Posted in U.S.A - My Children

Foxwoods



MGM Grand ဘက်ကနေ Foxwoods ဘက်ခြမ်းကို အခုလိုမျိုး esclator နဲ့ ကူးသွားရပါတယ်။


Foxwoods ဘက်ခြမ်းမှာ အင်းဒီယန်း ရုပ်ထုတွေ နဲ့ အလှဆင်ထားတာ နေရာတကာပါပဲ။ 



အင်းဒီယန်းရုပ်ထုနဲ့ အမှတ်တရ



စားသောက်ဆိုင်တန်းပုံစံတွေ ဈေးရောင်းတဲ့ ဆိုင်ခန်းပုံစံတွေက ဘယ်ရာစုလဲး ? အင်းဒီယန်းက ၁၄ ရာစုလား မသိပါဘူး။ အဲဒီ ရာစုခေတ်က ဒီဇိုင်းတွေပါ။ ကိုယ့် tour guide သို့မဟုတ် tour company မှာ အလုပ် လုပ်မှပဲ သေချာလေ့လာလိုက်ပါအုံးမည်။ 😛



ဒီရေတံခွန်ကတော့ Foxwoods မှာရှိတဲ့ ဟိုတယ်ရှေ့က ရေတံခွန်ပါ။ casino တွေရဲ့ ထုံးစံအတိုင်း casino တိုင်းမှာ ဟိုတယ်ရှိပါတယ်။

ဒီ အင်ဒီယန်းက လကို လေးပစ်နေတာလား။ ဘာအလုံးကို လေးပစ်နေတာလဲး မသိပါဘူး။ သူ့ရုပ်ထုက ဒီခေတ် တိုးတက်မှုနဲ့ ဖန်တီးထားတဲ့ ကာလာပြောင်းမှုရယ်။ ပရိုဂျက်တာ စွမ်းပကားရယ်ကိုပဲ စိတ်ဝင်စားပါတယ်။



ကာလာကတော့ အမျိုးစုံကို ပြောင်းနေတာပါ။



သမီးတော့ သူ့သမိုင်းစာအုပ်မှာ အင်းဒီယန်းအကြောင်းတွေ သင်ရမလားမသိပါဘူး။ ILBC က ကျန်စစ်သား၊ ဘုရင့်နောင်ကနေ အခု အင်ဒီးယန်း။ ကျန်စစ်သားက ရုပ်ရှင်ကြည့်ရလို့ တော်ပါသေးတယ်။ အဲလို သမိုင်းကြောင်းတွေကို ဒီဘက်ခေတ် ကလေးတွေ လွယ်လွယ်ကူကူ ဦးနှောက်ထဲ ရောက်နိုင်ဖို့ ဒီဘက်ခေတ် အနုပညာဖန်တီးမှုတွေနဲ့ ရုပ်ရှင်အဖြစ်ထုတ်လုပ် ဖန်တီးပေးတာ ကျေးဇူးပါ။ စာတွေ့ပဲဆို ဒီလို ပါဝါရိမ်ဂျာ နဲ့ အတူ ရင်းနှီးကြီးပြင်းလာတဲ့ ဒီဘက်ခေတ်က ကလေးတွေ ကျန်စစ်သားပန်းချီကို ပြပီး စာသင်ရရင် သိပ်ပီး စာ မတွေ့။ အာမတွေ့ပါဘူး။ ရုပ်ရှင်တွေက animation effect လေးနဲ့မှ။ ဟေး ….. ဒါ ငါတို့ သူရဲကောင်းပဲ ဆိုပီး သဘောကျ လေးစား အထင်ကြီးတာပါ။



သားအဖ သုံးယောက်



သမီးရေ … ဓာတ်ပုံရိုက်တိုင်း ဒီအတိုင်း မတ်တပ်ရပ်နေတဲ့ ပုံတွေကြီးပဲ။ အမှတ်တရလေး ပိုစ်လေးပေးပါအုံးဆိုလိုက်တာ ဒီပိုစ်လေးပေးပါတယ်။ 🙂

အမေရိကားမှာ နာမည်ကြီးတဲ့ Hard Rock cafe ပါ။



ဆိုင်ရှေ့က ဂစ်တာလေးနဲ့ အမှတ်တရ။ ကလေး၂ယောက်နဲ့ စားသောက်လို့ ရတဲ့ စားသောက်ဆိုင်တွေပဲ စားသောက်ဖြစ်ပါတယ်။



ရန်ကုန်က ကားရပ်နားအထပ်တွေလိုမျိုးပဲ ကားရပ်နားဖို့ ၄ ထပ်လောက်ရှိပါတယ်။ ကားရပ်နားတဲ့ အထပ်က ဓာတ်လှေကားကို စီးရင် ဓာတ်လှေကားနားမှာ ကိုယ့်ရောက်နေတဲ့ level 2 ဆို level 2 အဲဒီစာရွက်လေးကို ယူပီး သိမ်းသွားမှ ပြန်တဲ့အချိန်ကျရင် ကိုယ့်ကားထားတဲ့ level ကို ခလုတ်နှိပ် လိုက်ရုံပါပဲ။ စိတ်ထဲမှတ်မိရင်တော့ စာရွက်ယူစရာမလိုပါဘူး။ ကားတွေကတော့ များတယ်။ ဒါပေမယ့် remote control တပ်ထားရင် ကားဟွန်းတီးလိုက်ရုံပါပဲ။ ဒါဆို ဟွန်းမီနေတဲ့ ကိုယ့်ကားကို ကိုယ် အလွယ်တကူ ရှာလို့ ရမှာပါ။ အထပ်တွေမှာ ကားတွေ ပြည့်နေရင်လည်း Level 2 Full ဆိုပီး light box နဲ့ ပြပါသေးတယ်။ casino staff တွေရဲ့ ကားတွေပဲ သီးသန့် အဆောက်အအုံ ထပ်ရှိပီး သူတို့ကို ဘက်စကားနဲ့ အကြိုအပို့ လုပ်ပေးပါတယ်။ ဒီမှာ တရုတ်ပြည်မက လာတဲ့လူတွေ ဗီယက်နမ်၊ Indian ၊ အဖြူ၊ အမဲ၊ မက်ဆီကန်တွေ အလုပ်လုပ်တာ တွေ့ပါတယ်။ 

ဒီဘက်က စတိတ်မှာ University တွေ သီးသန့်ဆိုတော့ university ကျောင်းသားတွေ များတယ်။ ဘော့စတွန်ဘက်၊ MA ဘက်နဲ့ ကိုယ့်တို့ အခု နေတဲ့ စတိတ်ဘက်က လူငယ်တွေ အလာများတယ်။



Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s