သွားနှုတ်

 
သမီး Angel ကို ၇ နှစ်ကျော်ကတည်းက သွားဖုံးနားမှာ သွားအသစ် စထွက်လာပီဆို .. ရွှေမှာကတည်းက သွားဆရာဝန်ဆီမှာ သွားပြပီး ငယ်သွားကို ထုံဆေးထိုးပီး နှုတ်ပစ်ပါတယ်။ သွားတွေ ခေါထွက်တာတို့ လူကြီးသွား မညီမညာ ထွက်လာမှာ စိုးလို့ လူကြီးသွားအသစ် ထွက်ပီဆိုတာနဲ့ ငယ်သွားကို နှုတ်ပစ်လိုက်တော့တာပါပဲ။ အခု အမေရိကားကိုရောက်တာ ၂လခွဲကျော်ပေါ့။ လူကြီးသွားက ထွက်လာတယ်။ ကလေးသွားက နှဲ့နေတာနဲ့ အမေရိကားက ကလေး သွားဆေးခန်းမှာ ဖုန်းဆက်ပီး ဘွတ်ကင်ယူတယ်။ ၃နာရီအကွာမှာ ဆေးခန်းကိုသွားပြတယ်။ 

ကလေးသွား ဆေးခန်း

 သွားကို တော်တော်နှဲ့တာ တချောင်းနဲ့ နည်းနည်းနှဲ့တာ တချောင်း နှုတ်ပလိုက်ရတယ်။ လူကြီးသွား ထွက်လာရင် ကလေးသွားကို နှုတ်ပစ်တာ အကောင်းဆုံးပါပဲ။ (ရွှေက သွားဆရာဝန်တယောက်ပြောကြားချက်ပါ)။ နို့မို့ရင် လူကြီးသွားက ထွက်စရာ နေရာမရှိတော့ သဖုံးပေါ်တို့ သွားတက်တို့ ဖြစ်သွားတတ်ပါတယ်။ အဓိက က သမီးရဲ့ လူကြီးသွားတွေ မညီမညာ ထွက်လာမှာ စိုးတာမို့ ရွှေမှာကတည်းက လူကြီးသွားထွက်လာပီဆိုတာနဲ့ သွားဆရာဝန်ဆီမှာ ကလေးသွားတွေကို နှုတ်ပစ်နေကျ။ ကိုယ့်ဘာသာကိုယ် အပ်ချည်ကြိုးတွေ ဘာတွေနဲ့ မနှုတ်ရဲပါဘူး။ အနှုတ်မတော်ရင် သွားဖုံးပေါက်ကျယ်သွားပီး လူကြီးသွားထွက်လာတဲ့အခါကျရင် ယိုင်နေ မှာ စောင်းသွားမှာ စိုးတာမို့ သွားဆရာဝန်ဆီမှာပဲ သမီးရဲ့ ကလေး သွားတွေကို သေချာ သွားနှုတ်ပါတယ်။ ရွှေမှာတုန်းက ကလေးသွားနှုတ်တာ ၂သောင်းပါ။ ထုံဆေးအပါအ၀င် (မနာမကျင်ပဲ နှုတ်ပေးပါတယ်)။ ရွှေမှာ တချို့ သွားနှုတ်ခက ၅၀၀၀ကျပ်ပါ။ အမေရိကားမှာတော့ ကလေးသွားနှုတ်ခ အလကားပါ။ 

 သမီးရဲ့ ကလေး သွားလေးတွေ။ tooth fairy ဆီမှာ မုန့်ဖိုးတောင်းဖို့ ဆေးခန်းက ပြန်ထည့်ပေး လိုက်တာ။:)
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s