Lunch box #03

ဝက်ကလေး၊ ပန်ဒါလေး နဲ့ ကြွက်ကလေး
 

သားနဲ့ သမီး အကြိုက် ပဲကြာဇံကို ဟင်းချက်တဲ့ အိုးသေးသေးလေးမှာ ဆီကို ထည့်ပီး မီးမြေးမြေး နဲ့ ကြော်ထားတာပါ။

ကြော်တဲ့ အိုးက သေးတော့ ဆီက level မြင့်နေတယ်။ ကြော်လို့ ကောင်းတယ်။ 
ကြော်မယ့် အစာတွေကို ဆီနှစ်ပီး ကြော်နေရသလိုမျိုးပဲ။
ဒယ်အိုး ကြီးကြီးမှာ အဲဒီ ဆီပမာဏကိုပဲ ထည့်ကြော်ရင် ဆီက level နိမ့်နေလို့ 
ဒီလိုမျိုး အိုးသေးသေးလေး နဲ့ ကြော်ရတာကို သဘောကျတာပါ။

ပဲကြာဇံတွေ အားလုံးလည်း အကျက်ညီတယ်။ ပဲကြာဇံကြော် ရတာနဲ့ ဇကာ နဲ့ ဆီသေချာစစ်ထားပီး 
ရွှေက ငါးမုန့်ကြော်လို ပုံစံမျိုးပဲ ကြယ်ပုံစံလေးတွေကို တဖက်စီ အကျက်ညီအောင် မီးမြေးမြေး နဲ့ပဲ ဆက်ကြော်လိုက်ပါတယ်။ 

ဝက်သား နှုတ်နှုတ်စင်းထားတာကို ဆားလေး နည်းနည်း နဲ့ ခရုဆီနည်းနည်း နှယ်ပီး အရင်ကြော်လိုက်ပါတယ်။ အသားများ နူးပီဆိုမှ ပဲပင်ပေါက်ကို ထည့်မွှေပေးပီး မီးဖိုမီး ခလုတ်ကို ပိတ်၊ အဖုံးအုပ်ပီး ကျန်နေသေးတဲ့ မီးအပူရှိန် နဲ့ဘဲ ပဲပင်ပေါက်ကို နူးစေလိုက်တာပါ။

ဒီဘက်ကတော့ ကလေးများ အကြိုက် မရိုးနိုင်သော Ham ပါ။ ကျောင်းမှာ ဇွန်း၊ ခရင်း နဲ့ ဖဲ့လို့ လွယ်အောင် လှီး ဖြတ်ပေးလိုက်ပါတယ်။

အိမ်မှာ ရှိတာလေးတွေ ချက်၊ ကလေးများ ကြိုက်တတ်တဲ့ အစားလေးတွေ ထမင်းဗူးထည့်လိုက်တာ။ ဘာ ကာတွန်း ခေါင်းစဉ် ပေးရမလဲး မသိဘူး။ 😀

ဝက်ကလေး သုံးကောင်လည်း မဟုတ်ဘူး။ 
ကောက်ရိုးပေါ်က ကြွက်ကလေးလည်း မဟုတ်ဘူး။

အအေးသောက်တဲ့ ပိုက် နဲ့ cheese ကို ပုံဖော်ထားတာ။ ၀က်ကလေး

ရေညိ နဲ့ ညှပ်ထားလိုက်တာ။ ကြွက်ကလေး။ အနောက်နားက ထမင်းဘောလုံးက ပန်ဒါလေး။

India ဆိုင်ကနေ ကလေးများ ၀ယ်လာတာ။ ၂ ဒေါ်လာနီးပါးပဲ။
 
 

  


ကော်ကြော်လို့ ပြောရမလား။ မသိဘူး။ ပါဝင်ပစည်းမှာ corn starch powder ပါတယ်။ အရသာမှုန့်လည်း ပါတယ်။ စားလိုက်ရင် ငါးမုန့်ကြော်လို အရသာမျိုး ရပါတယ်။ အိမ်က ကလေးတွေကတော့ ကြိုက်ပါတယ်။ 

အရင်ပိုစ့် ….



Advertisements

4 thoughts on “Lunch box #03

  1. Anonymous says:

    ခလေးတွေကအဲ့လိုလုပ်ပေးတော့ပျော်တာပေါ့း)

    ဂျပန်အမေတွေလည်း သိပ်လုပ်တတ်တာပဲ…
    ဒီမှာလည်း သမီးအတွက် ထမင်းဘူး အိတ်ကလေးကို သူ့နာမည်လေးတွေ ထိုးပေးနေတယ်…

    ကြည်ကြည်

    Like

  2. ကလေးတွေတော့ မသိဘူး
    လူကြီးတောင် စားချင်စိတ်ပေါက်တယ်
    အစ်မ တအားလုပ်တတ်တာဘဲ
    စိတ်ရှည်လိုက်တာ ..
    ထမင်းဘူးလေးက စားချင်စရာ ချစ်စရာလေးရယ်။
    ကလေးတွေ သိပ်ကံကောင်းတာဘဲ
    အားကျမိတယ်

    Like

  3. ကြည်ကြည်၊ ထွန်းထွန်း၊ ချော ….

    ======ஜ۩۞۩ஜ=======
    ◄██▓░ Thank you, Kyi Kyi. ░▓██►
    ======ஜ۩۞۩ஜ=======
    ◄██▓░ Thanky you, Tun Tun. ░▓██►
    ======ஜ۩۞۩ஜ=======
    ◄██▓░ Thank you, Ma Chaw ░▓██►
    ======ஜ۩۞۩ஜ=======

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s