Posted in Chicken

ကြက်သားဒိန်ချဉ်နှပ်

 ကြက်သားဈေး – $8.15 ကို လျှော့ဈေး $4.32 နဲ့ ရပါတယ်။

 ကြက်ပေါင် ၄တုံး

 ကြက်အသားထဲ ဟင်းအနှစ် အရသာဝင်ဖို့ ကြက်အကျီကို ဓါးနဲ့ မွှန်းလိုက်ပါတယ်။ အသားထဲရောက်တဲ့အထိပေါ့။ 

 ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆနွင်းမှုန့်၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ငရုတ်သီးတောင့်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဖလာစေ့

ဒိန်ချဉ်၊ လိမော်ရည်
 ဓါးနဲ့ မွှန်းထားတဲ့ ကြက်ပေါင်တွေကို ဆား၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်နဲ့ နှယ်ပေးထားပီး နှပ်ထားလိုက်ပါတယ်။
ဆီပူအိုးထဲမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နဲ့ အရင်ဆီသတ်ပီး ငရုတ်သီးတောင့်၅တောင့်လောက်ကိုပါ အတူထည့်ကြော်ပီး ဆီသတ်ပါတယ်။ 
ပီးတာနဲ့ ခရမ်းချဉ်သီးထည့်မွှေပေးပီး … သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဖာလာစေ့ထည့်တယ်။ နှပ်ထားသော ကြက်သားတုံးများထည့်တယ်။ 
ဒိန်ချဉ် တခွက်၊ လိမော်ရည်ခွက်တ၀က်ထည့်မွှေပေးပါတယ်။ မွှေတာ နံစပ်ပီဆိုတာနဲ့ မီးအရှိန်လျှော့ပီး ရေကို အသားတုံးမြုပ်ရုံလောက်ပဲ ထည့်ပီး မီးမြေးမြေးနဲ့ ချက်ထားလိုက်ပါတယ်။

 ဟင်းခတ် အမွှေးအကြိုင်များ
ဆား
 ဒိန်ချဉ်နဲ့ချက်ထားသော ကြက်သားဟင်း
  
 ဒိန်ချဉ်နဲ့ အတူ ဟင်းခတ်အမွှေးအကြိုင်များနဲ့ နယ်ပီး တညလောက် ရေခဲသေတာထဲ ထည့်နှပ်ထားလည်း စားကောင်းပါတယ်။ ဒီမှာတော့ အချိန်မရလိုက်လို့ ဒီတခါတော့ ဒိန်ချဉ်နဲ့ တညမနှပ်ပဲ ချက်စားဖြစ်တဲ့ ကြက်သားဒိန်ချဉ်နှပ်ဟင်းပါ။

 ဟင်းခတ်အမွှေးအကြိုင်များ၊ ငရုတ်သီးတောင့်ကြော်ကိုပါ ဆီသတ်ပီး ကြက်သွန်အနှစ်များနဲ့ အတူ ဒိန်ချဉ်ရဲ့ အရသာ၊ လိမော်ရည်ရဲ့ အရသာ ကြက်သားထဲ စိမ့်ဝင်နေတာမို့ ခံတွင်းလိုက်တယ်။ 

 
သရက်သီးစိမ်းသနပ်

 ချို၊ ချဉ်၊ စပ် အရသာ
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s