Posted in Myanmar - Blazon, Myanmar - Home

Blazon

2009 , April 08 ရက်နေ့မှာ Yangon, Blazon Shopping Mall မှာ သင်္ကြန် မတိုင်ခင် သင်္ကြန်ဈေးရောင်းပွဲတော် ကျင်းပရင်း ကလေးတွေအတွက် ရေကစားဖို့ လုပ်ပေးထားတာ။ နွေရာသီ အိမ်မှာ ကစားဖို့ ရောင်းတဲ့ ရေကူးကန် သေးသေးလေးတွေ နဲ့ လုပ်ပေးထားတာ။ ၀င်ကြေး ၁၀၀၀ ကျပ်လားပဲ။ သမီး နဲ့ သားကတော့ ပျော်ပေါ့။ တော်တော်သဘောကျနေတာ။ အိမ်မှာ အမြင့် ၂ပေ။ အကျယ် ၃ ပေ ကစားစရာ ပလပ်စတစ် ရေကူးကန် ရှိပေမယ့် ဒီလိုမျိုး လူအများနဲ့ ရေဆော့ရတာကျတော့ ကလေးသဘာဝ ပိုပျော်တတ်တယ်လေ။ 
အိမ်က အထွက်မှာ သားသားလေး အိပ်ရာထခါစမို့ ကျီကျနေတာ။ သားသားက ၁ နှစ်ကျော်ပဲ ရှိသေးတယ်။

အောက်ထပ်ကို ဆင်းခါနီး သားသားကို တွန်းလှည်းထဲ ထည့်ထိုင်ခိုင်းနေတာ။ ဒီတွန်းလှည်းက တော်တော် အသုံးဝင်တယ်။ အောက်ထပ်ကို ဓာတ်လှေကားနဲ့ ဆင်းတဲ့အခါမှာ သားသားကို ဒီတွန်းလှည်းမှာ ထိုင်ပီး တွန်းလိုက်တယ်။ မာမီက သားသားကို ချီထားစရာမလိုဘူး။
တခါတရံ ဈေးဝယ်လာတဲ့ အထုပ်တွေကို တွန်းလှည်းမှာ ရှိတဲ့ ချိတ်တွေမှာ ချိတ်လိုက်တယ်။ ကလေး တဖက်နဲ့ပေမယ့် ဘာမှ မပင်ပန်းဘူး။ ပေါ့ပေါ့ပါးပါးပဲ။ စီးတီးမတ်က ဈေးဝယ်အထုပ်တွေရယ်၊ ကလေးရယ်ကို ဒီအတိုင်း တွန်းလိုက်ရုံပဲ။ အိမ်ပေါ် အတက်အဆင်းက ဓာတ်လှေကားနဲ့မို့လို့ အဆင်ပြေတာလည်း ပါတယ်။ 
ဒီတွန်းလှည်းနဲ့ escalator လည်း တက်လို့ ရသေးတယ်။  အဆင်း၊ အတက်ကိုတော့ ကလေးကို ခါးပတ် ပတ်ထားပေးရတယ်။

သားသားကို မမ က ချော့နေတာလေ။ 

ရောက်ပါပီ။ blzaon ကို ကျား ၂ကောင် ရေလာကစားကြပါပီ။

ဒါက ရေဘောလုံး လျှော။ သူ့က ရေပိုက်နဲ့ သူ့ကို ပက်ပေးမှ သူ့က စီးလိုက်ရင် လျှောတယ်။ ဒီအတိုင်းဆို လျှောတော့ လျှောတယ်။ စီးလို့ မကောင်းဘူး။ ကောင်လေးတယောက် ရေပက်ဖျန်းပေးတယ်။ အဲဒီလျှောကို။  သားသားကိုလည်း အဲဒီကစားကွင်းထဲက ၀န်ထမ်းကပဲ ထိန်းပေးပီး တူတူဆော့ပေးတယ်။ အဆင်ပြေတယ်။

လျှောစီးပီး ဆင်းလာတဲ့ ကောင်းစေ။

ပင်လယ်ဒမြ သဘောင်္တို့ အစုံပဲ။ ရေဘောလုံးတွေက။ အမျိုးကို စုံနေတာပဲ။

ဒါက ရင်ခွင်ပိုက် ကလေးတွေ ရေလည်း ဆော့၊ လျှောလည်းစီးဖို့ လျှောသေးသေးလေး နဲ့ ရေကူးကန်သေးသေးလေး။ သူတို့က သီးသန့်ပေါ့။ ဒါမှ ဟိုဘက်က ကိုကို ၊ မမ တွေ လွတ်လွတ်လပ်လပ်ကစားလို့ ရတာပေါ့။ နို့မို့ရင် သူတို့ကို ၀င်တိုက်မိနေမှာလေ။

ဒီ အုန်းပင်တွေ အလယ်က ရေကူးကန်ကတော့ ပျော်စရာကြီး။ အဲဒီ ရေ ကူးကန်က ၂သောင်းပတ်ဝန်းကျင်ပဲ။ အိမ်မှာ ၀ယ်ထားတဲ့  အမြင့် ၂ပေ အကျယ် ၃ပေကျော်က ၃သောင်း။

သားသား အိမ်က ရေကူးကန် သေးသေးလေးထဲ ဆော့နေတာ။
အခု US မှာ ကလေးတွေအတွက် နွေရာသီ ၀ယ်ပေးဖို့ ကြည့်နေတာ။ ဒီမှာက အစားစားပဲ US$ 20 ~ 50 အထိ ရှိတယ်။ အဲဒါကို လေမှုတ်တဲ့ ဟာ သပ်သပ်ရှိတယ်။ တရုတ်က လာတာ။ ဘယ်လောက်မှ မရှိဘူး။ ၅၀၀ ကျော်ပဲ။ မဂိုလမ်းက ကလေး ကစားစရာ အရောင်းဆိုင်မှာ ၀ယ်လို့ ရတယ်။  လေမှုတ်တဲ့ အပေါက်နဲ့ အဲဒီ လေမှုတ်တဲ့ (Foot Pump) ကိရိယာကို တပ်ဆင်လိုက်။ ပီးရင် လက်နဲ့ ဖြစ်ဖြစ် ခြေထောက်နဲ့ဖြစ်ဖြစ် ဖိပေးလိုက်ရုံပဲ။ ဒီမှာတော့ US$5 +/-

 credit : google image (Foot Pump)

ရေတွေဆော့ရင်း ဘောလုံးလည်း ကန်လို့ ရသေးတယ်။

သားသားကတော့ ဆော့တဲ့ ငါးအရုပ်တို့ တူတို့ ကိုင်ရင်း ဆော့နေတာ။

ရေဆော့ရင်း ဘက်စကတ်ဘောလည်း ဆော့လို့ ရသေးတယ်။

ဒီ ရေကစားကွင်းက blazon shopping mall ကို ဈေးလာဝယ်ရင် ကားတွေ ရပ်တဲ့ ကားရပ်နားကွင်းထဲမှာ လုပ်ထားတား။ ကလေး အကျီတွေ ရောင်းတဲ့ ဆိုင်ရှေ့မှာပေါ့။ ကြမ်းပြင်မှာ ရာဘာပြားတွေ ခင်ပီး ရေကူးကန်တွေ တင်ထားတာမို့ ရေကူးကန်တွေ ပေါက်မှာလည်း မပူရသလို ခလေးတွေလည်း ရေဆော့ရတာ သက်တောင့်သက်သာရှိတယ်။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s