Posted in U.S.A - My Children, U.S.A - School

US – School bus

သမီး Angel  …. အိမ်ရဲ့ လမ်းထိပ်နားမှာ ကျောင်းကားကို စောင့်နေတာ။ မနက် ၇း၃၀

ကျောင်းအသွားကို မာမီက လမ်းထိပ် နေ့တိုင်း လိုက်ပို့ပေးပီး ကျောင်းအဆင်းကိုတော့ ဒယ်ဒီ ဖြစ်ဖြစ်၊ မာမီ ဖြစ်ဖြစ် လမ်းထိပ်မှာ သမီးကျောင်းအပြန်လာကို သွားကြိုပေးတယ်။
လမ်းထိပ်နဲ့ အိမ်က သိပ်အဝေးကြီး မဟုတ်ဘူး။ လှမ်းမြင်ရတယ်။ အော်လိုက်ရင် အသံကြားတယ်။ မနက်ဖက်ဆို အေးသေးတယ်။ မိုးက အခု ရက်ပိုင်း သိပ်တော့ မရွာတော့ဘူး။ အနွေးထည်ကတော့ ကျောင်းရောက်ရင် locker ထဲ ထည့်သိမ်းလိုက်ရုံပါပဲ။

School bus လာပီ။

တူတူစီးတဲ့ အိမ်ရာထဲက အိမ်နီးချင်း friends တွေက asian လေး က ၂ယောက် နဲ့ ယူဂိုဆလားဗီးယားကလေးမလေးက ၂ယောက်။

ကျောင်းကားပေါ်တက်ဖို့ ready

ယူဂိုဆလားဗီးယား အမျိုးသမီးလေ။ သဘောကောင်းတယ်။ ဒီမှာ တွေ့ရတဲ့ အသက်ကြီးပိုင်းတွေက တွေ့လိုက်တိုင်း ပြုံးပြ နှုတ်ဆက်တတ်တယ်။ သိ သိ မသိ သိ။ သူတို့ရဲ့ culture လား မသိပါဘူး။
ကျောင်းနဲ့ အိမ်နဲ့က တော်တော်နီးတော့ school bus ပေါ်မှာ အချိန် သိပ်မကုန်ဘူး။ school bus တွေကလည်း များတော့ ဟိုဘက်လမ်း နဲ့ ဒီဘက်လမ်းလေးကိုပဲ တစီး ဆိုတော့ ကျောင်းတက်ချိန်ထက် နာရီဝက်စော နဲ့ ကျောင်းဆင်းပီး နာရီဝက်လောက်ဆို အိမ်ကို ပြန်ရောက်ပီ။
Good Luck သမီး။ Fighting Angel,
တာတာ … မမ Angel …

မနေ့က best buy မှာ canon camera သွားဝယ်ရင်း သမီးအတွက် GPS ကြည့်သေးတယ်။ ဈေးက ၁၀၀ … mommy hp မှာလည်း GPS ပါတယ်။ GPS က privacy နဲ့ ဆိုတော့ tracking pin code နဲ့ပဲ အင်တာနက်ကနေ ၀င်ကြည့်လို့ ရတယ်။  ကိုယ့်ကိုယ်တိုင် နဲ့ ကိုယ့်ရဲ့ Pin code သိတဲ့လူပေါ့။ သမီးအတွက် GPS ကို လာမယ့် grade 4 ကျမှပဲ ၀ယ်ပေးတော့မယ်။
black friday မှီလို မှီဌား အဲလောက်ဆို ၅၀ လောက် ချမလား မသိဘူး။ ဒီမှာက ကလေးတွေကို ဘယ်နေရာ ရောက်နေတယ်ဆိုတာ မိဘတွေက မျက်ခြေမပြတ် သိဖို့ GPS tracking ရှိမှပဲ အဆင်ပြေမှာပါ။ လိုတော့ မလိုသေးပါဘူး။ သမီးကို မျက်စိအောက်မှာပဲ ထားတယ်။ သူလည်း ဘယ်မှ မသွားတတ်သေးပါဘူး။
school ကို အိမ်နဲ့ အနီးဆုံး နေရာတွေမှာ တက်ရတာမို့ အဆင်ပြေတယ်။ တခု ခု ဆို weather ကြောင့်ပဲဖြစ်ဖြစ် တခြား အကြောင်း တစုံတရာ ဆို မိဘက ကလေးကို အပြေး သွားကြိုလို့ ရမယ့် အနီးဆုံးနေရာပေါ့။ ရန်ကုန်မှာတုန်းက သမီးကျောင်းတက်တုန်း shopping mall တွေ ဗုံးပေါက်လို့ ကျောင်းသွားပြန်ကြိုတာကိုလည်း ကြုံဖူးသလို အရေးအခင်းကြောင့် သားသားကိုယ်ဝန်ကြီးနဲ့ပေမယ့်လို့ ကျောင်းကို ပြေးပီးတော့လည်း သွားကြိုဖူးသေးတယ်။
သမီးကျောင်းတက်နေတုန်း သူ့ ကျောင်းဝပ်ဆိုဒ်ကို ဖွင့်ထားတယ်။ အဲဒီမှာ Emergency information ဆိုပီး သတင်းရှိရင် တင်ပေးထားတယ်။ channel 3, 8, 30 မှာတော့ သတိပေးသတင်းရှိရင် တင်ပေးတတ်တယ်။ လောလောဆယ် အေးချမ်းပါတယ်။ အရေးရယ် အကြောင်းရယ် ဖြစ်လာရင် ဖြေရှင်းတတ်ဖို့ ကြိုတင်ပြင်ဆင်ထားတာပါ။

school bus ကို အိမ်ကနေ လှမ်းမြင်နေရတဲ့ အကွာအဝေး။ ဒီနေ့တော့ သမီးကျောင်းအပြန်ကို ဒယ်ဒီ အလုပ်က ပြန်လာတာ စောတဲ့နေ့ဆို သားသား နဲ့ အတူ သွားကြိုပေးတယ်။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “US – School bus

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s