Posted in U.S.A - My Children, U.S.A - Shopping

၁ ဒေါ်လာ စတိုး

ကော်ဇောဆေး တဲ့ အမှုန့်ဗူး။ တစ်ဗူးကို  $1.85
 

အခန်းဖျန်းတဲ့ အမွှေးဗူးတွေ တစ်ဗူးကို ၁ ဒေါ်လာ။ 
 

Automatic spray ဖြန်းတဲ့ စက်က ဒီမှာ 5.25 $ ဆိုတော့ ဒယ်ဒီကို ပြ။ မာမီ ရန်ကုန်မှာ ၀ယ်တာ ၂သောင်းနီးပါးပဲ။ ကိုရီးယားက လာတဲ့ စက်။ အဲဒီ စက်က ဘက်ထရီ ၂ လုံး ပဲ ထည့်ရတာ။ အဲယားကွန်း ဘေးနားမှာ တပ် ထားလိုက်ရင် ၁ မိနစ် တခါဖြန်း (သို့) ၅ မိနစ် (သို့) နာရီဝက် timer ပေးထားရင် သူ့ဘာသာ သူ auto ဖြန်းပေးတယ်။  အမြင့်မှာ တပ်ထားတာ။ သူ့နားတ၀ိုက်မှာလည်း ထမင်းစားပွဲတို့ စားသောက်စရာ မထားရင် ပြသနာ မရှိတော့ အရမ်း သဘောကျတာ။ ဒီမှာ ၅ ကျပ် တမတ် ဆိုတော့ ရန်ကုန်ဈေးနဲ့ ဆိုရင် ၅ထောင်ပဲ ထား။ တော်တော်တန်တယ်။ 



ရန်ကုန်က မော်တင် (Junction Maw Tin Center) ရုပ်ရှင်ရုံမှာလည်း အဲဒါ တပ်ထားတယ်။ အဲဒါကြောင့် မော်တင်မှာ ရုပ်ရှင်ကြည့်ရင် ဘေး တန်းနားက ခုံပဲ တမင်ရွှေးထိုင်တယ်။ အဲယားကွန်း အခန်းထဲမှာ ရုပ်ရှင်ကို မွှေးမွှေးလေး ကြည့်လို့ ရအောင်လို့။ 😛

တခြား ရုပ်ရှင်ရုံတွေမှာတော့ မတွေ့ပါဘူး။

spray ဗူး က အမျိုး မျိုး ရှိတယ်။ ရန်ကုန်မှာတော့ မှတ်မိသလောက် ၃ထောင် နဲ့ ၅ထောင်ကြားပဲ။

အမေရိကားကို ရောက်ရောက်ချင်း အိမ်မှာ ကောဇောခင်းထားတော့ ကလေးတွေ နဲ့မို့ ကော်ဇောဖျန်းတဲ့ ဆေးဗူးဝယ်မယ်ဆိုပီး Home depot သွားကြည့်သေးတယ်။ wall mart တို့ stop and shop တို့မှာလည်း ကော်ဇောဖျန်းတဲ့ ဗူးတွေက အနည်းဆုံး ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာ နီးပါးပဲ။ ဒီမှာတော့ $2.65။ 

ရန်ကုန်အိမ်မှာတုန်းကလည်း ဒီ doggy ပုံလေးပဲ သုံးတယ်။ သူ့က ခွေးတွေ ကြောင်တွေ သေးပေါက်တဲ့ အရည်ပဲ ဖြစ်ဖြစ်၊ ကော်ဇောပေါ်ကို အရည်ကျသွားရင် သန့်ရှင်းပေးတာမို့ သူ့က မွှေးလည်း ပိုမွှေးတယ်။ 
ပြင်းလည်း ပြင်းတယ်။ ဘာ chemical သုံးထားလည်း မသိပေမယ့်။ ဖျန်းလိုက်ရင် အရည်ကို စုပ်သွားပီး ကော်ဇော စိုနေတာ မိနစ်ပိုင်းလေးတင် ခြောက်သွားတာမို့ ကော်ဇောလည်း သန့်သွားတယ်။ အခြောက်လည်း မြန်လို့ သဘောကျတာ။ ရန်ကုန်မှာ ၀ယ်တာတော့ ၂၈၀၀ နဲ့ ၃၀၀၀ ကြားပဲ။ တဗူးဝယ်ထားရင် ၂ လ နီးပါးလောက်တော့ သုံးနေရတာပဲ။

ဘေးက oven ဆေးတဲ့ ဗူးကို home depot မှာ ၀ယ်တုန်းက ဒီတံဆိပ်၊ ဒီ အမျိုးအစားပဲ။ တူတူပဲ ၅ ကျပ်။ ဒီမှာ $ 1.65 Family dollar ဆိုတဲ့ စာသား အပိုလေးတော့ ဗူးပေါ်မှာ တွေ့တယ်။ oven တွေ ဆေးရတာ လူ အရမ်းသက်သာလို့လေ။ ဒီနေ့တော့ oxi ဗူး ၀ယ်လာတယ်။ Family dollar ဆိုင်ကိုတော့ သဘောကျသွားပီ။ ဈေးတွေက ဝေါလ်မတ်တို့ ထက် သက်သာတယ်။ စားသောက်ကုန် တွေက တော့ သိပ်မကွာဘူး။ တချို့ ပစည်းဆို ဈေးတူတူပဲ ပေမယ့် အိမ်သုံး ပစည်းတွေကျ ဈေးက တော်တော်လေးကို ကွာတယ်။ 
 

ရန်ကုန်အိမ်က ကြက်မွှေးတံမြက်စည်းလေးတွေ။ ဒီမှာ ဖုန်သိပ်မရှိလို့ မ၀ယ်တော့ပါဘူး။ ထားရတာ နေရာ ရှုပ်မှာစိုးလို့။

ဒီလိုမျိုး အသားကို ကြိုက်တယ်။ မှတ်ထားမယ်။ သိပ်အေးလို့ စောင်တွေ အိပ်ရာခင်းတွေ လိုရင် ဒီမှာ ဒီ ဒီဇိုင်းကို လာဝယ်မယ်။ အမေရိကား ရောက်ရောက်ခြင်း wall mart ကနေ ကလေးတွေ အကြိုက် အိပ်ရာခင်း သွားဝယ်တာ ၄၀ နီးပါးပဲ။ ဒီလောက် အသား မကောင်းဘူး။ ဒီလို ဖဲသားမျိုးဆို အေးတဲ့ အချိန် အိအိလေးမို့ သဘောကျတယ်။ ကတီပါ သားကို ပိုကြိုက်တယ်။ အဲယားကွန်းလို အေး နေတဲ့ အချိန် ကတီပါ စောင် အမွှေးရှည်မျိုး နဲ့ဆို ပိုကောင်းတယ်။ ဒီဆိုင်မှာတော့ အဲလို တရုတ်က လာတဲ့ စောင်မတွေ့သေးဘူး။ ရန်ကုန်မှာ ရှိတယ်။

ဒီ အိပ်ရာခင်း စောင် ကြိုက်တယ်။

 

စတိတ်က Family dollar ဆိုင်ပါ။ မကြာ မကြာ အိမ်အတွက် အသုံးဆောင် ပစည်းလိုရင် လာဝယ်မယ့် နေရာလေး။
 စက် နဲ့ ပတ်သက်တာတော့ ဈေးပေါရင် သိပ်မ၀ယ်ရဲဘူး။ ဈေးပေါတာ ၀ယ်ရင် ခဏလေးနဲ့ ပျက်တတ်လို့ ပိုက်ဆံ ၂ ခါကုန်တာပဲ စိတ်ရှုပ်ရလို့။
အမေရိကားမှာ ၁ဒေါ်လာ ဆိုင် နေရာတကာမှာ ရှိပါတယ်။ ဆိုင်ခွဲတွေ အများကြီးပါ။ စတိတ်မှာတောင် ၄ ဆိုင် ၅ ဆိုင်လောက်ကို ရှိပါတယ်။ 
Family dollar ဆိုင်ဆိုရင် ဈေးသက်သာ တဲ့ တစ်ဒေါ်လာဆိုင်။ 
Family size ဆို မိသားစု အားလုံး စားနိုင်တဲ့ ဆိုဒ်၊  
Marshall မှာ သမီးအတွက် အကျီတွေ သွားဝယ်တာ။

Marshall ရောက်တာနဲ့ သူ့ရဲ့ little pet shop အရုပ်တန်းပဲ ရောက်ပီး အတင်းကို ပူဆာနေတော့တာပဲ။

tax အပါဆို ဒေါ်လာ ၅၀၀ တန် ပိုက်ဆံအိတ်

tax အပါဆို ဒေါ်လာ ၃၀၀ တန် ပိုက်ဆံအိတ်

ဒီပြောင်ပြောင်လေးက ၁၂၀

marshall မှာ ဈေးဝယ်ပီး တော်တော် တန်းစီရတယ်။ ကိုယ့်အရှေ့မှာ လူ ၈ ယောက်လောက် ရှိတယ်။ အနောက်မှာ လူ ၅ယောက်။

ချိုလိမ် သကြားလုံး။ သူ့ကို ချိုလိမ်လိုမျိုး စားလိုက်ရင် ပါးစပ်မှာ ပါးစပ်ပုံကြီး ပေါ်နေတာ။ သား သား အကြိုက်
ခေါင်းစည်းကြိုး သုံးမျိုး သုံးရောင်ကို ၁ဒေါ်လာ

အောက်ခံ ပန်းကန်လေးလည်း ပါတယ်။ အမဲ ပေါ် အဖြူ spot လေးမို့ သဘောကျတယ်။ 
black and white အိမ်ဒီဇိုင်း ဆင်နေတဲ့ သူငယ်ချင်း မြင်ရင် သဘောကျမှာ။  သူ့ အိမ်မှာ အကုန်လုံး အဖြူ နဲ့ အမဲတွေကြီးပဲ။ သူ့ရဲ့ Smart Home က အရမ်းလည်း လှတယ်။ အရမ်းလည်း သားနားတယ်။

မယ်ကိုး  ကတ်ကြေးဖြင့် ဆုံးဖြတ်သော  လိုမျိုး အိမ်က ၃ယောက်ကို ကတ်ကြေး နဲ့ ဆုံး (လှ တ ပ တ ဆံပင်များ ဆုံးရှုံးသွားတာ) ဖြတ် (မညှပ်ချင်တာကို အတင်းကို ဖြတ်နေတာ) ချင်လို့ ၀ယ်လာတယ်။ 
(Daddy ရယ် သိပ်မကြောက်ပါနဲ့ Mommy .. YouTube learning vedio ကြည့်ပီးမှ ဒီဇိုင်း ပုံဖော်ပေးမှာပါ) 😛

ဒီမှာလည်း နွေရာသီဆိုရင် ခြင်ရှိလို့ ကလေးတွေ အတွက် toxic မဖြစ်တဲ့ ခြင်ဆေးဗူး ၀ယ်လာတာ။ အနံက mint ပါတော့ ရန်ကုန်က ဒဏ်ကျေလိမ်းဆေး အနံတွေကို သတိရသွားတယ်။
ရန်ကုန်အိမ်။ ရန်ကုန် ထုံးစံ အင်ဗာတာတို့၊ မီးအားမြင့်စက်၊ ရန်ကုန်မှာ ၀ယ်တတ်တဲ့ ခြင်ဆေးဗူးများ အပေါ်က ဗူးတွေက သစ်သားပေါ်လစ်ကို ပိုတောက်ပြောင်အောင် ဖျန်းတဲ့ spray ဗူး၊ oven ဆေးတဲ့ ဗူး၊ ရန်ကုန်မှာ ဂတ်မီးဖိုကိုလည်း အဲဒါနဲ့ပဲ ဆေးတယ်။ လူ အရမ်းသက်သာလို့။ ကော်ဇောဖျန်းတဲ့ doggy ပုံ spray ဗူး။ အောက်က အိမ်လေးက hamster အိမ်လေး။ အဲဒီကောင်လေးတွေ အရမ်းချစ်ဖို့ကောင်းတယ်။ 



အရင်ပိုစ့် ….




Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “၁ ဒေါ်လာ စတိုး

  1. မရောက်ဖူး မမြင်ဖူးတာတွေ ရောက်ဖူးမြင်ဖူးသွားပြီး…
    ကျေးဇူး အန်တီသက်… 🙂

    Like

  2. အိမ်လာလည်တာ ကျေးဇူးနော် … ZMO …..:)

    အမေရိကားမှာ ၁ ဒေါ်လာ နီးပါး ဆိုပီး ဈေးသက်သာ တဲ့ ဆိုင်နာမည်တွေကို Family Dollar လို့ ခေါ်တာပေါ့နော်။

    ရန်ကုန်မှာလည်း Family Mart ရှိတယ် သိလား။
    ဈေးကတော့ City Mart နီးပါး ပါပဲ။

    •*´¨`*•.¸¸.•*´¨`*•.¸¸.•*´¨`*•.¸¸.•*´¨`*•.¸¸.•
    ::: (\_(\ ……*…*…*…*…*…*…*…*…*…*…*
    : (=' :') ::::::::Have a nice day !!! :::::::::::
    •.. (,('')('')¤……*…*…*…*…*…*…*…*…*…*
    ⋯⋯¸.•*´¨`*•.¸¸.•*´¨`*•.¸¸.•*………

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s