစုံ ရှိတယ်။
 

ဆယ်ကျော်သက်လေးတွေကို မွေးနေ့ လက်ဆောင်ပေးဖို့ အရုပ်ရယ်၊ အကျီရယ် ဆင်ပီး ပေးလိုက်ရင်တောင် $ 100 နီးပါးလောက် ရှိတယ်။
 

အားကစား အကျီလေးတွေ …
ကိုရီးယားကား တကားမှာတော့ တွေ့ဖူးတယ်။ ၀က်ဝံအရုပ် စက်ရုံ။ အဲဒီလိုမျိုးပဲ။
 

ဝက်ဝံရုပ်ကို တကယ့် သားသား၊ မီးမီး လေး အလား ရေချိုးပေးတဲ့ ရေချိုးကန်၊ ဖုံ သန့်စင်တဲ့ နေရာဆို ပိုမှန်မယ်။ ခြေထောက်နဲ့ နှိပ်လိုက်ရင် လေတွေ မှုတ်ထုပ်တာမို့လို့။ ၀က်ဝံ အရုပ်ကို ဖုန်သန့်စင်ပေးတာ။ 😛
 

 

ရေကန်ထဲမှာ မိချောင်း။
 

ဝင်ပေါက် အလှပြ ငါးကန် နဲ့ အမှတ်တရ
 

rain forest cafe ဆိုင် အရှေ့မှာ forest နဲ့ စပ်နွယ်တဲ့ ပစည်းလေးတွေကို ရောင်းတယ်။ ရေခဲသေတာမှာ ကပ်တဲ့ သံလိုက်တို့၊ စာရေးကိရိယာ၊ အစားအသောက်၊ အကျီ၊ 
 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s