Posted in U.S.A - My Children, U.S.A - Snow
Angel ချစ်တဲ့ Snow # 01
October 30, 2011 
Advertisements
Author:
I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.
13 thoughts on “Angel ချစ်တဲ့ Snow # 01
  1. ပုံတွေကောင်းတယ်အစ်မ…။ သမီးနဲ့ သစ်ကိုင်းလေးတွေနဲ့ ခုံတန်းပုံလေး သဘောကျတယ်..။
    ဘာကင်မရာသုံးလဲ…ကျွန်တော်လည်းအသစ်တစ်လုံးလောက် ၀ယ်ဖို့စဉ်းစားနေတာ…။ အခုပုံတွေ ပုံထွက်ကောင်းတယ်…ရိုက်တဲ့သူလည်းတော်လို့ဖြစ်မှာပါ.. ;D
    Like
  2. Phyo Evergreen ….
    အစ်မကတော့ အစ်မရဲ့ ဓာတ်ပုံတွေကို အဖြစ်လောက်သာ အမှတ်တရအနေနဲ့ ရိုက်ထားတာပါ။
    Canon 4D တို့ 6D Lens နဲ့ ရိုက်ထားတဲ့ သူငယ်ချင်းတွေ ဆို အစ်မ ဓာတ်ပုံတွေကို ရီတာပေါ့။
    အခုလေးတင် Yahoo မှာ Walmart .. black Friday မှာ ဈေးချမယ့် အထဲ ကင်မရာတွေလည်း ပါသေးတယ်။
    http://finance.yahoo.com/news/wal-mart-black-friday-circular-102300150.html
    Samsung 51-inch plasma TV for $498 down from $649,
    a Kodak 14 megapixel camera for $49 and
    a Magellan GPS for $69, marked down from $89.
    ( အစ်မ ကင်မရာက Canon ပါ။ 12.1 Mega Pixels )
    Wal mart က ဈေးချတဲ့ Kodak အမျိုးအစားတော့ မသုံးဖူးဘူး။
    အခုလေးတင် ဖတ်ပီး သဘောကျနေတာ။
    သွားတိုးပီး ၀ယ်ရင် ကောင်းမလားလို့။ ဟီး ဟီး
    14 Mega Pixel ဆိုတော့ ပုံထွက် မဆိုးဘူး ထင်တာပဲ။
    49 ကျပ်ဆိုတော့ တော်တော်ကြီးကို သုံးပျော်ပါတယ်။
    အစ်မ ဓာတ်ပုံတွေလည်း သိပ်မရိုက်တတ်ပါဘူး။ ဒီအတိုင်းပဲ ကလစ်နိပ်လိုက်တာပါပဲ။
    အစားအသောက်ပုံ ဆိုရင်တော့ Flower ပုံလေးကို နှိပ်ပီး ရိုက်တယ်။
    အခု canon camera ကို ၀ယ်ပီးနောက်ပိုင်း Funtion တွေ ကလိရင်းနဲ့ ရိုက်တယ်။
    အပြင်မှာဆိုရင် .. အခုနောက်ပိုင်းရိုက်တဲ့ ပုံတွေက …
    My color မှာ Vivid ထားပီး Flash ကိုကျတော့ ပိတ်ထားလိုက်တယ်။ (ဓာတ်ပုံ ကင်မရာအလင်း … မလင်းတော့ သူများတွေ ဓာတ်ပုံ ရိုက်လိုက်မှန်း မသိအောင်လို့)
    Funtion နေရာမှာ ကလိတယ်။ (ကစားတယ်)
    ပုံမှန်ဆို P ထားပီး။
    ကလေးတွေ ပုံဆိုရင် Kids and Pet ထားတယ်။
    ဓာတ်ပုံ ရိုက်ပေးမယ့်လူ မရှိတဲ့ အခါ Smart Shutter ထားပီး smile လိုက်ရင် ကင်မရာက သူ့ဘာသာသူ ရိုက်ပေးသွားတယ်။
    < < Seft timer ရှိပေမယ့် 10 second လောက်ပဲ ဆိုတော့ ကိုယ့်ပြုံးမှ ရိုက်မယ့် Funtion - Smart Shutter ကို ပိုသဘောကျပါတယ်။ >>
    အရောင်တောက်တောက် မရှိတဲ့ image ရိုက်ချင်ရင် super vivid ထားတယ်။
    စနိုးကို ရိုက်ချင်ရင် Snow Funtion ရွှေးလိုက်ပီး ။
    သိပ်ပီး မချိန်ချင်ရင် Auto ထားပီး ရိုက်လိုက်တာပဲ။
    အစ်မ အရင်တုန်းက သုံးတာ Sanyo / 7 Mega Pixel ရှိတယ်။
    အစ်မရဲ့ အရင် ဘလော့အဟောင်း WordPress က ပုံတွေ ကြည့်လိုက်ရင် သိမှာပါ။
    အဲဒီမှာ Digital camera တွေ ထုံးစံ ရိုက်ပီးပီးချင်း ပြန် မကြည့်သေးပဲ ခဏ စောင့်၊ မီး ပြန်မှိတ်မှ ကြည့်တာ ကောင်းတယ်။
    အဲလို မဟုတ်ပဲ ရိုက်ပီးပီးချင်း ပြန်ပြန် ကြည့်နေလို့ camera zoom ကျိုးသွားတယ်။
    မယ်ဇလီဖူးသုပ်က ဓာတ်ပုံကို ကြည့် ကြည့်လိုက်။ အဲဒီ ကင်မရာ zoom ကျိုးသွားတုန်းက ရိုက်ထားတဲ့ ပုံတွေ။
    အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ၀ယ်ယူမလဲ ….
    http://mandalaygazette.com/70989/computers-technology/consumer-electronics
    http://mandalaygazette.com/71043/computers-technology/consumer-electronics
    http://mandalaygazette.com/71187/computers-technology/consumer-electronics
    ဂေဇက်မှာ ဖတ်ဖူးတာလေးတွေကို share လိုက်ပါတယ်။
    Like
  3. Wooo.. so amazing… Ama TND, i just realize that this is yours.. I was wondering why u never update thetnandar blog since u moved to US. Today i just check my blog and see the referral sites and know this is yours. well i m gonna to update this.
    Like
  4. အစ်မ ကျွန်တော်အားနာလိုက်တာ…။ မေးပြီးမေ့နေတာ… အစ်မအများကြီးပြန်ဖြေထားတာကိုကြည့်ပြီး အားနာလိုက်တာ…။ ဆောရီးအစ်မ..။ ကျွန်တော်လည်း အလုပ်များနေလို့ ကင်မရာဘက်တောင် သိပ်ဦးမလှည့်နိုင်သေးဘူး..။ Canon ကတော့ကောင်းတယ်.. Canon Old Model Camera နဲ့ Sony Latest Camera ယှဉ်ရိုက်တာတောင် Canon ကပိုကောင်းတယ်…။ ဟုတ်တယ်..အခုနောက်ပိုင်း ကင်မရာတွေက သိပ်ဈေးမကြီးတော့ဘူး… စလုံး ၁၀၀ နဲ့ ၂၀၀ ကြားလောက်ဆိုကောင်းကောင်းရတယ်..။ ကျွန်တော်လည်း အသေးစားလေးတစ်လုံး နဲ့ SLR တစ်ခုလောက် ၀ယ်မလို့ မ၀ယ်ဖြစ်သေးဘူး..။ Canon ဘဲဖြစ်ဖို့များတယ်..။ အစ်မဘလော့က ဟိုးအရင်ကတည်းက အသံတိတ်လာနေကျ (ဘလော့အဟောင်းထင်တယ်)..ဒါပေမယ့် ထမင်းစားပြီးမှဘဲလာတယ်… မဟုတ်ရင် ကြည့်ပြီး ဂလုဂလုဖြစ်လွန်းလို့…။ ကျေးဇူး..။ ပုံတွေတကယ်ကိုကောင်းတယ်…။
    Like
  5. Phyo Evergreen ….
    Never mind, Phyo Evergreen 🙂
    အားနာစရာမလိုပါဘူး …. ရပါတယ်။
    ဂျီးမေလ်း အကောင့်နဲ့ ကွန်မန့်ရေးတာ ဆိုရင်
    Email follow-up comment ကို ကလစ်နှိပ်ထားရင် FB လိုမျိုးပဲ reply ထားတာရော … ဒီပိုစ့် မှာ နောက်ထပ် တခြားလူတွေ လာရေးထားတာတွေရော … အီးမေလ်း ပို့ပေးပါတယ်။
    အဲဒါဆို ဘလော့ကို နောက်တခေါက် လာကြည့်နေစရာ မလိုတော့ပါဘူး။
    အမ လေ … ဒီဇင်ဘာထဲမှာ … အဲဒီ ဒေါ်လာ ၅၀ တန် Kodak ကော Fuji ကော သွားကြည့်သေးတယ်။
    တခုလောက် ပြောစရာ ရှိတာကလေ … ဒီမှာပေါ့နော် …
    US $ 50 ~ 80 ကြား ကင်မရာတွေကလေ AA ဓာတ်ခဲ ၂ လုံး သုံးတွေ …
    rechargeable batteries ကင်မရာမှာ သုံးတဲ့ ဘတ်ထရီ အပြား မဟုတ်ဘူး သိလား။
    သမီးအတွက် ၀ယ်ပေးမယ်ဆိုပီး ကြည့်လိုက်တော့ အဲလိုမျိုး ဖြစ်နေလို့ ….
    rechargeable batteries ကျတော့ နောက်ထပ် AA ဓာတ်ခဲဖိုးတွေ ၀ယ်ဖို့ ပိုက်ဆံ ထပ်မကုန်တော့ဘူးလေ ….
    AA ဘက်ထရီတွေထဲမှာ rechargeable batteries ပြန်အားသွင်းလို့ရတဲ့ ဓာတ်ခဲတွေ ရှိတာတော့ ရှိတာပေါ့ … ဒါပေမယ့် ဓာတ်အားသွင်းတဲ့ စက်နဲ့ AA rechargeable batteries ပါ ထပ် အပို ၀ယ်ရမယ်ဆိုတော့ တွက်ကြည့်လိုက်တာ ကင်မရာ ကို ဒေါ်လာ ၁၀၀ လောက် ပဲ ပြန်ကျသွားမှာပဲ ဆိုပီးတော့ပါ။
    အိမ်ရှင်မ ဆိုတော့ အဲလိုမျိုးပဲ ဟိုတွက် … ဒီတွက် … သိလား … ဒါပေမယ့် တခါ တလေ ရိုးလွန်း အ လွန်း အကွက်မမြင်တာတွေလည်း အများကြီးပဲ …. 😛
    Like
  6. ဟုတ်တယ်အစ်မ..အခုကတွက်နိုင်မှရတယ်..။ လျှော့ထားသလိုလိုနဲ့ နောက်ဆုံးဟိုဟာလေးဝယ်ဒီဟာလေးထပ်ထည့်နဲ့ နောက်ဆုံးကျ ပုံမှန်ဈေးလောက်ပြန်ကျသွားတာပဲ..။ Rechargeable ပဲပိုကောင်းတယ်.. ဓာတ်ခဲဝယ်ထည့်ရတာက ကျွန်တော့်အတွက်တော့ပိုအလုပ်ရှုပ်သလိုဘဲ.. ။ အဲဒီမှာက ၀ယ်ချင်ရင်ကဒ်ပြားလေးယူပြီး ကောင်တာမှာပေးလိုက်ရတာမလား… Costco မှာတွေ့ဖူးတယ်.. အဲဒီမှာကလည်း မန်ဘာမှဝယ်လို့ရတယ်ထင်တာဘဲ…။ ကျွန်တော်ဟိုတစ်ခါသွားတုန်းက ရောက်ဖြစ်တဲ့ best buy တွေကသိပ်မစုံသလိုဘဲ… ဈေးသက်သာသလိုရှိပေမယ့်… tax ပြန်ပေါင်းတွက်လိုက်ရင် ဒီကဈေးတဲ့တူတူလောက်ဘဲဆိုတော့ ပစ္စည်းလေးမှာတူတူမ၀ယ်ဖြစ်ဘူး…။
    Like
  7. Follow up ကလုပ်ထားတယ်အစ်မ ကျွန်တော်ကဘလော့သာဝင်နေတာ… ဘလော့ကိုဘဲ Sign in လုပ်ထားပြီအီးမေးလ် တစ်ခါမှမ၀င်ဖြစ်ဘူး..။ 😀
    Like
  8. Phyo Evergreen ….
    အမ Best buy မှာ ၀ယ်တာပါ။
    မ၀ယ်ခင် staff ကို မေးသေးတာပေါ့နော်။
    Zoom ဆွဲကြည့်တယ်။ တခြား အမျိုးအစား ကင်မရာတွေ နဲ့ ယှဉ်ရင် Zoom ( Lens 4 X ) ဆွဲကြည့်လိုက်တဲ့ အခါ အရမ်းကို သိသာပါတယ်။
    အဆုံး ထိ zoom ဆွဲကြည့်တာတောင် ပုံရိပ်က ကြည်လင်နေတုန်းပါပဲ။ မ၀ါးသွားဘူး။
    Pixel က 12.1 ပဲ ရှိတာပါ။ Pixel များလေး ပုံထွက်ကောင်းလေပါပဲ။
    အရင်အဟောင်း Sanyo က Pixel 7.1 လောက်ပဲ ရှိတာ။
    memory card – 4 GB ကို အလကားပေးပါတယ်။
    ရန်ကုန်မှာ ၀ယ်တုန်းက memory card မပေးဘူး။ ထပ်ဝယ်ရတယ်။ ၂သောင်းခွဲ ပတ်ဝန်းကျင်ပဲ။
    ဒီ အမျိုးအစားကို ကြိုက်ပီ ဆိုရင် ..
    ဟုတ်ပါတယ်။ ကတ်ပြားလေးကို ကောင်တာမှာ ပေးလိုက်ရုံပါပဲ။ သူတို့ ယူပီး ဂိုဒေါင်ထဲက ပစည်းထုပ်ပေးတယ်။
    အဲလို ပြန်လာလဲတဲ့ ပစည်းတွေကို သူတို့က open box အနေနဲ့ ဆိုင်မှာ လျှော့ဈေးနဲ့ ပြန်တင်ပီး ရောင်းပါတယ်။
    ( အမ အထင် အဲလို ပြန်တင်ပီး ရောင်းတဲ့ ဈေးက မူရင်း ထက် နည်းနည်းလျှော့ နှင့် နည်းနည်းများလို့ပဲ ထင်ပါတယ် )
    Best buy က wall mart ထက် စာရင် နည်းနည်း ဈေးပိုများတယ်။ အမျိုး အစား စုံစုံလင်လင်တော့ ရှိပါတယ်။
    လူတိုင်း ၀ယ်လို့ရပါတယ်။ credit card နဲ့ ၀ယ်ရင် ရာခိုင်နှုန်းနဲ့ လျှော့ပေးတာမျိုး ရှိသေးတယ်။ အမ ၀ယ်တုန်းက credit ကတ်နဲ့ ၀ယ်မလား မေးသေးတယ်။ Tax ကတော့ 15 % ပတ်ဝန်းကျင် လို့ ပြောရမလား မသိဘူး ။
    အမ … TV ၀ယ်တဲ့ ဘောက်ချာ ဓာတ်ပုံ ပါတဲ့ ပိုစ့် …
    http://thiriyatanar.blogspot.com/2011/08/tv-ps3.html
    ဒေါ်လာ – ၁၂၀၀ ဖိုး ၀ယ်တာ Tax က ဒေါ်လာ ၈၀ လောက် ပေးရပါတယ်။
    နှင့်
    နောက်ထပ် ဘောက်ချာ တစောင်က
    လက်ကောက်လေးတွေ ၀ယ်တဲ့ ဘောက်ချာ ပါတဲ့ ပိုစ့်
    http://thiriyatanar.blogspot.com/2011/12/kohls.html
    အဲဒီမှာတော့ Tax 6.35 % … ဒီဇင်ဘာ လျှော့ဈေး ပါ။
    နောက်တခု … စကား မစပ်ပေါ့နော်။
    အကျီ တထည်ကို လျှော့ဈေး 80 % ဆိုပီး … $ 25 တန်ကို $ 5 နဲ့ ရောင်းပါတယ်။
    ( 25 x 80% = 20,
    $ 25 – $ 20 = $ 5 )
    အမ … ဈေးဝယ်တဲ့ အတွေ့အကြုံ အရ … အဲဒီ အကျီက အဲဒီ ဈေးနဲ့ပဲ တန်တာပါ။
    ဈေးဝယ်သူလည်း ကျေနပ်ပီး ၀ယ်သွားအောင် … အဲဒီ ဈေးနဲ့ လည်း ရောင်းလို့ ရအောင် … Treat လုပ်ထားတယ်လို့ ထင်တာပါပဲ။
    Like
  9. ဟုတ်တယ် အစ်မပြောသလိုဘဲ..ကျွန်တော်လည်း တွေ့တယ်… ၅၀% လျှော့ထားတာတောင် ကောင်တာရောက်ရင်ထပ်လျှော့ပေးသေးတယ်လေ..။ လုပ်ဖော်ကိုင်ဖက်တစ်ယောက် သူ့သမီးလေးတွေအတွက် အင်္ကျီတွေဝယ်ပြန်တာ တစ်ထည်မှ ၁ ကျပ်တောင်မကျော်ဘူး..။ ကျွန်တော်လည်းဝယ်ခဲ့သေးတယ်.. ဒါပေမယ့်အဲဒီက Quality က Asia ကထက်တို့ပိုကောင်းသေးတယ်..။ made in china ဆိုပေမယ့် ထုပ်ပေးတဲ့နိုင်ငံအလိုက် အရည်အသွေးကကွာသေးတယ်..။ တကယ်တော့ အစ်မပြောသလိုဘဲ ၀ယ်သူကိုကျေနပ်အောင် လုပ်ပေးထားတာပဲ..။ တကယ့်အကောင်းစား brand တွေဘယ်မှာဈေးလျှော့လို့လဲဗျာ..။
    Like
  10. Phyo Evergreen ….
    Brand တွေက Holiday ဆို လျှော့တယ်။
    Channel မှ channel ဖြစ်နေတဲ့ ရန်ကုန်က မမ တွေဆို ဒီက တခြား Brand တွေကို လျှော့နေတဲ့ အချိန် လှမ်းဝယ်တတ်တာတွေ့ဖူးတယ်။
    အဆက်လိုက်ကို ၀ယ်တာနော်။
    ရန်ကုန်က သူဌေးတွေ …
    Channel ပိုက်ဆံအိတ်ဆို ဒေါ်လာ ၇၀၀ လောက် ရှိပါ့။ ဖိနပ်လည်း အဲဒီဈေးနီးပါးပဲ ….
    အမ ရဲ့ Channel ရေမွှေး နှင့် တခြား ရေမွှေး ဈေးလျှော့ထားတဲ့ ပိုစ့် …
    http://thiriyatanar.blogspot.com/2011/11/blog-post_28.html
    နောက်များကျရင် Brand တွေ ဈေး ၀က်ဝက်ကွဲ လျှော့တဲ့ အခါ ကျရင် ဓာတ်ပုံ ရိုက်ပီး ပိုစ့် တင်ပေးပါမယ်။ တချို့ Brand တွေက လုံးဝ မလျှော့ဘူး။ image ကျသွားမှာ စိုးလို့လား မသိပါဘူး။
    ဟီး .. ဟီး … အမတို့တွေ ဈေးဝယ်တာ အတွေ့အကြုံ share နေတာနဲ့ပဲ ကွန့်မန့်တွေ များနေပီ။
    ဆက်ပြောအုံးမယ်။
    အခု အိုးဘားမားကလေ … သူ့ သမတ ထပ်အရွှေးခံရရင် trading ကို ကျပ်မယ်ပေါ့။
    အမေရိကားမှာ စက်ရုံတည်တာ၊ ထုတ်တာ tax အရမ်းများလို့ တရုတ်၊ ကမ်ဘောဒီးယား၊ ပါကစ်စတန်၊ india အဲဒီကို အမေရိကားက လူတွေ ရောက်ပီး စက်ရုံတည်။ ပီးရင် အမေရိကားကို ပြန်သွင်းတာလေ။
    အမေရိကားကို သွင်းတဲ့ တရုတ် ပစည်းက မြန်မာကို သွင်းတဲ့ ပစည်းနဲ့ ဈေးလည်းကွာသလို၊ အရည်အသွေး ကွာတာတော့ မှန်ပါတယ်။
    wallmart တို့ ဘာတို့မှာရောင်းတဲ့ ပစည်းမျိုးကျ … မြန်မာမှာ ရောင်းတဲ့ တရုတ်က လာတဲ့ အကျီ အရည်အသွေးမျိုးပါပဲ။
    ဈေးကျတော့ မြန်မာက သက်သာပါတယ်။
    တရုတ်၊ မြန်မာက နီးလည်း နီးတယ်။ tax လည်း မရှိဘူး။ ဒီမှာက ဘာဝယ်ဝယ် tax ပေးရတယ်။
    တခြား brand အကြီးကြီးတွေနဲ့ ပစည်းချင်း ယှဉ်လိုက်ရင်တော့ ဒီကိုသွင်းတဲ့ ပစည်းက တခြားနိုင်ငံကို သွင်းတဲ့ ပစည်းထက် ပိုပီး အရည်အသွေးကောင်းတယ်လို့ ထင်လို့ရတာပေါ့။
    ဒီက ပစည်းသယ်တဲ့လူတွေက ဒါတွေကြောင့်မို့ အကြီးကြီးကို သယ်တာနော်။
    ရန်ကုန်ကလူတွေကလည်း အမေရိကားက သယ်လာတဲ့ channel ပဲ အားပေးတာ။
    ဟီး ဟီး ဒီ ကွန့်မန့်က ဖွ သလို … များ ဖြစ်နေမလား မသိဘူး။ စကားအပြောအဆိုလေး ဆင်ခြင်မှ … တော်ကြာ .. အပေါင်းအသင်းတွေ စိတ်ကွက်သွားအုံးမယ်။
    အော် … စကားမစပ် ….
    အိုးဘားမားပြောသလို ပြင်ပ ရောက်သွားတဲ့ အမေရိကန် စက်ရုံလုပ်ငန်းရှင်တွေ ဒီ ပြန်လာပီးလုပ်ရင် ဒီမှာရှိတဲ့ အမေရိကန် နေထိုင်သူများ အလုပ်အကိုင်ပေါ်လာမယ်။ made in usa ဆိုပီး သုံးရမယ်ဆိုတာ တကယ်လား။ အိပ်မက်လေးလား ပါပဲ …
    Like
  11. အဟား..ဖွတာတွေများသွားပြီထင်တယ်..။ Set အလိုက်ဝယ်တာဆိုတော့ ဘော့ဘော့တွေပေါ့..။ အခုနောက်ပိုင်း Made in USA ဆိုတာတွေမတွေ့သလောက်ပဲ…။ Target မှာ Made in China တွေချည်းဘဲတွေ့ခဲ့တယ်… :D။ လုပ်ငန်းတွေကတော့ ဟိုမှာအခြေကျပြီးရင် ပြန်လာဖို့မလွယ်လောက်ဘူး..ထုတ်လုပ်မှုနဲ့အလုပ်သမား စရိတ်ကကွာတယ်လေ..။ အလုပ်သမားအခွင့်အရေးကလည်း ထိန်းချုပ်ထားလို့ရတယ်.. USA မှာဆိုရင်တော့ နည်းနည်းဆို အလုပ်သမားတွေက ဆန္ဒပြကြမှာလေ..။
    Like
  12. Phyo Evergreen …
    စောင့်ကြည့်ရအုံးမှာပါ။
    မထင်တဲ့ လူတွေထဲမှာ အမလည်း ပါ ပါတယ်။
    ဒါပေမယ့် … တခါ တခါ … မဖြစ်နိုင်တာတွေက ဖြစ်တတ်လွန်းလို့ … အခိုင်အမာ မပြောနိုင်သေးပါဘူး။
    border trade ကို ပိတ်လိုက်ရင် ဘာမှ တတ်နိုင်မှာ မဟုတ်တော့ပါ။
    နောက်နှစ် … သု ရပါစေအုံး …
    သူ ရမှ ဒါတွေ ဖြစ်လာမှာပါ …
    Like
Leave a Reply
Please log in using one of these methods to post your comment:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s