Posted in Singapore - Suntec City

Suntec City

ဒယ်ဒီ နဲ့ သမီးလေး (အိပ်ချင်နေပီလေ ၅ နှစ်သမီးလေးက) ဒီနေ့ လမ်းတွေလည်း လျှောက်ရတော့ ပင်ပန်းနေပီပေါ့နော်။

မာမီ နဲ့ သမီးလေး

ဒယ်ဒီရေ … ဓာတ်ပုံရိုက်မယ်။ လှမ်းကြည့်ပါအုံး။

အကျီ ဖက်ရှင်ဆိုင်ရှေ့မှာ အမှတ်တရ


Suntec City Mall – မာမီတို့ သွားလည်ခဲ့ကြတဲ့နှစ်က ၂၀၀၇ ခုနှစ် ဇန်န၀ါရီလကနေ မတ်လထိပါ။ အဲဒီတုန်းက သွားလည်ခဲ့တဲ့ အမှတ်တရ အချိန်လေးတွေကို အင်တာနက် စာမျက်နှာမှာ အမှတ်တရ မှတ်တမ်းတင်ထားတာပါ။

http://www.sunteccity.com.sg/

ဂိမ်းဆိုင်မှာလေ။ ဂိမ်းတွေ ဆော့တာ ဈေးကြီးတယ်။ ရန်ကုန်က ဂိမ်းဆိုင်မှာ ဂိမ်းအားလုံး ဆော့လို့ရတဲ့ ပိုက်ဆံက စင်ကာပူက ဂိမ်းဆိုင်မှာ တကြိမ်ဆော့လောက်ပဲ ရှိတယ် 😦

2007 ခုနှစ်ကဆို ရန်ကုန်မှာ ဂိမ်းတစ်ခါ ဆော့ရင် 1 coin ကို ၅၀ ကျပ် လေ။ ၂၀၁၀ ကျတော့ တချို့ ဂိမ်းဆိုင်မှာ ၁၀၀ ကျပ်။ အနည်းငယ်သော ဂိမ်းဆိုင်မှာ ဆိုရင် 1 coin ကို ၂၀၀ ကျပ်။

၂၀၀၇ လောက်က ဆိုရင် သမီးကို ဂိမ်း တစ်ခါ ဆော့ရင် ၁၀၀၀ ကျပ် ဖိုးဆို တော်တော် ကို ဆော့ယူရတာ။ စင်ကာပူမှာတော့ 1 coin ကို ၁ ဒေါ်လာ။
အဲဒီ အချိန်တုန်းက စင်ကာပူ တစ်ဒေါ်လာက မြန်မာငွေ ၈၃၀ ကျပ် ပတ်ဝန်းကျင်မှာ ရှိတယ်။

ဒေါ်လာက exchange rate 1.4 SGD . အချိန်တွေက အကုန်မြန်လိုက်တာနော်။ နှစ်နဲ့ချီပီးတော့သာ ကြာသွားတယ်။ မနေ့တစ်နေ့ကလိုပဲ။ အမေရိကားဘဏ်မှာ ရှိတဲ့ ဒယ်ဒီ ပိုက်ဆံတွေကို စင်ကာပူက စက်ထဲကနေ ကတ်ကလေးနဲ့ ထုတ်နေတာ ပြန်မြင်ယောင်နေမိတယ်။

စင်ကာပူကို မာမီတို့ သားအမိတွေ သဘောကျတဲ့အထဲမှာ အဲဒီ တစ်ခုလည်း ပါသေးတယ်။ ကတ်နဲ့ ပိုက်ဆံ အသွင်း၊ အထုတ်ရတာတို့။ ဘဏ်ကို တကူးတက သွားစရာ မလိုဘူး။  ကိုကာကိုလာဗူးတို့ ကော်ဖီဗူးတို့ကို ဘက်စ်စကားဂိတ်တိုင်းမှာ ပိုက်ဆံ အကြွေစေ့လေး ထည့်ပီး ထုတ်လို့ ရတာလည်း သဘောကျတယ်။


ဒိုရာမန် အရုပ်လေးလေ။

ဖေဖော်ဝါရီ လဆန်း ၂၀၀၇ ။ တရုတ်နှစ်သစ်ကူးပွဲတော်ကာလ နီးပီးဆိုတော့ Mall မှာ Chinese New Year decoration တွေနဲ့ အမှတ်တရ။

အရုပ်ဆိုင်ရှေ့မှာ

သွားတာကတော့ ကုမ္ပဏီက Suntec City မှာ ကျင်းပတဲ့ ခရီးသွားကုမ္ပဏီ ပြပွဲထဲမှာ ပါတယ်။ အဲဒါ ပွဲ မစခင် အဲဒီ ပြခန်း အခင်းအကျင်းကို သွားကြည့်တာပါ။ အဲဒီ အခန်းကို ဘယ်လို သွားရမလဲး ဆိုတာ ဒယ်ဒီ မြေပုံကြည့်ပီး ရှာနေတာပါ။

From Google Picture :

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s