Posted in U.S.A - My Children

MGM – Grand

 casino သွားတဲ့နေ့က မိုးရွာနေပါတယ်။ သမီးလေးကတော့ ဘယ်သွားသွား favourite အရုပ်တခု ယူလာပီး ကားပေါ်မှာ ဆော့တတ်ပါတယ်။
 ဒီ အရုပ် ဆံပင် နဲ့ ကိုယ်လုံးပေါ်က တက်တူးတွေက အခန်းအပူချိန် နဲ့ဆို ကာလာပြောင်းပါတယ်။ ရေခဲတုံး သို့မဟုတ် ရေခဲရေ နဲ့ ပြန်ထိမှ highlight color နဲ့ တက် တူးတွေ ပြန်ပေါ်လာပါတယ်။ သမီးလေး အကြိုက်ဆုံး barbie mermaid အရုပ်။
 dolphin က ကိုကာကိုလာဗူးပေါ်မှာ ဆပ်ကပ်ပြနေတာပါ။
 ရောက်ပါပီ။ MGM – Grand – Casino ကို။ ဒါ State မှာ ရှိတဲ့ Casino ပါ။ ဒီ Casino ကို MA က လူတွေကော အနီးအနား State က လူတွေပါ လာရောက်လည်ပတ်ကြပါတယ်။ MGM Grand Fox woods ထက် Mohegan ကို ပိုကြိုက်ပါတယ်။ Mohegan ကိုတော့ ခဏ ခဏကိုရောက်ဖြစ်မှာပါ။ Fox Woods က လူငယ်တွေအကြိုက်ပါ။ လူငယ်တွေများတယ်။ အားလုံးက ပျော်နေကြတာလေ။ သားသားဆို လူကြီးကော၊ လူငယ်ကော စကြတယ်။ ချစ်ကြတယ်။ သူ့က Tigger ဦးထုပ် ဆောင်းထားတော့ Oh. I’m afriad of your tiger hat ဆိုပီး ရင်ဘတ်ကို လက်နဲ့ ဖိတဲ့ အမူအယာတွေနဲ့ စနေကြတာ။ လူငယ်အုပ်စုဆို လက်ခုပ်တွေ စည်းချက် ညီညီ တီးပီး ပျော်နေကြတာ။ ယဉ်ကျေးကြပါတယ်။ စည်းကမ်းလည်း ရှိကြပါတယ်။
MGM Grand Casino ဘက်ခြမ်းက new ပုံစံပေါက်ပါတယ်။ Fox woods ဘက်ခြမ်း casino ကျတော့ အင်းဒီယန်းခေတ်ကို ရောက်သွားသလိုမျိုးပါပဲ။ နေရာတကာမှာ အင်းဒီယန်း ရုပ်ထုတွေနဲ့ ဒီဇိုင်းဆင်ထားကြတာပါ။
အဲဒီထက်ပိုပီးတော့ အဆင့်မြင့်နေတဲ့ Mohegan ကို ပိုကြိုက်ပါတယ်။

 MGM-Grand ရုပ်ရှင်ကားတွေမှာ ပါတတ်တဲ့ ခေတ်အဆက်ဆက်က မော်တော်ကားတွေကိုလည်း အခုလိုမျိုး ပြသ ထားပါတယ်။
 casino မှာ ရုပ်ရှင်ကြည့်မယ်ဆိုရင်လည်း MGM က ထုတ်တဲ့ ရုပ်ရှင်ကားတွေကို ကြည့်လို့ ရပါတယ်။


  MGM logo lion ကြီးလေ။ ပါးစပ် ဖွင့်ပီး ဝေါင်းဆိုပီး အော်လို့ သားသား အူးယားနေတာပါ။
 casino သွားတုန်းက မိုးအေးလို့ သားအမိ ၂ယောက် ဂျက်ကက် ကိုယ်စီနဲ့လေ။ သားအမိ နှစ်ယောက် ပုံစံက tourist နဲ့ တူနေပါတယ်။ မြန်မာမှာ နေတုန်းကလည်း ရောက်တဲ့နေရာ၊ အမှတ်တရ ဓာတ်ပုံရိုက်တတ်တော့ ကိုယ့်တို့ပုံစံက နိုင်ငံခြားမှာ နေတဲ့ ရွှေတွေ မြန်မာပြည်ကို အလည်ပြန်လာတဲ့သူလား အမေးခံရဖူးတယ်။ ဒီရောက်တော့လည်း အသားအရေ လည်း ရေခဲမရိုက်သေးတာရယ် 😛 နည်းနည်းလေး အေးတာကို မခံနိုင်တာရယ်၊ နေရာတကာ ဓာတ်ပုံရိုက်တတ်တာရယ်ကြောင့် ကမ်ဘာလှည့်ခရီးသည် (tourist)လို့ အထင်ခံနေရပါတယ်။ 😛

အဲလိုမျိုး မိသားစု အမှတ်တရ အချိန်လေးတွေကို အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ထားတတ်တော့ အမှတ်တရ အဖြစ် ရှိနေတာကို နှစ်သက်မိပါတယ်။

 casino ကစားနေကြတာပါ။ ဓာတ်ပုံက ရိုက်လို့ ရပါတယ်။ (နောက်ဆက်တွဲ ရှုပ်လာမှာ စိုးလို့ ဘလော့ပေါ် စတင်ကတည်းက တချို့နေရာတွေမှာ လူပုံ သိပ်မသဲကွဲတာတွေပဲ တင်တတ်ပါတယ်)
 ရေကန်လေးရှေ့ သားအမိ ၃ယောက် အကြွေ့စေ့ ပစ်ပီး ဆုတောင်းနေကြတာပါ။
 ဒီမှာတော့ ရေကန်တွေမှာ အကြွေစေ့လေးတွေ ပစ်ပီး ဆုတောင်းတတ်ကြပါတယ်။ Mohegan မှာလည်း ရေကန်မှန်သမျှ အကြွေစေ့တွေချည်းပဲ။ အဲလိုမျိုး အကြွေစေ့ ပစ်ပီး ဆုတောင်းရတာကို။ သားသား နဲ့ သမီးကတော့ သဘောကျ မဆုံးဘူးပေါ့။ ငယ်ငယ်တုန်းကလည်း ရွှေတိဂုံဘုရား၊ ဆူးလေးဘုရား၊ ဗိုလ်တထောင်ဘုရားမှစ ဘုရားတိုင်းမှာ လည်နေတဲ့ ငွေဖလားထဲကို အကြွေစေ့ပစ်ပီး အဓိဌာန်ပြုဆုတောင်းတာ မှတ်မိပါသေးတယ်။ စာမေးပွဲ အောင်ပါစေ ဆုတောင်း အဓိဌာန်ပြုပီး အကြွေစေ့ကို စာမေးပွဲ အောင်ပါစေ စာကပ်ထားတဲ့ ငွေဖလားကို ၀င်အောင် ပစ်ခဲ့ဖူးတာ ကို ပြန်မှတ်မိပါသေးတယ်။
 
ရေကန်ထဲ ဆုတောင်းပီး ပစ်ကြတဲ့ အကြွေစေ့လေးများ


 

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s