Posted in Personal

တတ်နိုင်တာ

သေခြင်းတရားကို လူတိုင်း မလွှဲ မသွေ ကြုံရမယ်ဆိုတာ သိပါတယ်။ လက်ခံပါတယ်။ အမှန် တကယ်ကတော့ သေရမှာကိုကြောက်တယ်။ အခု ရက်ပိုင်း ကိုယ့် မျက်စိရှေ့မှာတင် နေ့မြင် ညပျောက် ကွယ်လွန်သွားကြတဲ့လူတွေ ရှိတော့ သေခြင်းတရားကို အရင်တုန်းကလို မသိကျိုးကျွံ ပြုလို့မရတော့ဘူး။
ဒီရက်ပိုင်းလေးတင် ဓာတ်လှေကားထဲမှာ ဆုံကြတုန်းက နှုတ်ဆက် စကားပြောဆိုခဲ့ကြတာ။ အခုတော့ ဆုံးသွားပီလား။
ကွယ်လွန်သွားကြတဲ့လူ နှစ်ယောက်ကလည်း သဘောကောင်း၊ အရိုးခံ မနောကောင်းလူမျိုးတွေ …. ရှေ့ဆင့် နောက်ဆင့်ကြီး။ 

ကွယ်လွန်သွားကြတဲ့ ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်း မေတာပို့သပါတယ်။

ကျန်ရစ်တဲ့ မိသားစုဝင်များလည်း စိတ်နှလုံး ငြိမ်သက်၊ အေးချမ်းကြပါစေ …..

တမလွန်နဲ့ ပတ်သက်ပီး ရှေးရိုး အယူအဆလေးတွေ ….

 ရပ်ကွက်တွေ လမ်းတွေမှာ ဆိုရင် သေမင်းက ၃ယောက်ပီးမှ ထွက်သွားတတ်တာလေ။ အခုက ကွယ်လွန်သွားတာ ၂ယောက်တောင် ရှိပီဆိုတော့ အိမ်နီးချင်းတွေက လန့်တာပေါ့။ မနေ့က ကိုယ်နေထိုင်နေတဲ့ တိုက်က အိမ်ရာ မှာ ကုသိုလ်ယူတဲ့ ၀ါဆိုသင်္ကန်းကပ်လှူတဲ့ပွဲက ပရိတ်ရေတွေ အိမ်တိုင်း လိုက်ဖြန်းတော့ စိတ်ထဲ တမျိုးပေါ့။
ပရိတ်ပန်း (အောင်သပြေပန်း)တွေလည်း တစ်တိုက်လုံးက တံခါးဝမှာ ချိတ်ထားကြတာပေါ့။ ပရိတ်ပန်း ကို တံခါးမှာ ချိတ်တာ သင်္ကြန် နှစ်ဆန်းတရက်နေ့က ပရိတ်ပန်းတွေပဲ ချိတ်ရိုး ထုံးစံ ရှိတာလေ။ 

ရှေးထုံးကိုလည်း မပယ်ကောင်းဘူးလေ။ မကဲ့ရဲ့ ကောင်းပါဘူး။

သားနဲ့ သမီး ကိုယ်ဝန်လွယ်ထားတုန်းကလေ  ကိစ္စရှိလို့ ညဘက်တွေ အပြင်သွားရင် ခေါင်းမှာ သံဆံညှပ် ပန်ပီးမှ သွားတယ်။ သားနဲ့ သမီး မွေးလာတော့လည်း ညဘက်တွေ အပြင်သွားစရာ ကြုံလာရင် သားတို့အကျီမှာ သံအပ်ချိတ် ချိတ်ပေးပီးမှ အပြင်သွားတယ်။ သား နဲ့ သမီး အကျီတွေ အနှီးတွေကိုလည်း ညဘက်ဆိုရင် အိမ်ထဲမှာပဲ လှမ်းတယ်။ ရှေးထုံးကိုလည်း မပယ်ချင်ဘူးလေ။ မမြင်ရတဲ့ မကောင်းဆိုးဝါး အနှောင့်အယှက်ရန်က ဒီလိုမျိုး ကာကွယ်ရတယ်ဆိုတာ သမီးလေးဘက်က အမျိုးတွေက သတိပေးဖူးလို့ မှတ်သားပီး လိုက်လုပ်ထားတာပါ။
အိမ်ဆိုရင်လည်း အရှေ့လှည့်နဲ့ မြောက်လှည့်အိမ်ပဲ နေရဲတယ်။ ကျန်တဲ့ ဘက်ခြမ်းကို လှည့်ပီး ဆောက်ထားတဲ့ အိမ်တွေဆိုရင်  နေရင်း ထိုင်ရင်း အနှောင့်အယှက်လည်း ရှိသလို၊ လာဘ်လည်း မကောင်းလို့ မနေရဲဘူး။  အခုနေတဲ့ အိမ်က ၀ါရန်တာက မြောက်လှည့် အိပ်တဲ့ အိပ်ခန်းတွေက အရှေ့လှည့်။ ဘီးလူးစီးတဲ့ အိပ်မက်ဆိုးတွေလည်း  ဒီအိမ်မှာ စ နေကတည်းက ဒီနေ့ထက်ထိတိုင် တညမှ မမက်ခဲ့ဖူးဘူး။ အိမ်သန့်တယ် ပြောရမှာပေါ့။ အရင်အိမ်တုန်းက … သူခိုးက အိမ်ထဲထိေ၇ာက်နေတာကို အိပ်နေရင်းနဲ့ မြင်လိုက်လို့ သူခိုးလို့ အော်ချင်တာကို အသံမထွက်ဘဲ လည်ပင်းအစ်သလို အသံမျိုး ထွက်ပီး လန့်နို့းရတဲ့ အိပ်မက် မက်ရင်း ဘီးလူးစီးသလိုမျိုး ဖြစ်ဖူးလို့ လေ။ 
ကိုယ့်ရဲ့ အယူအဆလေးတွေပါ။
စိုးရိမ် ပူပန်မှုတွေက အချိန်တိုင်းပါပဲ။ 
ဒါတွေကို ဖြေနိုင်တာကတော့ …

တတ်နိုင်တာပဲ  လုပ်မယ်။
လက်ရှိအချိန်မှာကို အကောင်းဆုံး ဖြစ်အောင် လုပ်မယ်။
2012 အတွက် .. 2022 အတွက် .. အနာဂတ်အတွက် မပူပန်ချင်တော့ဘူး။ 
လက်ရှိ အချိန်တွေမှာ တတ်နိုင်တာလောက်ကလေးကိုပဲ အကောင်းဆုံးတွေ လုပ်သွားရင်းနဲ့ နေသွားချင်တယ်  …

Date : July 19, 2009
အရင်ပိုစ့် …. 
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s